နွေရာသီဆို နေပြင်းတော့ အသားအရေက ပိုပြီးထိခိုက်လွယ်ပါတယ်။ နေလောင်တာ၊ ရာသီဥတုကပူလို့ ချွေးနဲ့ အဆီ၊ အညစ်အကြေးတွေရောပြီး အဆီဖုထွက်တာ၊ ဝက်ခြံထွက်တာတွေလည်း အရမ်းဖြစ်ပါတယ်။ ဒါကြောင့် အသားအရေကို သေချာဂရုစိုက်ချင်တဲ့သူတိုင်းအတွက် နွေရာသီမှာသုံးဖို့ အဓိကလိုအပ်တဲ့ Skincare 8 မျိုးကို ပြောပြပေးလိုက်ပါတယ်။

Cleansing

နွေရာသီဆိုရင် Cleansing ပိုင်းက အရမ်းကိုအရေးကြီးပါတယ်။ မျက်နှာသစ်ဆေးနဲ့ တန်းပြီးသစ်တာမျိုး လုံးဝမလုပ်ပါနဲ့။ သေချာ Cleansing Water နဲ့ဖျက်ပါ။ Cleansing Oil သုံးမယ်ဆိုရင်တော့ သေချာပြောင်အောင် သစ်ပေးဖို့လိုပါတယ်။ Oil တွေမစင်ရင် အဆီဖုနဲ့ ဝက်ခြံတွေ ထွက်လာမှာပါ။

Face Wash

မျက်နှာသစ်ဆေးနဲ့ သေချာမျက်နှာသစ်ပါ။ တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ဖို့လည်း မမေ့ပါနဲ့။ အရေးကြီးပါတယ်။

Toner

Toner ကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် နေ့ရောညပါ လိမ်းပေးရမယ့်အဆင့် ဖြစ်ပါတယ်။ ကိုယ့်အသားအရေနဲ့ ကိုက်ညီတာမျိုး Hydrating သေချာပေးနိုင်တာမျိုးကို ရွေးသုံးပါ။

Essence or Serum

နွေရာသီမှာ Essence နဲ့ Serum နှစ်မျိုးထဲက ကိုယ်ကြိုက်တာ သုံးလို့ရပါတယ်။ Serum သုံးမယ်ဆိုရင်တော့ Lightweight ဖြစ်တာမျိုးကို သုံးပေးပါ။ ညပိုင်းပဲသုံးပေးပါ။

Lightweight Moisturizer

Moisturizer က အချိန်တိုင်းအတွက် လိုအပ်ပါတယ်။ ဒါပေမယ့် နွေရာသီမှာဆိုရင်တော့ လိမ်းရတာ Lightweight ဖြစ်တဲ့ Moisturizer မျိုးကို ရွေးသုံးပါ။ Thick ဖြစ်တဲ့ Cream Type တွေကို ရှောင်ပေးပါ။

Sunscreen

နွေရာသီမှာ နေပြင်းတာကြောင့် Sunscreen မလိမ်းလို့မရပါဘူး။ မနက် 10 နာရီကနေ ညနေ 4 နာရီအတွင်း Sunscreen လိမ်းဖို့လိုပါတယ်။ တစ်ကြိမ်လိမ်းထားရုံနဲ့ တစ်နေကုန် နေလောင်ဒဏ် ကာကွယ်ပေးတာမျိုး မဟုတ်တဲ့အတွက် 4 နာရီခြားတစ်ခါ Reapply လုပ်ပေးပါ။ Sun Spray လည်း ဆောင်ထားပါ။

Sheet Mask

တစ်ပတ် 2 ရက်လောက် Sheet Mask ကပ်ပေးရင် အသားအရေက သိသိသာသာ ပိုကောင်းလာမှာပါ။ ရေခဲသေတ္တာထဲထည့်ထားပြီး ညဘက် Skincare လုပ်ပြီး Sheet Mask လေးထုတ်ပြီးကပ်လိုက်ရင် အေးအေးလေးနဲ့ Fresh ဖြစ်ပြီး နေလို့ကောင်းနေမှာ သေချာပါတယ်။

Exfoliate

နွေရာသီဆို ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ၊ ချွေးတွေနဲ့ရောပြီး အဆီပြန်တာ၊ ဝက်ခြံပေါက်တာတွေက အရမ်းဖြစ်တဲ့အတွက် တစ်ပတ်တစ်ကြိမ်တော့ ပုံမှန် Exfoliate လုပ်ပေးဖို့ လိုပါတယ်။ ဒါမှ အညစ်အကြေးတွေနဲ့ Dead Skin Cells တွေကို ဖယ်ရှားပေးပြီး အသားအရေကြည်လာစေမှာပါ။