အိပ်မပျော်လို့ စိတ်ညစ်နေရတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ကူညီပေးနိုင်တဲ့ အိန္ဒိယယောဂကျင့်စဉ် ၈ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အိပ်ခါနီး ၂ နာရီ၊ ၃ နာရီလောက်အလိုမှာ လုပ်ပေးရင် အကောင်းဆုံးပါပဲ။

ကျောနဲ့ခေါင်းကို ပုံမှာပြထားတဲ့အတိုင်းမှီပြီး ဒူးကွေးကာ ခြေဖဝါးနှစ်ဖက်ကို စုထားပါ။ လက်နှစ်ဖက်ကိုတော့ ဘေးမှာချထားပြီး မျက်စိမှိတ်ကာ အသက်ရှူသွင်းရှူထုတ် ပုံမှန်လုပ်နေပါ။ အဲ့အနေအထားနဲ့ ၁၀ မိနစ်လောက် နေပေးရပါမယ်။

ဒီယောဂကျင့်စဉ်ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ကူညီပေးနိုင်တဲ့အပြင် သွေးလည်ပတ်မှုကောင်းမွန်စေပြီး ခေါင်းကိုက်တာလည်း သက်သာစေပါတယ်။

မတ်တပ်ရပ်ပြီး အရှေ့ကို ကုန်းနိုင်သလောက်ကုန်ပြီး လက်ကိုဆန့်ထားပါ။ လက်ဖဝါးကို ကြမ်းနဲ့ထိနိုင်အောင် လုပ်ပေးပါ။ အဲ့အနေအထားနဲ့ စက္ကန့် ၃၀ ကနေ ၂ မိနစ်အထိ ကိုယ်နေနိုင်သလောက် နေပေးပါ။

ဒီယောဂကျင့်စဉ်ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ကူညီပေးနိုင်တဲ့အပြင် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ဗိုက်အဆီလည်းကျစေပါတယ်။

ခြေထောက်တစ်ဖက်က အနောက်ကိုဆန့်ထားပြီး ခြေထောက်တစ်ဖက်က အရှေ့ကို ဒူးကွေးထားပါ။ လက်ကိုလည်း လက်သီးဆုပ်ထားပြီး ပုံမှာပြထားတဲ့အတိုင်း ထားပေးပါ။ အဲ့အနေအထားနဲ့ အသက်ကို ခပ်ပြင်းပြင်းရှူသွင်းရှူထုတ် ၁၀ ကြိမ်လုပ်ပေးပါ။ ပြီးရင် ခြေထောက်ကို ဘယ်ညာပြောင်းပြီး ထပ်လုပ်ပေးပါ။

လှဲပြီးတော့ လက်နှစ်ဖက်ကို ဘေးချထားပါ။ ခြေထောက်နှစ်ဖက်ကိုစုပြီး အပေါ်ကို ၉၀ ဒီဂရီ မြှောက်ထားရပါမယ်။ အဲ့အနေအထားနဲ့ ၃ မိနစ်နေပေးရပါမယ်။

ဒီယောဂကျင့်စဉ်ကတော့ ခြေထောက်ကိုဆန့်ပြီး နဖူးနဲ့ဒူးနဲ့ ထိအောင်လုပ်ပေးရမှာပါ။ လက်ဖဝါးနှစ်ဖက်က ခြေဖဝါးကို ကိုင်ထားပါ။ အဲ့အတိုင်း ကိုယ်အဆင်ပြေသလောက်၊ နေနိုင်သလောက် နေပေးရုံပါပဲ။

ဒီယောဂကျင့်စဉ်က အလွယ်ဆုံးပါပဲ။ လှဲပြီး ခြေထောက်နှစ်ဖက်ကိုကား၊ လက်နှစ်ဖက်ကိုကားထားပါ။ မျက်စိမှိတ်ပြီး အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ အဲ့အတိုင်း ၁၀ မိနစ်လောက် နေပေးရပါမယ်။

လှဲအိပ်ပြီး တစ်စောင်းအနေအထားနဲ့ ဒူးနှစ်ဖက်ကို ကွေးထားပါ။ လက်နှစ်ဖက်ကိုဆန့်ပြီး ခါးကိုလိမ်ကာ ခေါင်းက တစ်ဖက်ကို လှည့်နေပေးပါ။ အဲ့အနေအထားနဲ့ စက္ကန့် ၃၀ ကနေ ၁ မိနစ်အထိ နေပေးပါ။ ပြီးရင်တော့ နောက်တစ်ဖက်ကိုပြောင်းပြီး ဘယ်ညာတစ်လှည့်စီ ထပ်လုပ်ပေးပါ။

နောက်ဆုံးယောဂကျင့်စဉ်ကတော့ ပုံမှာပြထားတဲ့အတိုင်း သေချာထိုင်ပေးပါ။ လက်နှစ်ဖက်ကလည်း လက်အုပ်ချီထားရပါမယ်။ မျက်စိမှိတ်ပြီး အသက်ကို ရှူသွင်းရှူထုတ် လုပ်ပေးပါ။ အဲ့အတိုင်း စက္ကန့် ၃၀ ကနေ ၁ မိနစ်အထိ ကိုယ်အဆင်ပြေသလောက် နေပေးရင်ရပါပြီ။

source:www.brightside.me