မခံမရပ်နိုင်အောင် ခါးအရမ်းနာတာမျိုးမဟုတ်ပဲ အပျော့စားခါးနာခြင်းအတွက်ဆိုရင် ထိရောက်မှုရှိတဲ့ Upper-Back Stretches လေ့ကျင့်ခန်း ၇ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက အိမ်မှာလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေဖြစ်လို့ လူတိုင်းလုပ်ရတာ အဆင်ပြေမှာပါ။

Cat-Camel Stretch

ဒူးထောက်၊ လက်ဖဝါးနဲ့ထောက်ပြီး ကျောကိုကုန်းလိုက်၊ ကော့လိုက် ပုံစံမျိုး ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးရမှာပါ။ ၁၅ ကြိမ်လုပ်ပေးရင် ရပါပြီ။

Supine Twist

ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပေးပါ။ အချိန်ပြည့်ရင် ခြေထောက်ပြန်ဆင်း ပုံမှန်အတိုင်း ပြန်နေ၊ ပြီးတာနဲ့ ချက်ချင်း အဲ့အတိုင်း ပြန်လုပ်ပေးပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၃ ကြိမ်၊ တစ်ကြိမ်ကို စက္ကန့် ၃၀ စီ နေပေးရမှာ ဖြစ်ပါတယ်။

Shoulder Rolls

ဒီလေ့ကျင့်ခန်းမှာ ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးရမှာပါ။ အနည်းဆုံး ၁၅ ကြိမ်လုပ်ပေးရင် ရပါပြီ။

Wall Angels

လက်နှစ်ဖက်ကို ပုံမှာလုပ်ပြထားသလို နံရံမှာကပ်ပြီး ကွေးလိုက်၊ ဆန့်လိုက် လုပ်ပေးရမှာပါ။ ဒါလည်း အနည်းဆုံး ၁၅ ကြိမ်လုပ်ပေးရမှာ ဖြစ်ပါတယ်။

Chest Opener

ပုံမှာလုပ်ပြထားတဲ့ ပုံစံနှစ်မျိုးကို ဆက်တိုက်လုပ်ပေးရမှာပါ။ ၂ မျိုးလုံးလုပ်ပြီးရင် ၁ ကြိမ်လို့သတ်မှတ်ပြီး စုစုပေါင်း ၁၅ ကြိမ် လုပ်ရပါမယ်။

Scapular Squeeze

နောက်ကျောကြွက်သားတွေကို ပုံမှာလုပ်ပြထားသလို ညှစ်လိုက် ပြန်ဆန့်လိုက် လုပ်ပေးရမှာဖြစ်ပါတယ်။ ၁၅ ကြိမ်လုပ်ရင် ရပါတယ်။

Seated Twist

ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် ၂၀ နေပါ။ အချိန်ပြည့်ရင် ဘယ်ညာလှည့်ပြီး အဲ့အတိုင်း ထပ်လုပ်ပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၅ ကြိမ် လုပ်ပေးရင် ရပါပြီ။