Bra အနောက်မှာ နောက်ကျော အဆီပိုတွေထွက်တာက ဝရင်အဖြစ်များတယ်ဆိုပေမယ့်လည်း ပုံမှန် Body အနေလောက်နဲ့ နောက်ကျောအဆီပိုတွေ များနေတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် Bra အနောက်မှာ အဆီပိုတွေထွက်နေတာ ပျောက်ချင်တဲ့သူတိုင်းလုပ်သင့်တဲ့ လေ့ကျင့်ခန်း 8 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Wall push-upon

ပုံမှာလုပ်ပြထားသလို နံရံမှာလက်ထောက်ပြီး လုပ်ပေးရမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ 10 ကြိမ်ဆက်တိုက်လုပ်ပြီး ခဏရပ်၊ ပြီးရင် ထပ်လုပ်ပါ။ 10 ကြိမ် 3 ခါ လုပ်ရပါမယ်။

Floor push-ups

ကြမ်းပြင်မှာလုပ်ပေးရမယ့် push-ups လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒါလည်း 10 ကြိမ် ကြိမ်ဆက်တိုက်လုပ်ပြီး ခဏရပ်၊ ပြီးရင် ထပ်လုပ်ပါ။ 10 ကြိမ် 3 ခါ လုပ်ရမှာပါပဲ။

Pull-ups

အလွယ်ပြောရရင် ဘားခိုတာပါပဲ။ 5 ကြိမ် ဆက်တိုက်ခိုပြီး ခဏရပ် ပြီးရင် ထပ်လုပ်ပါ။ 5 ကြိမ် 3 ခါ လုပ်ရပါမယ်။

Side plank

ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် 20 နေပေးပါ။ အချိန်ပြည့်ရင် တင်ပါးနဲ့ ကြမ်းနဲ့ထိပါ။ ပြီးရင် ပုံထဲကအတိုင်း ပြန်လုပ်ပါ။ တစ်ခါလုပ်ရင် စက္ကန့် 20 နေပေးရပါမယ်။ အဲ့အတိုင်း အနည်းဆုံး 5 ခါ လုပ်ပေးပါ။

Bent over dumbbell rows

ဒီလေ့ကျင့်ခန်းကတော့ အလေးတုံးသုံးပြီးလုပ်ရမှာ ဖြစ်ပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း 10 ကြိမ် ဆက်တိုက်လုပ်ပြီး ခဏရပ် ပြီးရင် ထပ်လုပ်ပါ။ 10 ကြိမ် 3 ခါ လုပ်ပေးရမှာ ဖြစ်ပါတယ်။

Plank with lateral arm raise

ပုံမှာလုပ်ပြထားတဲ့အတိုင်း လက်ကို ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပေးပါ။ ဘယ်15 ကြိမ် ဆက်တိုက်လုပ်ပြီးရင် ညာ 15 ကြိမ် ဆက်တိုက်လုပ်၊ ပြီးရင် ဘယ် 15 ကြိမ်၊ ညာ 15 ကြိမ် ထပ်လုပ်ပါ။ စုစုပေါင်း တစ်ဖက်ကို အကြိမ် 30 စီ လုပ်ရမှာပါ။

Jumping jacks

ပုံမှာလုပ်ပြထားတဲ့အတိုင်း လက်ကိုကားပြီးခုန်လိုက်၊ လက်ကိုအောက်ပြန်ချလိုက်နဲ့ လုပ်ပေးခြင်းကလည်း Bra နောက်ကအဆီပိုတွေ လျော့ကျစေပါတယ်။ အကြိမ် 30 ခုန်ပေးရပါမယ်။

Cat cow pose

နောက်ဆုံးလေ့ကျင့်ခန်းကတော့ ပိုလွယ်ပါတယ်။ ပုံမှာလုပ်ပြထားတဲ့ အနေအထား 2 မျိုးကို ဆက်တိုက်လုပ်ပေးရမှာပါ။ ဒါလည်း အကြိမ် 30 လုပ်ရမှာပါပဲ။