ပန်းတိုင်တိတိကျကျထားရှိခြင်းက ကိုယ်ဖြစ်ချင်တဲ့အရာကို အမှန်တကယ်ရောက်အောင် ကူညီပေးနိုင်ပါတယ်။ လူတိုင်း ကြိုးစားရင် အောင်မြင်နိုင်ပါတယ်။ သင်အောင်မြင်ဖို့အတွက် ထားရှိသင့်တဲ့ ပန်းတိုင်တွေကတော့-

၁။ ငါချစ်တဲ့အလုပ်ကို လုပ်နိုင်ရမယ်

တစ်ခါတလေ သင်သဘောကျတဲ့အလုပ်ကို သင့်မိဘတွေ သင့်အသိုင်းအဝိုင်းတွေက လက်မခံနိုင်တာရှိမှာပါ။ ဒါပေမဲ့ ဒီအတားအဆီးတွေကြောင့် မျှှော်လင့်ချက်ပျောက်ဆုံးတာမျိုး မဖြစ်ပါစေနဲ့။ သင့်အတွက် အမှန်တကယ်ရှိနေမယ့်သူက သင်ကိုယ်တိုင်ပါပဲ။ ဒါကြောင့် တစ်နေ့ ငါချစ်တဲ့အလုပ်ကို လုပ်နိုင်ရမယ်ဆိုတဲ့ ပန်းတိုင်ထားပါ။

၂။ ငါ့ပုံစံနဲ့ ငါနေမယ်

လူတွေက သင့်ကို ဘယ်လောက်ထိပဲ တိုက်ခိုုက်နေပါစေ သင့်ရဲ့ စစ်မှန်တဲ့ပုံရိပ် မပျောက်ဆုံးသွားပါစေနဲ့။ တခြားလူတွေရဲ့ အရောင်ဆိုးခြင်းကို လက်မခံပါနဲ့။ ကိုယ်ပိုင်ခံယူချက် ကိုယ်ပိုင်အတွေးနဲ့ နေထိုင်ပါ။ အခြားလူတွေနဲ့ ကိုယ့်ကိုကိုယ် မနှိုင်းယှဉ်ပါနဲ့။

၃။ အခြားလူတွေ အတုယူရမယ့်လူဖြစ်စေရမယ်

သင်က လူတစ်ယောက်အတွက် စံပြဖြစ်နေမယ်ဆိုရင် ဒီအရာက မယုံနိုင်လောက်အောင် ဂုဏ်ယူဖို့ကောင်းပါတယ်။ သင်သိသမျှှကို အခြားသူတွေဆီ မျှဝေပေးပါ။

၄။ ငါ့အတွက်ငါ အလုပ်လုပ်နိုင်ရမယ်

ကိုယ့်ကိုယိကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။ ကြိုးစားမှုတွေတိုင်းမှာ ရလဒ်တစ်ခု ထွက်လာဖို့ အချိန်ပေးရပါတယ်။ ဒါကြောင့် စိတ်ရှည်ပေးပါ။

၅။ အခွင့်အရေးတိုင်းကို ဖမ်းဆုပ်နိုင်ရမယ်

စွန့်စားရတာ၊ အခွင့်အရေးတွေကို လက်လွှတ်ရမလား ဖမ်းဆုပ်ရမလား စဉ်းစားရတာက ခက်ခဲပါတယ်။ ဒါပေမဲ့ ရလာတဲ့အခွင့်အရေးကိုတော့ ဖမ်းယူပြီး အတွေ့အကြုံသစ်တွေ ပိုင်ဆိုင်လာအောင် ကြိုးစားပါ။

၆။ ငါပြောင်းလဲနိုင်ရမယ်

ဘဝဆိုတာ တိုတိုလေးပါ။ ဒီတိုတောင်းတဲ့ဘဝမှာ တစ်ခုခု ပြောင်းလဲသွားအောင် သင်မလုပ်ချင်ဘူးလား။

၇။ ဖူးစာရှင်နဲ့ တွေ့ဆုံနိုင်ရမယ်

သင့်ဘဝရဲ့ ဖူးစာရှင်အစစ်အမှန်ဆိုတာက သင့်အိပ်မက်တွေဖြစ်လာအောင် ပံ့ပိုးပေးသူ၊ သင့်ကို ပျော်ရွှင်အောင်ထားသူပါ။ ဒီလိုလူမျိုးနဲ့ ဆုံစည်းနိုင်အောင် ကြိုးစားပါ။

၈။ ငါ့အိပ်မက်ထဲက အိမ်ပုံစံလေး ဆောက်နိုင်ရမယ်

သင်နေချင်တဲ့ အိမ်ပုံစံလေးရှိမှာပါ။ ဒီအိမ်ပုံစံကို တစ်နေ့ ပိုင်ဆိုင်နိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်ထားပါ။

သင့်ပန်းတိုင်တွေကကော ဘာတွေများလဲ။ Comment ပေးခဲ့ပါဦး။

Source: Allwomen’stalk

By MyStyle Myanmar