အခုဖော်ပြထားတဲ့ အမျိုးသမီး Idol တွေကတော့ ပျိုမေတိုင်း လိုချင်ကြတဲ့ တကယ့် Body Goals တွေကို ပိုင်ဆိုင်ထားသူတွေလို့ ကိုးရီးယား Netizens တွေက သတ်မှတ်ထားကြပါတယ်။ သူတို့ရဲ့ အချိုးကျတဲ့ ပခုံး၊ ခါးသေးသေးလေးနဲ့ ခြေတံရှည်ရှည်တို့ကြောင့် Body Goal လို့ သတ်မှတ်ခြင်း ခံရသူတွေဖြစ်ပါတယ်။ ဘယ် Idol တွေ ပါမလဲ ကြည့်လိုက်ရအောင်နော်-

၁။ Yuna (ITZY)

Yuna ရဲ့ ခါးသေးသေးလေးကို သင် သိမှာပါ။ သူမက Crop လေးတွေ ဝတ်လိုက်ရင် ကာတွန်း အရုပ်မ ဇာတ်ကောင်လိုပဲ ကြည့်လို့ကောင်းသူ ဖြစ်ပါတယ်။

၂။ Lisa (BLACKPINK)

Lisa ကတော့ သူမရဲ့ ရှည်လျားတဲ့ ခြေတံနဲ့အတူ သွယ်လျတဲ့ ခန္ဓာကိုယ်ကြောင့် ခန္ဓာကိုယ် လှပသူအဖြစ် သတ်မှတ်ခံရသူ ဖြစ်ပါတယ်။

၃။ Karina (aespa)

Karina က အရပ်ရှည်ပြီး ခန္ဓာကိုယ် သွယ်လျသူ ဖြစ်ကာ ကောက်ကြောင်း လှသူ တစ်ဦး ဖြစ်ပါတယ်။ သူမက အမျိုးသမီးတိုင်း အားကျရတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်သူပါ။

၄။ Momo (TWICE)

နှစ်ပေါင်းများစွာ ကခဲ့သူ ပီပီ သူမရဲ့ အချိုးအစားကျကာ ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ပရိတ်သတ်တွေ လျစ်လျူမရှုနိုင်ကြပါဘူး။

၅။ Jennie (BLACKPINK)

Jennie ရဲ့ ခန္ဓာကိုယ် လှလှလေးက စတိတ်စင်ပေါ်မှာ အမြဲ ထင်ပေါ်နေလေ့ရှိပါတယ်။ သင်ကိုယ်တိုင် Jennie ရဲ့ ခန္ဓာကိုယ်မျိုး လိုချင်ဖူးမှာပါ။

၆။ Seulgi (Red Velvet)

တိကျပြတ်သားတဲ့ ကြွက်သားမြှောင်းတွေ ရှိတဲ့ Seulgi က အကုန်ပိုင်ဆိုင်ထားသူလို့ ဆိုရမှာပါ။

၇။ Seolhyun (AOA)

ဝိတ်ကျအောင် ဝိတ်ချနိုင်ခဲ့တဲ့ စံပြ Idol တစ်ဦးဖြစ်ပြီး သွယ်လျကာ ကောက်ကြောင်း လှလွန်းတာကြောင့် Seolhyun က Body Goal ပါပဲ။

၈။ Rosé (BLACKPINK)

ခါးသေးတာကြောင့် မိန်းကလေးတိုင်း အားကျနေရသူကတော့ Rosé ပါပဲ။ သူမက အမြဲတမ်း ကိုယ်ရေစစ်နေသူ တစ်ဦး ဖြစ်ပါတယ်။

Photo Source: Pinterest

by MyStyle Myanmar