လူတစ်ယောက်က ချစ်သူထားတဲ့အချိန် အဆင်ပြေတဲ့ အချစ်ရေးကိုပိုင်ဆိုင်ချင်သူတွေချည်းပါပဲ။ သင့်အနေနဲ့ ပျော်ဖို့ကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို လိုက်နာသင့်ပါတယ်။

၁။ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ရှိပါ

အချစ်ရေးတစ်ခု အဆင်ပြေနေစေဖို့ ပထမဆုံး အဆင့်ကတော့ ပွင့်လင်းပြီး ရိုးသားမှုရှိခြင်းပါ။ အချင်းချင်း တလေးတစားနဲ့ ကိုယ့်ခံစားချက်၊ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်သင့်ပါတယ်။

၂။ တစ်ယောက်နဲ့တစ်ယောက် အားပေးပါ

သူ့အိပ်မက် ကိုယ့်အိပ်မက်တွေကို ပံ့ပိုးအားပေးသင့်ပါတယ်။ နှစ်ယောက်လုံးက ဘဝအတွက် ကြိုးစားနေသူတွေဖြစ်သင့်ပြီး အချင်းချင်း တတ်နိုင်သလောက် ပံ့ပိုးပေးသင့်ပါတယ်။

၃။ ပျော်ပျော်နေပြီး ကြူပေးပါ

အတူတူ တပျော်တပါး လုပ်နိုင်တဲ့အလုပ်တွေကို လုပ်ဆောင်ကြည့်သင့်ပါတယ်။ သူနဲ့ကိုယ် စစချင်း ဆုံတုန်းကလို အချင်းချင်း အီစီကလီလေးတွေ မကြာခဏ လုပ်ပေးသင့်ပါတယ်။

၄။ အသစ်အသစ်တွေ ဆန်းလုပ်ကြည့်ပါ

နှစ်ယောက်အတူတူ တစ်ခုခုကို စွန့်စားလုပ်ကြည့်တာ၊ မလုပ်ဖူးတဲ့အရာတစ်ခုကို လုပ်ကြည့်တာ စသဖြင့် အသစ်အသစ်တွေကို တူနှစ်ကိုယ် လုပ်ကြည့်သင့်ပါတယ်။

၅။ သူ့အတွက် ကိုယ့်အတွက် သီးသန့်နေရာပေးပါ

နှစ်ယောက်ခွဲပြီး အလုပ်လုပ်မှ သူ့ပန်းတိုင် ပြည့်မြောက်မယ်ဆိုရင် ဒီအရာကို နားလည်ပေးပြီး အကောင်းဆုံး ဖြတ်သန်းသင့်ပါတယ်။ ဒီလိုခွဲခွာတယ်ဆိုတာက တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်ကြောင်း သက်သေပြခြင်းပါပဲ။ သူ့ဘဝအတွက် ကြိုးစားဖို့ အခွင့်အရေးပေးသင့်သလို ကိုယ့်အတွက်လည်း ဒီသဘောတရားအတူတူရှိသင့်ပါတယ်။

၆။ ကိုယ့်ခံစားချက်တွေကို ရင်ဖွင့်ဖို့ အားမနာပါနဲ့

ယောကျာ်းလေးအများစုက သူတို့ခံစားချက်တွေကိုရင်မဖွင့်တတ်ကြပါဘူး။ ဒီလိုအချိန် သူတို့ရင်ဖွင့်လာအောင် လမ်းဖောက်ပေးသင့်ပါတယ်။ ကိုယ်ခံစားချက်၊ သူ့ခံစားချက်တွေကို ဖလှယ်သင့်ပါတယ်။

၇။ ပဋိပက္ခတွေကို အတူဖြေရှင်းပါ

သူနဲ့ ကတောက်ကဆ ဖြစ်တဲ့အချိန်မှာ သူ့သဘောထား ကိုယ့်သဘောထားကို တစ်လှည့်စီ နားထောင်ပြီး ပြောသင့်ပါတယ်။ ဒီလိုပြောပြီးတာနဲ့ ဘယ်လိုဖြေရှင်းရမလဲ စဉ်းစားသင့်ပါတယ်။

၈။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု

တစ်ယောက်ရဲ့ ကိုယ်အမူအရာတွေ၊ ဘဝနေထိုင်ပုံတွေကို တစ်ယောက်က နားလည်ပြီး အချင်းချင်း နားလည်ဖေးမသင့်ပါတယ်။

ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် သင့်အချစ်ရေးက Perfect မဟုတ်ရင်တောင် ပျော်စရာ အချစ်ရေးဖြစ်လာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar