ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်မှု Self-Control ရဲ့ အဓိပ္ပာယ်ကတော့- ရေရှည်ပန်းတိုင်တွေ ပေါက်ရောက်အောင်မြင်ဖို့ ကိုယ့်စိတ်နဲ့ ခံစားချက်ကို ထိန်းချုပ်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်တဲ့ ဖြစ်စဉ်က လူတွေကြား တွေ့ရများလာပြီး ဒီပြဿနာကို လူအများစု နေ့စဉ်ရင်ဆိုင်လာရပါတယ်။ သတင်းကောင်းကတော့ သင့်ကိုယ်သင် မထိန်းချုပ်နိုင်တဲ့ ပြဿနာကို လွယ်ကူစွာ ဖြေရှင်းနိုင်ပါတယ်။ ဒီတော့ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ပြီး ရေရှည်ပျော်ရွှင်မှုကို ရဖို့ ဘယ်လိုဖြေရှင်းနိုင်လဲ ကြည့်လိုက်ရအောင်နော်-

၁။ ပြုံးဖို့ သတိရပါ

လေ့လာချက်တွေအရ ပြုံးလိုက်တာဟာ တကယ်အဆင်မပြေတဲ့ အချိန်မှာတောင် ဦးနှောက်ကို လှည့်စားရာရောက်ကာ ပျော်နေတယ်ဆိုပြီး အယုံသွင်းခြင်းခံရတယ်လို့ ဆိုထားပါတယ်။ ဒီတော့ ပြဿနာတွေ ကြုံလာတိုင်း ကြိုးစားပြုံးကြည့်ပါနော်။

၂။ အသက်ရှူတာကို အာရုံစိုက်ပါ

ကိုယ့်အသက်ရှူတာကို ထိန်းချုပ်နိုင်တာဟာ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်ဖို့အတွက် အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ စိတ်ညစ်စရာကြုံတဲ့အခါ မျက်လုံးမှိတ်ပြီး အသက်ရှူတာကို အာရုံစိုက်လိုက်တဲ့အခါ စိတ်က လက်ရှိအချိန်ဆီ ရောက်ပြီး တည်ငြိမ်စေပါတယ်။

၃။ Journaling စရေးပါ

ကိုယ့်အကြောင်း၊ ခံစားချက်တွေကို ချရေးခြင်းက သင့်ရဲ့ ထာဝရ အကောင်းဆုံး သူငယ်ချင်းဖြစ်ပါတယ်။ စိတ်မချမ်းမသာ ဖြစ်လာတဲ့အချိန်တိုင်း စာအုပ်ထဲ ချရေးပြီး ခံစားချက်တွေကို ဖွင့်ထုတ်သင့်ပါတယ်။ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်ဖို့ Journaling ကို မဖြစ်မနေ လုပ်ပေးသင့်ပါတယ်။

၄။ အကျင့်ဆိုးတွေကို အကျင့်ကောင်းနဲ့ အစားထိုးပါ

သင့်ရဲ့ အကျင့်ဆိုး အများစုကို အကျင့်ကောင်းနဲ့ အစားထိုးလိုက်တာက ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ခြင်းမှာ အရေးပါ ပါတယ်။ ဥပမာ အချိုစားချင်တဲ့အချိန် Gym အားကစားလုပ်လိုက်တာ၊ ပိုက်ဆံဖြုန်းချင်တဲ့အချိန်မှာ အကြာကြီး လမ်းလျှောက်လိုက်တာ စသဖြင့် ကောင်းတာတွေနဲ့ အစားထိုးပြီး လုပ်ကြည့်သင့်ပါတယ်။

၅။ ကိုယ်နဲ့ အဆင်ပြေရာ Routine တစ်ခုဖန်တီးပါ

Routine ဖန်တီးခြင်းဆိုတာက နေ့စဉ်တာဝန်တွေမှာ အလေ့အကျင့်ကောင်းတွေကို ထည့်သွင်းခြင်း ဖြစ်ပါတယ်။ ဥပမာ ညနေခင်းဘက် ပုံမှန်လမ်းလျှောက်ဖို့ ကိုယ့် Routine ထဲ ထည့်တာ၊ တစ်နေ့ကို မိနစ် သုံးဆယ်လောက် Social Media မသုံးဘဲ နေတာ စတဲ့ Routine တွေကို ဖန်တီးနိုင်ပါတယ်။

၆။ To-do List ရေးပါ

ပျော်ဖို့ကောင်းတဲ့ Routine တစ်ခု ဖန်တီးဖို့ To-Do List တစ်ခု လုပ်နိုင်ပါတယ်။ တစ်နေ့တာ လုပ်စရာတွေကို ချရေးလိုက်တဲ့အခါ ကိုယ့်ရဲ့ အရေးမပါတာ လုပ်မိတဲ့ အကျင့်ဆိုးကို ထိန်းချုပ်ရာ ရောက်ပါတယ်။ မနက်မိုးလင်းတာနဲ့ To-Do List ရေးတဲ့အကျင့်ကို မွေးသင့်ပါတယ်။

၇။ ကိုယ့်အတွက် အချိန်တစ်ခု သတ်မှတ်ပါ

သင်ချစ်တဲ့သူတွေက သင့်ဘဝမှာ အရေးပါသလို သင့်ကိုယ်သင်လည်း အချိန်ပေးသင့်ပါတယ်။ ကိုယ့်ကိုကိုယ် ခွင့်လွှတ်သင့်သလို ကြင်နာသင့်ပါတယ်။ သင့်ကိုယ်သင် အချိန်ပေးခြင်းဆိုတာက သင့်အပေါ် ကောင်းကျိုးမပေးတဲ့ အရာတွေ၊ လူတွေကို စွန့်လွှတ်တာ၊ ကိုယ်ပျော်ရွှင်တဲ့ အရာတွေလုပ်ဖို့ အချိန်ပေးတာ စတာတွေ ဖြစ်ပါတယ်။

၈။ တရားထိုင်တတ်ဖို့ သင်ယူပါ

တရားထိုင်တာက လူတိုင်း လုပ်နိုင်တဲ့ အရာတစ်ခုပါ။ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်ဖို့ ပုံမှန် တရားထိုင်ပေးသင့်ပါတယ်။

Source: Brightside.me

By MyStyle Myanmar