ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ အပြုံးတစ်စုံပိုင်ဆိုင်ထားပြီး ထက်မြက်တဲ့အမျိုးသမီးတွေရှိပါတယ်။ သင်ကိုယ်တိုင်လည်း အဆိုပါ အမျိုးသမီးတွေလို ဖြစ်နိုင်ပါတယ်။ မိန်းကလေးတစ်ယောက်ကို ပိုလှသွားစေတဲ့ အရာကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုက တစ်နေ့တည်းနဲ့ ရနိုင်တဲ့အရာမဟုတ်ပါဘူး။ လေ့ကျင့်ရမယ့်အရာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိလာဖို့ ပြုလုပ်သင့်တဲ့အရာတွေကတော့-

၁။ သင်သဘောကျတဲ့အဝတ်အစားတွေကို ဝတ်ဆင်ပါ

ကိုယ်နှစ်သက်တဲ့အဝတ်အစားကို ဝတ်ဆင်ခြင်းက ကိုယ့်ကိုကိုယ် ယုံကြည်မှုကို ပိုတိုးစေပါတယ်။

၂။ စိတ်အပြောင်းအလဲဖြစ်စေတဲ့အရာတွေ လုပ်ကြည့်ပါ

စိတ်ညစ်တဲ့အချိန်တိုင်း လုပ်နိုင်ဖို့ အရာတွေကို ကြိုစဉ်းစားထားပါ။ စိတ်ညစ်တဲ့အချိန် စာအုပ်ဖတ်ရတာကြိုက်လား။ အားကစားလုပ်ရတာ ကြိုက်လား။ ကိုယ့်ကိုကိုယ်ဆန်းစစ်ပါ။

၃။ သင်တော်တဲ့အရာတစ်ခုကိုလုပ်ပါ

လူတိုင်းမှာ တော်တဲ့အရာတစ်ခုတော့ရှိပါတယ်။ သင်က ဘာလုပ်ရတာ တော်တဲ့လူလဲ။ စိတ်ညစ်တဲ့အချိန်တိုင်း ဒီအရာအတွက် အချိန်ပေးပါ။

၄။ အနားယူပါ

ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့အတွက် လုံလောက်တဲ့အနားယူခြင်းကလည်း အရေးပါ ပါတယ်။ အနှိပ်ခံပါ။ Scrub သုံးပြီး ချေးချွတ်ပေးပါ။ အနားယူပေးပါ။

၅။ လူတစ်ဦးချင်းစီရဲ့ အတွေးတွေက မတူညီပါဘူး


သင်က သင့်ကိုယ်သင် မလှဘူးထင်နေပေမယ့် သင့်ကို အပြစ်ပြောစရာမရှိအောင် လှလွန်းတယ်လို့ ထင်တဲ့သူတွေ ရှိပါသေးတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။

၆။ လေ့ကျင့်ခန်းလုပ်ပါ


ကျန်းမာပေါ့ပါးတဲ့ ခန္ဓာကိုယ်က ကိုယ့်ကိုကိုယ်ယုံကြည်မှုကို တိုးပွားစေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။

၇။ အသစ်အသစ်တွေ သင်ယူပါ


အချိန်တိုင်း သင်ယူဖို့ အသင့်ဖြစ်နေပါစေ။ အကသင်တန်းတွေ၊ သင်စိတ်ဝင်စားတဲ့ သင်တန်းတွေ တက်ပေးပါ။ တစ်ချိန်ချိန် ကိုယ်လုပ်ခဲ့တဲ့အရာတွေက ကိုယ့်ကို အကျိုးပြုလာနိုင်ပါတယ်။

၈။ အမှတ်တရတွေပြန်တွေးကြည့်ပါ


သင်ငယ်ငယ်က တွေးဖူးခဲ့မှာပါ။ အသက်အမြန်ကြီးချင်လိုက်တာ။ အရပ်ရှည်ချင်လိုက်တာ။ စတဲ့အတွေးတွေပါ။ လက်ရှိကိုယ့်အသက်အရွယ်ကို တန်ဖိုးထားပါ။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ။

Source: Allwomen’stalk

By MyStyle Myanmar