ဗောက်ထတာဟာ သိပ်ကို စိတ်ညစ်စရာကောင်းပါတယ်။ ဆောင်းရာသီမှာမှမဟုတ်ဘဲ ရာသီမရွေးဗောက်ထတတ်တဲ့သူတွေလည်းရှိပါတယ်။ တစ်ချို့ကတော့ အသားအရေ ခြောက်သွေ့လို့ ဗောက်ထကြပြီး တစ်ချို့ကလည်း ခေါင်းလျှော်ရည်နဲ့ မတည့်တာကြောင့် ဗောက်ထကြပါတယ်။ နွေရာသီမှာ ချွေးထွက်များပြီး ဦးရေပြားယားယံကာ ဗောက်ထကြပါတယ်။

ခေါင်းလျှော်ရည်နဲ့ မတည့်တာမျိုးဆိုရင်တော့ ခေါင်းလျှော်ရည်ကို ပြောင်းသုံးသင့်ပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲမှာ ရရှိနေတဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည်တွေက သင်နဲ့ မတည့်ဘူးဆိုရင်တော့ သဘာဝနည်းလမ်းလေးကို မျှဝေပေးပါမယ်။

၁။ လက်ဖက်ဆီ (Tea Oil) ထည့်ပါ။

သင်လျှော်မယ့် ခေါင်းလျှော်ရည်ထဲမှာ လက်ဖက်ဆီ ၂ စက် ၃ စက်လောက်ထည့်ပြီး ဦးရေပြားမှာ ၁ မိနစ်လောက် နှိပ်နယ်ပေးပါ။ ပြီးမှ ခေါင်းလျှော်ပေးပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါ။ ၁ လလောက်ဆိုရင် ဗောက်ပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။

၂။ မှုန့်ဖုတ်ဆိုဒါ (Baking Soda) နဲ့ ခေါင်းလျှော်ပါ။

အရင်ဆုံး ခေါင်းကို ရေစိုအောင်လုပ်ပြီး မှုန့်ဖုတ်ဆိုဒါ ကို ဦးရေပြားပေါ်လိမ်းပေးကာ သေချာနှိပ်ပေးပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီမှ ခေါင်းလျှော်ချလိုက်ပါ။

၃။ ပန်းသီးရှလကာရည် (Apple Cider Vinegar)

ပန်းသီးရှလကာရည်ကို စပရေးဘူးထဲထည့်လိုက်ပါ။ ပြီးရင်ေ ရ၃ ပုံ ၁ ပုံလောက်ရောပြီး ဦးရေပြားနဲ့ ယားယံနေတဲ့နေရာကို ဖြန်းပေးပါ။ ပြီးရင် ၄၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ချပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။

၄။ ပါးစပ်ဆေးတဲ့ဆေးရည် (Mouthwash)

Alcohol ပါဝင်မှုများတဲ့ ပါးစပ်ဆေးရည်ကို အသုံးပြုနိုင်ပါတယ်။ အရင်ဆုံး ခေါင်းလျှော်ရည်နဲ့ ခေါင်းအရင်လျှော်ပြီး ခေါင်းလျှော်ရည်ထည့်ပါ။ ပြီးရင် Mouthwash ထည့်ပါ။ အဲဒီနောက် ရေဆေးချပြီး ပေါင်းဆေးထည့်ပါ။ တစ်ပတ်ကို ၃ ကြိမ် နဲ့ ၁ လတိတိလုပ်ပေးပါ။

၅။ အုန်းဆီ

အုန်းဆီကို ခေါင်းမလျှော်ခင်မှာ လက်ဖက်ရည်ဇွန်း ၅ ဇွန်းစာလောက်ကို ဦးရေပြားပေါ်လိမ်းပေးပြီး ၁ နာရီလော်ကထားပါ။ ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပါ။ ၂ ပတ်တိတိလုပ်ပေးပါ။

၆။ သံပုရာရည် (သို့) သံပုယိုရည်

လတ်ဆတ်တဲ့ သံပုရာသီး (သို့) သံပုယိုသီးကို သုံးပေးပါ။ ပြီးရင် ပါးပါးလှီးပြီး ဦးရေပြားပေါ် အရည်ညှစ်ချကာ ပွတ်လိမ်းပေးပါ။ ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပေးပါ။

၇။ ဆားကိုသုံးမယ်

ဆားကို ဦးရေပြားပေါ် ဖြန်းပေးပြီး ၅ မိနစ်လေက် ပွတ်လိမ်းပေးပါ။ပြီးရင် ခေါင်းလျှော်ရည်နဲ့ ခေါင်ေးလျှာ်ချပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။

၈။ ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ကိုယူပြီး အလည်ကနေခွဲကာ ဦးရေပြားပေါ်မှာ လိမ်းပေးပါ။ ပြီးရင် ၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်း‌လျှော်ချပေးပါ။ သင်ခေါင်းလျှော်တိုင်းလုပ်ပေးလို့ရပါတယ်။