ကျွန်မတို့ရဲ့ ခြေသည်းတွေကလည်း ကျွန်မတို့ရဲ့ ကျန်းမာရေး အခြေအနေကို ဖော်ပြနေတတ်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်ရေ သန့်ရှင်းရေး ကောင်းမကောင်းကို ခြေချောင်းတွေက ပြောပြတတ်ပါတယ်။ သင်က ခြေထောက်နဲ့ ခြေသည်းလေးတွေ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ဖြစ်နေမှ သက်တောင့်သက်သာ ဖြစ်ပြီး သင့်ကိုယ်သင် ယုံကြည်မှု ရှိနေမှာပါ။ ဒါ့အပြင် ဖိနပ်ဝတ်ရင် ပိုစိတ်ချမ်းသာမှာပါ။ ဒီတော့ ခြေထောက်ကို ဂရုစိုက်နည်းတွေကတော့-

သန့်ရှင်းရေးလုပ်ပါ

ပုံမှန် ရေချိုးတဲ့အချိန် သန့်ရှင်းရေး လုပ်သလိုပဲ Scrub နဲ့ပါ ခြေထောက်ကို ပုံမှန်တိုက်ပေးသင့်ပါတယ်။ ခြေသည်းလေးတွေကို သန့်ရှင်းအောင် အမြဲ သန့်ရှင်းတာ၊ ဆပ်ပြာရေနဲ့ ဆေးချတာ၊ ခြေထောက်ပွတ်တဲ့ ကျောက်တုံး၊ ဘရပ်ရှ် နဲ့ ပွတ်ပေးတာ စတာတွေကို ပုံမှန်လုပ်သင့်ပါတယ်။

အစိုဓာတ်ပြည့်ဝအောင်ထားပါ

ကျန်းမာတဲ့ ခြေထောက်လေးတွေ ရဖို့ ခြောက်သွေ့အောင် မထားသင့်ပါဘူး။ ခြေထောက်အတွက် သုံးတဲ့ Mask တွေကို ကပ်ပေးတာ၊ ရေချိုးပြီးတာနဲ့ အစိုဓာတ်ထိန်းခရင် ချက်ချင်းလိမ်းတာ၊ ခြေအိတ်စွပ်ပြီး အိပ်ပေးတာတွေက သင့်ခြေထောက်ကို နူးညံ့စိုပြေစေပါတယ်။

စိတ်ချရတဲ့ ပစ္စည်းတွေကို သုံးပါ

သင့်ခြေထောက် အတွက် လိုအပ်တဲ့ Foot File, Nail File, ခြေသည်းညှပ်၊ ခြေသည်းလက်သည်း အဆီ စတာတွေကို သေချာသုံးပေးသင့်ပါတယ်။ ခြေထောက်ထိခိုက်စေမယ့် ဓားတွေ ကတ်ကြေးတွေနဲ့ မလုပ်သင့်ပါဘူး။

ခြေသည်းညှပ်တဲ့အခါ

တချို့တွေက ခြေသည်းရှည်လာတဲ့အချိန် ခြေဆွယ်ငုပ်တာတွေ မဖြစ်တော့ဘူးလို့ ပြောတတ်ကြပါတယ်။ သင်က ခြေသည်းရှည်လာတာနဲ့ ညှပ်တတ်သူဆိုရင်လည်း ပုံမှန်ညှပ်ပေးသင့်ပါတယ်။

မှန်ကန်စွာ စားပေးပါ

ခြေထောက်အတွက် အကျိုးပြုတဲ့ အစားအသောက်တွေကို စားပေးခြင်းက ခြေထောက် ကျန်းမာရေးအတွက် ထိရောက်ပါတယ်။ ကြက်ဥ၊ အမဲသား၊ ဝက်သား စတာတွေက Vitamin B12 ပါဝင်ကာ၊ ချဉ်တဲ့အသီးတွေ၊ အစိမ်းရောင် အရွက်တွေ၊ ငရုတ်ပွသီး တို့ကတော့ ဗီတာမင် စီ ပါဝင်ပြီး ပဲပြား၊ အစိမ်းရောင်ပဲတို့က Zinc ပါဝင်ကာ မှို၊ Whole Grain တို့က Biotin ပါဝင်တာကြောင့် ဒါတွေကို စားပေးသင့်ပါတယ်။

Organic ဖြစ်တာကိုရွေးချယ်ပါ

ခြေထောက်အတွက် လိုအပ်တဲ့ ခြေအိတ်ကို Organic ပစ္စည်းဖြစ်တာပဲ သုံးပေးသင့်ပါတယ်။

ခြေသည်းတွေကို ခြောက်အောင်ထားပါ

ခြေသည်း၊ ခြေထောက် စိုနေတဲ့အချိန် အသားအရေ ထိခိုက်ဖို့ ပိုအခွင့်အရေး များပါတယ်။ ဒါကြောင့် ရေစိုပြီးတာနဲ့ ခြေထောက်ကို ဒီအတိုင်းမထားဘဲ အဝတ်စနဲ့ ခြောက်အောင် သုတ်ပေးသင့်ပါတယ်။

အပိုဆောင်ပါ

သင်က ခရီးသွားတယ်ဆိုရင် ဖိနပ် အပိုတစ်ရံ ယူသင့်ပါတယ်။ သင် စီးမယ့် ဖိနပ်က ခြေထောက် နာတယ်ဆိုရင် သက်တောင့်သက်သာ ဖြစ်မယ့် ဖိနပ်အပိုက သင့်ခြေထောက်ကို ပိုစိတ်ချမ်းသာစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar