အထိုင်များတဲ့သူတွေက ခါးနာတာ၊ ဇာတ်ကြောတက်တာတွေ အရမ်းဖြစ်ပါတယ်။ အထိုင်များရင် ဝမ်းလည်းချုပ်ပါတယ်။ ဒါကြောင့် အထိုင်များတဲ့သူတွေက လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးသင့်တဲ့သူတွေပါ။ ဘယ်လေ့ကျင့်ခန်းလုပ်ရမှန်းမသိဘူး၊ ခက်ခက်ခဲခဲတွေလည်း မလုပ်ချင်ဘူးဆိုရင်တော့ အထိုင်များတဲ့သူတွေအတွက် အညောင်းအညာပြေစေမယ့် ဒီလေ့ကျင့်ခန်း ၈ မျိုးကိုသာ နေ့တိုင်းလုပ်ပေးကြည့်ပါ။

Neck Rolls

ပုံ ၄ မျိုးပြထားတဲ့အတိုင်း လည်ပင်းလေ့ကျင့်ခန်း လုပ်ပေးရုံပါပဲ။ ၄ မျိုးလုံးလုပ်ပြီးမှ ၁ ကြိမ်ပြည့်တယ်လို့ သတ်မှတ်ရပါမယ်။ စုစုပေါင်း ၅ ကြိမ်ပြည့်အောင် လုပ်ပေးပါ။ ဇာတ်ကြောတက်တာ၊ ဇာတ်နာတာ သက်သာစေပါတယ်။

Spinal Twist

ခုံမှာထိုင်ပြီး ပုံမှာပြထားတဲ့အတိုင်း ခါးကို ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်နဲ့ လုပ်ပေးရုံပါပဲ။ ခါးနာတာ သက်သာစေပြီး တစ်နေကုန်ထိုင်နေရတာ အညောင်းအညာပြေစေပါတယ်။

Cat Cow Pose

Cat Cow Pose ကတော့ ခါးကိုကော့လိုက်၊ ကုန်းလိုက်နဲ့ လုပ်ပေးရမှာပါ။ ကြမ်းပြင်မှာလုပ်မယ်ဆိုရင် ပထမပုံထဲကလို ဒူးထောက်လုပ်ပေးရမှာဖြစ်ပြီး ခုံမှာထိုင်လုပ်မယ်ဆိုရင်တော့ ဒုတိယပုံထဲကလိုထိုင်ပြီး ခါးကိုကော့မတ်လိုက်၊ ကုန်းလိုက် လုပ်ပေးရမှာပါ။

Standing Pigeon

ခြေထောက်တစ်ဖက်ကို ခုံပေါ်တင်ပြီး ပုံမှာပြထားတဲ့အတိုင်း မတ်လိုက်၊ ကုန်းလိုက်နဲ့ လုပ်ပေးရမှာပါ။ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တင်ပြီးလုပ်ကြည့်ပါ။ တစ်ဖက်ကို ၅ ကြိမ်စီတော့ ပြည့်အောင်လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းက အညောင်းအညာပြေစေပြီး အကြောတင်းနေတာတွေ ပြေလျော့စေပါတယ်။

Bound Angle Pose

ပုံမှာပြထားတဲ့အတိုင်း ခါးကိုမတ်၊ ခြေဖဝါးနှစ်ဖက်ကို စုကပ်နေအောင် လုပ်ပေးပါ။ အဲ့အတိုင်း စက္ကန့် ၃၀ အနည်းဆုံး နေပေးရပါမယ်။

Mountain Pose

ဒီလေ့ကျင့်ခန်းကတော့ မတ်မတ်ရပ်ပြီး လက်နှစ်ဖက်ကို ပုံမှာပြထားတဲ့ အနေအထား ၃ မျိုးအတိုင်း တစ်ဆင့်ချင်းစီ လုပ်ပေးရမှာပါ။ ၃ မျိုးလုံးလုပ်ပြီးမှ ၁ ကြိမ်ပြည့်တယ်လို့ သတ်မှတ်ရပါမယ်။

Forward Fold

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်နဲ့ ခါး၊ ကြောရိုးကို ထောင့်ချိုးကျကျ လုပ်ပေးရပါမယ်။ ကုန်းနေလို့မရပါဘူး။ အဲ့ပုံစံအတိုင်း ၁၅ စက္ကန့်နေပြီး မတ်တပ်ပြန်ရပ်၊ ပြီးရင် အဲ့အတိုင်းပြန်လုပ်ပါ။ ၅ ကြိမ်လောက်လုပ်ပေးရင် ရပါပြီ။

Yogi Squat

ပုံမှာထိုင်ပြထားတဲ့ Yogi Squat ထိုင်နည်းအတိုင်း စက္ကန့် ၂၀ ထိုင်ပေးရုံပါပဲ။ ခါးနာတာ သက်သာစေပြီး အညောင်းပြေစေပါတယ်။