ကိုယ်အလေးအချိန်လျှော့ချချင်နေတဲ့သူတွေအတွက် အဆီတွေလောင်ကျွမ်းပြီး ဝိတ်ကျသွားစေမယ့် လေ့ကျင့်ခန်း ၈ ခုကို မျှဝေပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက Gym သွားစရာမလိုပဲ အိမ်မှာလုပ်နိုင်တာကြောင့် လူတိုင်းအတွက် အဆင်ပြေစေမှာပါ။

High knees

ပုံမှာလုပ်ပြထားတဲ့အတိုင်း ခုန်ခုန်ပြီးတော့ လုပ်ပေးရမှာပါ။ အဆီတွေ၊ ကယ်လိုရီတွေ လောင်ကျွမ်းစေတာကြောင့် ဝိတ်ကျစေပါတယ်။ အနည်းဆုံး ၁၀ ကြိမ်မှ အကြိမ် ၃၀ အထိ လုပ်ပေးနိုင်ပါတယ်။

Push-ups

ကိုယ်အလေးချိန်လျှော့ချဖို့ဆိုရင် Push-ups လေ့ကျင့်ခန်းကတော့ မပါမဖြစ်ပါပဲ။ အနည်းဆုံး ၁၅ ကြိမ်မှ အကြိမ် ၃၀ အထိ လုပ်ပေးပါ။ ရင်ဘတ်၊ ပခုံး၊ အူတိုင်ကြွက်သားတွေနဲ့ Triceps ကို အားကောင်းစေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကြံ့ခိုင်စေပါတယ်။ ဒါ့အပြင် ကယ်လိုရီလည်း အများကြီးလောင်ကျွမ်းစေပါတယ်။

Cycling

Cycling လေ့ကျင့်ခန်းက ခြေထောက်ကြွက်သားတွေကို သန်မာစေပြီး ခံနိုင်ရည်ကို မြှင့်တင်ပေးတဲ့ နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းတစ်ခုပါ။ ဒါ့အပြင် ကယ်လိုရီတွေကိုလည်း ထိရောက်စွာ လောင်ကျွမ်းစေပါတယ်။

Squats

Squats ထိုင်ပေးခြင်းက Body Shape ပိုလှလာစေပြီး ခန္ဓာကိုယ်အောက်ပိုင်းကို အားကောင်းစေဖို့အတွက်လည်း ထိရောက်မှုရှိပါတယ်။ ဗိုက်သားကျစ်လစ်စေပြီး ကယ်လိုရီလည်းလောင်ကျွမ်းစေပါတယ်။ ဒါကြောင့် အကြိမ်ရေများများသာ လုပ်ပေးပါ။

Mountain climber

Mountain climber လေ့ကျင့်ခန်းက ကယ်လိုရီလောင်ကျွမ်းမှုကို မြှင့်တင်ပေးပြီး နှလုံးသွေးကြောဆိုင်ရာ ကြံ့ခိုင်မှုကိုလည်း မြှင့်တင်ပေးပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ ဆက်တိုက် အကြိမ်ရေများများ လုပ်ပေးပါ။

Lunges

ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားတွေကို ပစ်မှတ်ထားပြီးလုပ်တဲ့ လေ့ကျင့်ခန်းဖြစ်ပြီး ကယ်လိုရီတွေလည်း လောင်ကျွမ်းစေပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး ၁၀ ကြိမ်စီ လုပ်ပေးပါ။

Skipping or Jumping rope

ခုန်ခြင်း သို့မဟုတ် ကြိုးခုန်ခြင်းကတော့ ခံနိုင်ရည်နဲ့ နှလုံးသွေးကြောကျန်းမာရေးကို တိုးတက်ကောင်းမွန်စေတဲ့ Full-body exercise ဖြစ်ပါတယ်။ ကယ်လိုရီတွေလည်း အများကြီးလောင်ကျွမ်းစေပြီး သိသိသာသာ အဆီကျ၊ ဝိတ်ကျစေမှာပဲဖြစ်ပါတယ်။

Running

ပြေးခြင်းက ကယ်လိုရီလောင်ကျွမ်းမှုကို မြှင့်တင်ပေးတဲ့ ပြင်းထန်သော နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ နှလုံးခုန်နှုန်းကိုတိုးစေပြီး ခန္ဓာကိုယ်အနှံ့အပြားမှာရှိတဲ့ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် ဘာလေ့ကျင့်ခန်းမှ မလုပ်နိုင်ဘူးဆိုရင်တောင်မှ ပြေးလို့ရပါတယ်။