မင်္ဂလာပါ။ သင်က သီချင်းမြူးမြူးလေးတွေကြားတိုင်း စီးချက်နဲ့အညီလိုက်ကရတာကြိုက်တဲ့သူဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲနော်။ ပုံမှန်လေ့ကျင့်ခန်းတွေလိုပဲ က တာကလည်း တစ်ကိုယ်လုံး လှုပ်ရှားရတာမို့ ကိုယ်တွင်းအဆီကို အနည်းနဲ့အများ လောင်ကျွမ်းစေပါတယ်။ သီချင်းနဲ့အတူ လိုက်ကရင်း လေ့ကျင့်ခန်းလုပ်ရတာက စိတ်ပိုတက်ကြွပြီး ပျော်စရာလည်းကောင်းတာမို့ ကကွက်တွေလိုက်လုပ်ရင်း ပင်ပန်းနေတာတောင် မေ့သွားစေမှာပါ။ ဒီတော့ လိုက်ကရင်း Workout လုပ်မယ့်သူတွေအတွက် Fun ဖြစ်သလို ချွေးများများထွက်စေမယ့် အကလေ့ကျင့်ခန်းဗီဒီယိုတွေကို ဖော်ပြပေးလိုက်ပါတယ်။

MadFit

 

၂၀၀၀ ခုနှစ်တွေဆီက ကျော်ကြားခဲ့တဲ့သီချင်းတွေနဲ့ လိုက်က ချင်ရင်တော့ MadFit ရဲ့ ဒီ ၁၅ မိနစ်စာ ဗီဒီယိုလေးကို လိုက်လုပ်ကြည့်ပါ။ ၁၅ မိနစ်တည်းမို့ အချိန်မရွေးလုပ်လို့ရပါတယ်။

Zumba Class

 

Zumba အက ကတာကလည်း ကကွက်လေးတွေလွယ်သလို အဖွဲ့နဲ့အတူကမယ်ဆိုရင် ပျော်ဖို့အရမ်းကောင်းပါတယ်။ ဒီ Zumba Video လေးက သင့်ရဲ့ ချရခက်တဲ့ ဗိုက်အဆီတွေကို လောင်ကျွမ်းစေမှာပါ။

Pamela Reif

 

နောက်ထပ်လိုက်က ဖို့လွယ်တဲ့ ဗီဒီယိုလေးဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ပိုင်းမှာ ထွက်ခဲ့သီချင်းတွေနဲ့ အရမ်းမခက်တဲ့ ကကွက်လေးတွေပေါင်းစပ်ထားတာကို တွေ့ရမှာပါ။

The Fitness Marshall

 

Kpop ကြိုက်တယ်ဆိုရင်တော့ နာမည်ကြီး BLACKPINK အဖွဲ့ရဲ့ “How You Like That” သီချင်း မြူးမြူးလေးနဲ့ က ထားတဲ့ ဒီဗီဒီယိုက သင့်ကိုတက်တက်ကြွကြွနဲ့ ခဏအတွင်းချွေးထွက်ပြီး ပေါ့သွားစေမှာပါ။

Blogilates

 

TikTok မှာနာမည်ကြီးနေတဲ့ သီချင်းလေးတွေနဲ့ လိုက်ကရင်း လေ့ကျင့်ခန်းလုပ်ချင်ရင်တော့ ဒီဗီဒီယိုက ကွက်တိပါပဲ။

POPSUGAR Fitness

 

HipHop သီချင်းတွေနဲ့ Energy အပြည့်ထည့်ပြီး က ချင်ရင်တော့ ဒီဗီဒီယိုထဲကအတိုင်း လိုက်လုပ်နိုင်ပါတယ်။ ၃၀ မိနစ်ဖြစ်လို့ ပင်ပန်းပေမယ့် ကယ်လိုရီများများ လောင်ကျွမ်းချင်သူတွေအတွက် အဆင်ပြေပါတယ်။

Chloe Ting

နာမည်ကြီး Fitness Youtuber ဖြစ်တဲ့ Chloe Ting ရဲ့ ၁၀ မိနစ်စာ Dance Workout လေးကလည်း BTS အဖွဲ့ရဲ့ ကကွက်တွေနဲ့ပေါင်းစပ်ပြီး လုပ်ရတာဖြစ်လို့ Kpop နှစ်သက်တဲ့သူတွေအတွက် လိုက်လုပ်ရတာ ပျော်ဖို့ကောင်းမှာပါ။

Josh & Bamui

 

“Handclap” ဆိုတဲ့ သီချင်းမြူးမြူးလေးနဲ့ လိုက်က ရတဲ့ ဒီဗီဒီယိုလေးကလည်း ခန္ဓာကိုယ်ကို အရမ်းလှုပ်ရှားရတာမို့ ကယ်လိုရီများများလောင်ကျွမ်းစေပါတယ်။ ဒီ ၃ မိနစ်စာ ဗီဒီယိုကို တစ်နေ့ မိနစ် ၃၀ လောက် လိုက်ကမယ်ဆိုရင် နှစ်ပတ်အကြာမှာ ၁၅ ပေါင်အထိ ကျစေတယ်လို့ ကြည့်ရှုသူအချို့က ညွှန်းထားကြပါတယ်။

Source: Youtube

By MyStyle Myanmar