ပျိုမေတို့ရေ မင်္ဂလာပါနော်။ Cardigan လို့ခေါ်တဲ့ အပေါ်ထပ်အင်္ကျီ ဆွယ်တာအပါးလေးတွေက အခုခေတ် လူငယ်ကောင်မလေးတွေကြား ရေပန်းစားသလို ကိုယ့် Outfit ကိုပိုပြီး စတိုင်ကျစေတာမို့ ဓာတ်ပုံရိုက်လို့လည်း အရမ်းလှပါတယ်။ ရာသီမရွေးဝတ်နိုင်တဲ့အပြင် မရိုးသွားမယ့် ဖက်ရှင်လေးဖြစ်တာမို့ လူငယ်မိန်းကလေးတိုင်း Cardigan တစ်ထည်လောက်တော့ ရှိထားဖို့လိုပါတယ်နော်။

ဒီဇိုင်းမျိုးစုံရှိတဲ့ Cardigan တွေကို အနုပညာရှင် တော်တော်များများလည်း ဝတ်လေ့ရှိတာမို့ ဒီတစ်ခေါက်မှာ ပရိသတ်တွေနဲ့လည်းမစိမ်းတဲ့ ကိုးရီးယား Cele အမျိုးသမီးတွေ ဝတ်တတ်တဲ့ Cardigan ဒီဇိုင်းလှလှလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ လူငယ်မိန်းကလေးတွေနဲ့ အရမ်းလိုက်ဖက်စေမယ့် ပုံစံလေးတွေဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်ပါ။

၁။ အစင်းကြောင်းလေးတွေနဲ့ဒီဇိုင်း


Jennie ဝတ်ထားတဲ့ အစင်းကြောင်းတွေပါတဲ့ Cardigan လေးက ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။ စကပ်တို၊ ဘောင်းဘီရှည်တွေနဲ့ တွဲဝတ်ဖို့ သင့်တော်သလို သူ့တစ်ထပ်တည်းဝတ်မယ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ အထာကျတဲ့ပုံစံလေးရစေမှာပါ။

၂။ ရှေ့ကြိုးစည်းလေးနဲ့ဒီဇိုင်း


“Singles Inferno” အစီအစဉ်မှာပါဝင်ခဲ့တဲ့ မော်ဒယ် Jiyeon Shin ရဲ့ ရှေ့ကြိုးအစည်းလေးပါတဲ့ Cardigan ဒီဇိုင်းလေးကလည်း ပေ့ါပေါ့ပါးပါးနဲ့ ဝတ်လို့လှပါတယ်။ လူငယ်ဆန်သလို ချစ်စရာအရမ်းကောင်းတဲ့ပုံစံလေးပါ။

၃။ ရုပ်ပုံတွေ Print လုပ်ထားတဲ့ပုံစံ


အဆိုတော် Seulgi ဝတ်ထားတဲ့ အရောင်စုံ Cardigan ပေါ်မှာ ကာတွန်းရုပ်ပုံလေးတွေ Print လုပ်ထားတဲ့ ပုံစံလေးကလည်း လူတွေကြား ထင်းထွက်ပြီး စတိုင်ကျစေမယ့် ဒီဇိုင်းလေးဖြစ်ပါတယ်။

၄။ Crop Top ပုံစံ


ရင်ဘတ်ပြည့်ပြီး ခါးသေးတဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်မယ့် ဒီဇိုင်းလေးဖြစ်ပါတယ်။ အဆိုတော် Joy ဝတ်သလို ခါးတို Cardigan လေးတွေက သင့်ကို လူငယ်ဆန်ပြီး ဆွဲဆောင်မှုအပြည့်ရှိစေမှာပါ။

၅။ ခါးရှည်ပုံစံ


Jisoo ဝတ်သလို ခါးရှည်ပုံစံ Cardigan အပါးလေးကလည်း ပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာဝတ်လို့ကောင်းတဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ Tennis Skirt ဒါမှမဟုတ် Mini Dress လေးတွေနဲ့ တွဲဝတ်လို့ကောင်းပါတယ်။

၆။ အစင်းရာပါတဲ့ ဆွဲသားဒီဇိုင်း


Cardigan တစ်ထပ်တည်းဝတ်ပြီး အထာကျချင်ရင်တော့ အဆိုတော် IU ဝတ်ထားသလို အစင်းရာပါတဲ့ ဆွဲသား Cardigan လေးဝတ်ကြည့်ပါ။ ဆွဲသားကိုမှ အသားကပ်ပုံစံလေးဖြစ်တာမို့ ဝတ်ရလည်း ပေါ့ပါးသလို ခန္ဓာကိုယ်ကောက်ကြောင်းလေးပါ ပေါ်စေပါတယ်။

၇။ ချည်ထိုးထားတဲ့ပုံစံ Cardigan အပွ


Twice အဖွဲ့ဝင် Dahyun ဝတ်ထားတဲ့ ဒီအင်္ကျီလေးကလည်း မိန်းကလေးဆန်ပြီး သိမ်မွေ့တဲ့ဒီဇိုင်းလေး ဖြစ်သလို ရာသီဥတုအအေးပိုတဲ့နေ့တွေအတွက် အရမ်းအဆင်ပြေပါတယ်။ အပွလေးဖြစ်တာမို့ လက်မောင်းကြီးနေတာတွေ မသိသာအောင် ဖုံးပေးထားသလိုဖြစ်စေမှာပါ။

၈။ နှစ်ရောင်စပ်ဒီဇိုင်း


Rose ဝတ်ထားတဲ့ နှစ်ရောင်စပ် Cardigan လေးကလည်း ပုံစံတစ်မျိုးဆန်းပြီး အထာကျတဲ့ အမိုက်စား ဒီဇိုင်းလေးဖြစ်တာမို့ လူငယ်ကောင်မလေးတွေနဲ့ လုံးဝလိုက်ဖက်စေမှာပါ။

Source: preview.ph