Abs ပေါ်ချင်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ထိရောက်မှုရှိတဲ့ Abs Workout သီးသန့် 8 မျိုးကို မျှဝေပေးလိုက်ပါတယ်။ သေချာသာ ပုံမှန်လုပ်ပေးမယ်ဆိုရင် တစ်လအတွင်းမှာပဲ ပြောင်းလဲမှုကို တွေ့ရမှာပါ။ နှစ်ရက်လုပ် တစ်ရက်နား (သို့) သုံးရက်လုပ် တစ်ရက်နား လုပ်ပေးပါ။

Kneeling Push Up

ပုံမှာလုပ်ပြထားတဲ့အတိုင်း ဖြေးဖြေးချင်းစီ လုပ်သွားပေးပါ။ စက္ကန့် 30 ဆက်တိုက်လုပ်ပြီး စက္ကန့် 30 နားပါ။ ပြီးရင် ထပ်လုပ်ပါ။ စုစုပေါင်း 4 ကြိမ်လုပ်ပေးပါ။

Static Deadbug

ဘယ်ညာတစ်လှည့်စီ ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးပါ။ ဒါလည်း စက္ကန့် 30 ဆက်တိုက်လုပ်ပြီး စက္ကန့် 30 နားပါ။ ပြီးရင် ထပ်လုပ်ပါ။ စုစုပေါင်း 4 ကြိမ်လုပ်ပေးပါ။

Side Plank Elbow Twist

ခြေထောက်ကို ပုံမှာလုပ်ပြထားတဲ့ ဆင်းထားရပါမယ်။ လက်ကလည်း တံတောင်နဲ့ ထောက်ထားတဲ့လက်ကို ထိနိုင်ရပါမယ်။ အဲ့အတိုင်း ပုံမှာလုပ်ပြထားသလို စက္ကန့် 30 လုပ်ပြီး စက္ကန့် 30 နားပါ။ ပြီးရင် ထပ်လုပ်ပါ။ စုစုပေါင်း 4 ကြိမ်လုပ်ပေးပါ။ ဘယ်ပြီးရင် ညာပြောင်းလုပ်ပါ။

Cat Cow

Cat Cow ပုံစံလုပ်တဲ့အခါမှာ အမြန်မလုပ်ပဲ ဖြေးဖြေးချင်းစီ လုပ်သွားပေးပါ။ စက္ကန့် 30 လုပ်ပြီး စက္ကန့် 30 နားပါ။ ပြီးရင် ထပ်လုပ်ပါ။ စုစုပေါင်း 4 ကြိမ်လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

Plank Hold Opposite Knee Drop

ပုံမှာလုပ်ပြထားတဲ့အတိုင်းနေပြီး ဘယ်ခြေထောက်ကို နည်းနည်းကွေးလိုက်၊ ညာခြေထောက်ကို နည်းနည်းကွေးလိုက်နဲ့ ဘယ်ညာလုပ်ပေးရပါမယ်။ ဒါလည်း စက္ကန့် 30 ဆက်တိုက်လုပ်ပြီး စက္ကန့် 30 နားပါ။ ပြီးရင် ထပ်လုပ်ပါ။ စုစုပေါင်း 4 ကြိမ်ပါပဲ။

Supine Hip Lift

လက်နဲ့ခြေဖဝါးကို ကြမ်းမှာကပ်ထားပြီး တင်ပါးကို အပေါ်ပင့်လိုက်၊ ပြန်ချလိုက်နဲ့ ဖြေးဖြေးချင်းစီ ဆက်တိုက် စက္ကန့် 30 လုပ်ပေးပါ။ အပေါ်မှာလိုပဲ စက္ကန့် 30 လုပ်ပြီး စက္ကန့် 30 နားပါ။ ပြီးရင် ထပ်လုပ်ပါ။ စုစုပေါင်း 4 ကြိမ်လုပ်ပေးရပါမယ်။

Quadruped Bird Dog

ပုံမှာလုပ်ပြထားသလို ဘယ်ခြေထောက်ဆန့်၊ ညာလက်ဆန့် ပြီးရင် ပြန်ချ၊ ပြီးရင် ညာခြေထောက်ဆန့်၊ ဘယ်လက်ဆန့် ပြီးရင် ပြန်ချပါ။ အဲ့အတိုင်း ဆက်တိုက် စက္ကန့် 30 လုပ်ပြီး စက္ကန့် 30 နားပါ။ ပြီးရင် ထပ်လုပ်ပါ။ စုစုပေါင်း 4 ကြိမ်လုပ်ပေးပါ။

Forearm Side Plank Hold

နောက်ဆုံး Workout ကလည်း ပုံမှာလုပ်ပြထားတဲ့ ပုံစံနှစ်မျိုးကိုပဲ ဆက်တိုက် စက္ကန့် 30 လုပ်ပြီး စက္ကန့် 30 နားပါ။ ပြီးရင် ထပ်လုပ်ပါ။ စုစုပေါင်း 4 ကြိမ်လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။