နေ့စဉ်နေ့တိုင်းပုံမှန်ပြုလုပ်နေကြအရာများက မှားယွင်းနေတဲ့အခါ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အဲ့လိုအမှားလေးတွေကို ဘယ်လိုရှောင်ရမလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။

စာဖတ်သူတွေကရော အခုဖော်ပြပေးမယ့် အမှားတွေထဲမှာ ဘယ်အချက်တွေကို ကျူးလွန်မိနေလဲဆိုတာကို အတူတူဖတ်ကြည့်လိုက်ရအောင်နော်။

၁။ အိပ်ရာမဝင်ခင် ရေချိုးခြင်း

အိပ်ရာမဝင်ခင်မှာ ရေနွေးလေးနဲ့ ရေချိုးပေးခြင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်ဆိုတာ မဟုတ်ပါဘူး။ အိပ်ခါနီးမှာ ရေနွေးနဲ့ ရေချိုးခြင်းကြောင့် ခန္ဓာကိုယ်အပူချိန်က မြင့်တက်နေပြီး လူက တက်တက်ကြွကြွဖြစ်နေပါလိမ့်မယ်။

၂။ ဘောပင်၊ ဆော့ပင်ကိုင်တဲ့အခါ

ဘောပင်တို့ ဆော့ပင်တို့ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး စာရေးတဲ့အခါ သင့်လက် အလျင်အမြန်ညောင်းသွားစေပါတယ်။ ဆော့ပင်အောက်ခြေနားကို အသာအယာဖွဖွလေးကိုင်ပေးပါ။

၃။ အိမ်သာရေဆွဲချတဲ့အခါ

အပေါ့အလေးသွားပြီးတဲ့အခါ အိမ်သာအဖုံးကို ပိတ်ပြီးရေဆွဲချပါ။ အိမ်သာအဖုံးဖွင့်ထားပါက အညစ်အကြေးထဲမှ ဘက်တီးရီးယားပိုးမွှားများက လေထဲသို့ပျံ့နှံ့သွားပြီး ကြမ်းပြင်၊ ဘေစင်၊ မျက်နှာသုတ်ပုဝါ၊ သွားတိုက်တံတွေဆီ ကပ်ညှိသွားနိုင်ပါတယ်။

၄။ ဟင်းချက်တဲ့အခါ

ဟင်းချက်တဲ့အခါ မွှေတဲ့ဇွန်းကို ဇွန်းလက်ကိုင်အပေါက်ထဲ ထည့်ပေးပါ။

၅။ သွားတိုက်ဆေးပမာဏ

သွားတိုက်ဆေးများများအသုံးပြုလေ သွားလေးတွေ ကျန်းမာပြီး ဖြူဖွေးသန့်ရှင်းမယ်လို့ ယူဆရင်မှားသွားပါလိမ့်မယ်။ ပဲစေ့ပမာဏခန့် သွားတိုက်ဆေးဆိုရင် သွားတိုက်ဖို့အတွက် လုံလောက်ပါပြီ။

၆။ ဆံညှပ်ကလစ်

ယိုးဒယားဆံညှပ်ကလစ်လေးတွေတပ်တဲ့အခါ လှိုင်းတွန့်လေးတွေကို အောက်ဘက်အခြမ်းမှာ ထားပေးပါ။

၇။ အချိုရည် (သို့) ဝိုင်သောက်တဲ့အခါ

ဖန်ခွက်လေးရဲ့အောက်ခြေကနေပဲ ကိုင်ပေးပါ။ ဖန်ခွက်ကို အတင်းဆုပ်ကိုင်ထားမယ်ဆိုရင် သင့်လက်အပူချိန်က အချိုရည်ကို အလျင်အမြန်နွေးသွားစေမှာဖြစ်ပြီး အရသာတစ်မျိုးပြောင်းသွားနိုင်လို့ပါ။

၈။ ခေါင်းလျှော်တဲ့အခါ

နေ့တိုင်းခေါင်းလျှော်ခြင်းက ဆံကေသာရဲ့အဆီဓာတ်ကို စုပ်ယူသွားပြီး ဆံပင်ပျက်စီးကြမ်းတမ်းစေပါတယ်။ တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ်ခန့်လျှော်ပေးရင် လုံလောက်ပါပြီ။

Source: Brightside.me