မင်္ဂလာပါ ပျိုမေတို့ရေ။ ဆံပင်အရင်းပိုင်းဖြောင့်ပေမယ့် အဖျားတွေမှာ လှိုင်းတွန့်လေးတွေလို ခပ်ပြေပြေ ကောက်ကြောင်းနဲ့ အထပ်လေးတွေပါဝင်တဲ့ လှိုင်းတွန့်ဆံသားမျိုးရှိတာက သင့်ကို ဆံပင်ထူပုံပေါက်စေပြီး မျက်နှာ Shape အမျိုးမျိုးနဲ့လည်း လိုက်ဖက်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ လှိုင်းတွန့်အကောက်ပုံစံကိုမှ ဆံပင်အတို၊ အရှည် စတိုင်မျိုးစုံ ပြောင်းထားကြည့်နိုင်မယ့် ဆံပင်စတိုင်နမူနာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခေတ်ဆန်တဲ့ အမိုက်စား ဆံပင်ကေလေးတွေဖြစ်တာမို့ လူငယ်ကောင်မလေးတွေနဲ့လည်း လိုက်ဖက်ပြီး ရိုးရိုး လှိုင်းတွန့်အကောက် ဆံပင်ရှည်ကို ပုံစံပြောင်းချင်တဲ့သူတွေအတွက်ပါ အဆင်ပြေစေမှာပါ။

၁။ Mid-Length Hair With Wispy Bangs

ဆံပင်အရမ်းမတိုချင်တဲ့သူတွေအနေနဲ့ လှိုင်းတွန့်ဆံပင်ကို ရှေ့ဆံမြိတ်ခပ်ဝဲ၀ဲလေးတွေနဲ့ တွဲညှပ်ထားလို့ရပါတယ်။ မျက်နှာလေးသွယ်ပြီး ငယ်ပုံပေါက်သွားစေမှာပါ။

၂။ Mid-Length Hair With Subtle Layers

ဆံကြောင်းမညီလို့ ဆံမြိတ်ထားဖို့အဆင်မပြေတဲ့သူတွေ၊ ရှုပ်လို့မထားချင်သူတွေကတော့ ပုံထဲကအတိုင်း ဘေးခွဲပြီး ရင်ဘတ်နားအတိ လှိုင်းတွန့်ဆံပင်မျိုးထားကြည့်ပါ။ တည်ငြိမ်ပြီး ကျက်သရေရှိတဲ့အလှကို ရစေပါလိမ့်မယ်။

၃။ Wavy Mullet

Mullet လို့ခေါ်တဲ့ဂုတ်ထောက်ဆံပင်အပါးလေးတွေက လူငယ်မိန်းကလေးတွေကြားအရမ်းခေတ်စားပါတယ်။ ဒီလို လှိုင်းတွန့်ဆံသားကိုမှ Mullet ကေညှပ်ထားတာကလည်း သင့်ကို တစ်မျိုးလေးဆန်းပြီး အထာကျစေမှာပါ။

၄။ Long Hair With Curtain Bangs

လှိုင်းတွန့်ပြေပြေလေးတွေပါတဲ့ ဆံပင်အရှည်ကို Curtain ဆံမြိတ်လေးတွေနဲ့ တွဲညှပ်ထားတာကလည်း ဆံပင်ပုံခဏခဏသွင်းစရာမလိုဘဲ ကြည့်ကောင်းစေမယ့် စတိုင်လေးဖြစ်ပြီး မျက်နှာကျလည်း ပိုပေါ်စေတာကြောင့် မျက်နှာဝိုင်းဝိုင်းလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။

၅။ Wavy Layered Hair

အထပ်ကေကို အကောက်ပြေပြေလေးတွေနဲ့တွဲပြီးညှပ်တာကလည်း ဆံပင်ထူပုံပေါက်ပြီး မိန်းကလေးတော်တော်များများနဲ့လည်း လိုက်ဖက်ပါတယ်။ Highlight သေးသေးလေးတွေ ဖောက်ဖို့အတွက်လည်း သင့်တော်တဲ့ပုံစံမျိုးပါ။

၆။ Bob With Wispy Bangs

ဆံပင်အတိုညှပ်ပြီး ဆံမြိတ်ပါထားချင်တဲ့သူတွေအနေနဲ့ ဒီလို ဂုတ်ထောက် အကောက်ပြေပြေလေးတွေညှပ်ပြီး ဆံမြိတ်လေးနဲ့ တွဲထားကြည့်ပါ။ အသည်းပုံမျက်နှာကျရှိသူတွေနဲ့ ဒီလို ဆံပင်ပုံစံလေးက ကွတ်တိပါပဲ။

၇။ Blunt Bob

မေးချွန်ချွန်မျက်နှာမျိုးတွေနဲ့ လိုက်ဖက်တဲ့ပုံစံလေးဖြစ်ပါတယ်။ ဂုတ်ဝဲဆံပင်ကို လှိုင်းတွန့်အကောက်ပြေပြေလေးတွေထည့်ထားတဲ့ ဒီစတိုင်လေးက ပေါ့ပါးသွက်လက်ပြီး ချစ်စရာကောင်းတဲ့ပုံစံလေးကိုရစေမှာပါ။

၈။ Bob With Curtain Bangs

လှိုင်းတွန့်ဂုတ်ထောက်ဆံပင်ကို Curtain ဆံမြိတ် ခပ်ဝဲ၀ဲလေးတွေနဲ့ ထားတာမျိုးကလည်း လူကြိုက်များတဲ့ ဆံပင်စတိုင်မျိုးဖြစ်ပြီး သင့်ကိုဆွဲဆောင်မှုရှိရှိနဲ့ အထာကျစေတဲ့အပြင် မျက်နှာလေးကိုပါ နုသွားစေပါလိမ့်မယ်။

Source: preview.ph, Pinterest