လေ့ကျင့်ခန်းလုပ်တဲ့အချိန် ကျွန်မတို့အများစုက မျက်နှာကို မေ့ထားတတ်ကြပါတယ်။ ပါးက ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေလိုပဲ လေ့ကျင့်ခန်းလုပ်ဖို့ လိုပါတယ်။ ပိန်ပေမယ့် ပါးဖောင်းနေတယ်ဆိုရင် ဒါကို လေ့ကျင့်ခန်းနဲ့ သွယ်လျအောင် လုပ်နိုင်ပါတယ်။ ဒီတော့ လေ့ကျင့်ခန်းတွေကို ကြည့်လိုက်ရအောင်နော်-

လေ့ကျင့်ခန်း ၁

ပါးရဲ့ အလယ်ကြွက်သားတွေနဲ့ စလိုက်ရအောင်နော်။ သင့်နှုတ်ခမ်းကို ရှေ့ဘက်စုလိုက်ပြီး ပါးစပ်အဖွင့်အပိတ်လုပ်ရပါမယ်။ သင့်နှုတ်ခမ်းက ရှေ့ဘက်ဆူထွက်နေပြီး သင့်မျက်နှာက တင်းနေဖို့တော့ လိုပါတယ်။ ၁၅ ခါ လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၂

ပါးစပ်ကို လေဖြတ်တဲ့ပုံစံလို ဘေးဘက်ရွဲ့ပေးရပါမယ်။ လည်ပင်းကြွက်သားတွေ အပေါ်ငေါထွက်လာရင် သင်လုပ်တာမှန်ပါတယ်။ ပုံထဲက မြှားပြထားသလိုပါ။ ဒါကို ၁၅ ခါ လုပ်ရပါမယ်။

လေ့ကျင့်ခန်း ၃

လူတွေကို ပြောင်ပြရင် လုပ်တဲ့ မျက်နှာမျိုးပါ။ ပါးကို အတွင်းဘက် စုတ်ယူပြီး နှုတ်ခမ်းစုပေးရပါမယ်။ ဒီအနေအထားအတိုင်း မျက်နှာကို အပေါ်လှန်ချရပါမယ်။ ဒါကို ၁၀ စက္ကန့်ကြာနေပေးပြီး ၁၅ ခါ လုပ်ရပါမယ်။

လေ့ကျင့်ခန်း ၄

သင့်နှုတ်ခမ်းက သွားပေါ်မှာ ရှိလျက်အနေအထားနဲ့ ပါးစပ်ကို ဘဲဥအပြုံးပုံစံဖွင့်ပေးရပါမယ်။ လက်ကို ကွေးကာ ပါးပေါ်တင်ပြီး အပေါ်ဆွဲတင်ပေးရပါမယ်။ ဒီပုံစံအတိုင်း စက္ကန့် ၃၀ နေပေးရပါမယ်။

လေ့ကျင့်ခန်း ၅

မျက်လုံးမှိတ်ပြီး ပါးအဆီချရုံပါပဲ။ မျက်နှာကို ညှစ်ပြီး မျက်စိမှိတ်ထားရပါမယ်။ ဒီအနေအထားအတိုင်း ၃ စက္ကန့်ထိန်းထားပြီး ၁၅ ခါ လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၆

သင့်အောက်နှုတ်ခမး်ကို အပေါ်နှုတ်ခမ်းပေါ်ဖိထားပြီး မေးစေ့ကို အပေါ်မြင့်နိုင်သလောက် မြှင့်ပေးရပါမယ်။ ၁၅ ခါ လုပ်ရပါမယ်။

လေ့ကျင့်ခန်း ၇

နမ်းတဲ့ပုံစံ နှုတ်ခမ်းကို စုပေးရပါမယ်။ ဒီအနေအထားအတိုင်း ဘယ်ညာ နှုတ်ခမ်းကို ရွေ့ပေးရပါမယ်။ ၁၅ ကြိမ် လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၈

လျှာကို အောက်သွားနောက်မှာ ထားကာ ပါးစပ်ကို ဟနိုင်သလောက် ဟပေးရပါမယ်။ ဒါမျိုး ၁၅ ခါ လုပ်ရပါမယ်။

Source: Brightside.me

By MyStyle Myanmar