အပြင်အဆင်လှလှလေးနဲ့ အေးအေးဆေးဆေးထိုင်လို့ရတဲ့ Cafe ဆိုင်လေးတွေက ပျိုမေတို့အတွက် ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာတွေပါပဲနော်။ သူငယ်ချင်းတွေနဲ့ ကော်ဖီအတူသောက်ရင်း တစ်ယောက်တစ်လှည့် ရိုက်လို့ကောင်းသလို ချစ်သူနဲ့ ကော်ဖီ Date ရင်းနဲ့လည်း ဓာတ်ပုံရိုက်နိုင်မယ့် နေရာလေးဖြစ်ပါတယ်။

ဒီလိုမျိုး ကော်ဖီဆိုင်မှာ ဓာတ်ပုံရိုက်ချင်သူတွေအတွက် ထွေထွေထူးထူးပြင်စရာမလိုဘဲ ရိုက်သမျှပုံတိုင်းမှာ ကြည့်ကောင်းစေမယ့် ကော်ဖီဆိုင်နဲ့လိုက်တဲ့ အလှ Pose ပေးနည်းလေးတွေကို ပြောပြပေးလိုက်ပါတယ်။ ဘယ်လို Pose လေးတွေ ပေးသင့်လဲ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်။

ပထမဆုံး Pose လေးက မိန်းကလေးတိုင်းနဲ့လိုက်ပြီး ရိုးရိုးလေးနဲ့ ချစ်စရာကောင်းစေမယ့် ပုံစံလေးပါ။ ပုံထဲကလို ကင်မရာဘက်ကိုမျက်နှာမူပြီး မေးလေးထောက်ပေးထားရမှာဖြစ်ပါတယ်။

Snap ရိုက်သလို ပုံစံလေး Pose ပေးတာကလည်း သဘာဝဆန်ပြီး အရမ်းလှပါတယ်။ ကော်ဖီသောက်ရင်း တစ်ဖက်ကို ကြည့်နေတဲ့ပုံစံလေး လုပ်ကြည့်ပါ။

ကိုယ့်မျက်နှာထက် Outfit ကိုပဲအသားပေးပြီးရိုက်ချင်တဲ့သူတွေ၊ ကင်မရာရှက်တတ်တဲ့သူတွေကတော့ မျက်နှာကို ကော်ဖီခွက် ဒါမှမဟုတ် လက်လေးနဲ့ကွယ်ပြီး Pose ပေးတာမျိုး လုပ်ကြည့်နိုင်ပါတယ်။ တစ်မျိုးလေးဆန်းပြီး ဓာတ်ပုံထဲမှာ ကြည့်ကောင်းနေမှာပါ။

ကော်ဖီခွက်လေးကိုင်ထားတာ၊ စားခါနီး ဇွန်းလေးကိုင်ထားတာမျိုးကလည်း Pose ပေးမှန်းမသိသာဘဲ သဘာဝဆန်တဲ့ ဓာတ်ပုံလေးရစေပါတယ်။

ဆံပင်သပ်နေတဲ့ Pose လေးကလည်း မိန်းကလေးဆန်ပြီး နူးနူးညံ့ညံ့ပုံစံလေးရစေပါတယ်။ ကင်မရာဘက် မျက်နှာမူပြီး ဆံပင်လေး ဘေးသပ်နေတဲ့ ပုံလုပ်ကြည့်ပါ။

ကော်ဖီခွက်ကိုင်ကာ နောက်ခုံမှာလက်ထောက်ထားတဲ့ Pose လေးကလည်း ဓာတ်ပုံထဲမှာ သက်တောင့်သက်သာရှိပြီး အမြင်အေးတဲ့ ပုံစံလေးရစေမှာပါ။

ပုံထဲကလို ဖုန်းသုံးနေရင်း လှမ်းကြည့်လိုက်တဲ့ပုံစံလေးကလည်း Snap လေးလို အရမ်းလှတဲ့ Pose လေးဖြစ်ပါတယ်။

ထိုင်ပြီးရိုက်ရတာရိုးလာတဲ့အခါ အလင်းရောင်ကောင်းတဲ့နေရာလေးမှာ လက်တစ်ဖက်နဲ့ ကော်ဖီခွက်ကိုင်ပြီး နောက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ ပေါ့ပေါ့ပါးပါး အထာကျတဲ့ Pose လေးပေးနိုင်ပါတယ်။

Photo Source: cosmo.ph, Pinterest