အမျိုးသမီးတိုင်း လှပတင့်တယ်တဲ့ Dress ဝတ်စုံလေးကို မြတ်နိုးကြပါတယ်နော်။ ပုံစံအမျိုးမျိုးနဲ့ Dress ဝတ်စုံလေးတွေ ရှိတဲ့ထဲက စာဖတ်သူတို့ မိန်းကလေးတွေ ပိုင်ဆိုင်ထားသင့်တဲ့ ဝတ်စုံ ၁၀ မျိုးကို မျှဝေပေးချင်ပါတယ်။

၁။ အနက်ရောင် Dress ဝတ်စုံ

အနက်ရောင်ဖက်ရှင်ဟာ ရိုးမသွားတဲ့ ဖက်ရှင်တစ်ခုပါ။ ပိန်ပိန်၀၀ သင့်ကို လှပတင့်တယ်စေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မိန်းကလေးတိုင်း ကိုယ်နဲ့ Fitting ကျတဲ့ အနက်ရောင် Dress ဝတ်စုံလေးတစ်စုံတော့ ပိုင်ဆိုင်ထားသင့်ပါတယ်။

၂။ အနီရောင် Dress ဝတ်စုံ

အနက်ရောင် Dress ဝတ်စုံနဲ့မတူဘဲ အနီရောင် Dress လေးကတော့ သင့်ကိုလူကြားထဲမှာလည်း ထင်းခနဲ့ မှတ်မိနေစေမှာပါ။ ဝတ်စုံအနီရောင်လေးနဲ့ဆို သင်ဟာ စွဲဆောင်မှုအပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

၃။ Dress ဝတ်စုံရှည်ရှည်။

Dress ဝတ်စုံရှည်ရှည်တွေဟာ သင့်ကို အရပ်ရှည်သယောင်ဖြစ်စေပြီး မိန်းကလေးတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ ဝတ်စုံမျိုးပါ။ ပိန်ပိန်၀၀ အဆင်ပြေလို့ ဒီလို dress ဝတ်စုံလေးကိုလည်း ပိုင်ဆိုင်ထားသင့်ပါတယ်။

၄။ လည်ပင်းကျယ်တဲ့ ဝတ်စုံတွေ။

သင့်ကို ပိုပြီး မိန်းမဆန်စေတဲ့ လည်ပင်းကျယ်ကျယ် ဝတ်စုံလေးကိုလည်း အမျိုးသမီးတွေ ပိုင်ဆိုင်ထားသင့်ပါတယ်။ သွားလေရာမှာ လှပသင့်တယ်စေတဲ့ ဒီလိုဝတ်စုံလေးတွေဟာ လူတိုင်းနဲ့ စတိုလ်ကျနေမှာပါ။

၅။ A ပုံစံ ဝတ်စုံလေးတွေ။

အပေါ်ပိုင်းသေးပြီး အောက်ပိုင်းဂါဝန်ကားကားလေးဖြစ်နေတဲ့ A ပုံစံ ဝတ်စုံလေးတွေကိုလည်း စာဖတ်သူတို့ ပိုင်ဆိုငထားသင့်ပါတယ်နော်။

၆။ ရှပ် Dress ဝတ်စုံလေးတွေ။

အပေါ်အောက်တွဲလျက် ရှပ်အင်္ကျ ီ အရှည်လေးတွေဟာလည်း သင့်ကို ပိုပြီး စွဲဆောင်မှုပိုစေမှာပါ။

၇။ အဖြူရောင် ဇာဝတ်စုံတွေ။

ဇာပုံပါတဲ့ အဖြူရောင်ဝတ်စုံတွေဟာ သင့်ကို နတ်သမီးတစ်ပါးလို လှပစေမှာပါ။ မိန်းမဆန်ပြီး လှပတင့်တယ်စေတဲ့ အဖြူရောင်ဇာဝတ်စုံတွေကို စာဖတ်သူတို့ ပိုင်ဆိုငထားသင့်ပါတယ်။

၈။ ထသွားထလာ အဆင်ပြေတဲ့ ဝတ်စုံလေးတွေ။

ထသွားထလာမှာ သင့်ကို သက်သောင့်သက်သာဖြစ်စေပြီး ရိုးရှင်တဲ့ ဝတ်စုံလေးတွေကို ပိုင်ဆိုင်ထားသင့်ပါတယ်။ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်ရင်ပဲဖြစ်ဖြစ် သင့်ကို စတိုင်လ်ကျလှပစေမှာပါ။