မင်္ဂလာပါနော်။ စာဖတ်သူတို့ထဲမှာ ဂါဝန်နဲ့ စကပ်လို မိန်းကလေးဆန်တာမျိုးထက် လွတ်လွတ်လပ်လပ်နဲ့ Boyish ဖြစ်တဲ့ ခပ်ပွပွဒီဇိုင်းတွေ ဝတ်ရတာပိုကြိုက်တဲ့သူရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ ဒီတစ်ခေါက်မှာ ယောကျာ်းလေးဆန်တဲ့ ဖက်ရှင် Look မျိုးရချင်တဲ့ သူတွေမှာ ရှိထားသင့်တဲ့ ဖက်ရှင် Item တွအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ အခုခေတ်လူငယ်မိန်းကလေးတွေ အကြိုက်ဖြစ်မှာမို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

Oversized တီရှပ်တွေ

Boyish ဖက်ရှင်အတွက် Oversized တီရှပ်ပွပွတွေက မပါမဖြစ်ပါပဲ။ အမဲရောင်လို အရောင်မှိုင်းတဲ့ တီရှပ်အပွလေးတွေနဲ့ တစ်ထပ်တည်း ဒါမှမဟုတ် အောက်ခံ တီရှပ်အဖြူခါးရှည်နဲ့ တွဲဝတ်တဲ့စတိုင်လေး ဝတ်ကြည့်ပါ။


Hoodie

Hoodie ဆိုဒ်ကြီးအပွလေးတွေကလည်း စတိုင်အရမ်းကျသလို ယောကျာ်းလေးဆန်တဲ့ဖက်ရှင်မျိုး ရစေမှာပါနော်။ ချစ်စရာကောင်းအောင် Hoodie ကို အတွင်းက ကော်လာပါတဲ့အင်္ကျီလေးတွေနဲ့ တွဲဝတ်ကြည့်နိုင်ပါတယ်။


တီရှပ်အဖြူ

တီရှပ်အဖြူက တစ်ထည်လောက်ရှိရုံနဲ့ အတွင်းထပ်အနေနဲ့ရော သူတစ်မျိုးတည်းဝတ်လို့ပါ အဆင်ပြေပြီး အထာကျတာမို့ တစ်ထည်လောက်ရှိထားတာမမှားပါဘူးနော်။


ခါးပတ်လေးတွေ

ခါးပတ်လေးတွေနဲ့လည်း တွဲဝတ်တာမျိုး လုပ်ကြည့်ပါနော်။ အောက်ကပုံစံလေးတွေကို Idea ယူနိုင်ပါတယ်။

ဆွဲကြိုးအရှည်တွေ

ဆွဲကြိုးအရှည်တွေကလည်း Boyish ဖက်ရှင်မျိုးနဲ့တွဲဝတ်လို့ အထာကျပါတယ်နော်။ ဂျစ်ကန်ကန်နဲ့ Cool ဖြစ်တဲ့စတိုင်မျိုးရအောင် ပံ့ပိုးပေးမှာပါ။


ဦးထုပ်လေးတွေ

ဦးထုပ်လေးတွေကလည်း လူငယ်ဆန်ပြီး သင့်ရဲ့ Boyish Look ကိုပို အထာကျစေမှာပါ။


ဘောင်းဘီရှည်အပွ

Streetwear ဖက်ရှင်မျိုးဖြစ်တာမို့ ဘောင်းဘီရှည်အပွလေးတွေလိုပါတယ်။ ဒီလိုစတိုင်လေးတွေရွေးဝတ်ကြည့်ပါ။


ဘောင်းဘီတို

ရာသီမရွေးဝတ်ရအဆင်ပြေတဲ့ ဘောင်းဘီတိုအပွလေးတွေကလည်း သင်လိုချင်တဲ့ ယောကျာ်းဆန်ဆန်ဖက်ရှင် Look လေးအပြည့်အဝရစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar