တချို့တွေက သီချင်းနားထောင်ဖို့ဆိုတဲ့ Pure Purpose နဲ့ Headphone ကို ဝတ်လေ့ရှိသလို တချို့ကတော့ အထာကျအောင် ပိုထူးခြားသွားအောင် Headphone ကို ဝတ်လေ့ရှိပါတယ်။ Gamer မိန်းကလေး ယောက်ျားလေးတွေလည်း Headphone ကို ဝတ်လေ့ရှိပါတယ်။ ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် Headphone နဲ့ သီချင်းနားထောင်ပါစေ Headphone ရှိထားတဲ့ ပျိုမေတို့အနေနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်တွေကို သိထားသင့်ပါတယ်။ ဒီလိုဆိုရင် Headphone ဝတ်ပြီး ဓာတ်ပုံရိုက်မယ်ဆိုရင်တောင် အထာကျနေပါလိမ့်မယ်။ ဒီတော့ Headphone နဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်တွေကို ကြည့်လိုက်ရအောင်နော်-

၁။ ကျစ်ဆံမြီးစတိုင်

နှစ်ဘက် ကျစ်ဆံမြီးကျစ်ထားတဲ့စတိုင်က Headphone နဲ့ လိုက်ဖက်ပါတယ်။ လူငယ်ဆန်ဆန်လေးနဲ့ ပေါ့ပေါ့ပါးပါးရှိကာ ဓာတ်ပုံရိုက်ရင်လည်း လှပါတယ်။ ဒီဆံပင်စတိုင်မျိုးက Headphone တပ်ပြီး အိပ်ရင်တောင် အဆင်ပြေပါလိမ့်မယ်။

၂။ Claw Clip နဲ့ စည်းထားမယ်

ဆံပင်ချမထားချင်တဲ့ ပျိုမေတို့အနေနဲ့ ခေါင်းညှပ် အရှည်နဲ့ ဆံပင်ကို အမြင့်စည်းထားနိုင်ပါတယ်။ ဒီစတိုင်က ပူတဲ့အချိန်နဲ့ လိုက်ဖက်ပါတယ်။

၃။ ကျစ်ဆံမြီးအသေးလေး

တရုတ်မတွေ ဖန်တီးလေ့ရှိတဲ့ Douyin က ဆံပင်စတိုင် ဗီဒီယိုတွေထဲက ဆံပင်စတိုင်မျိုးပါ။ ဆံပင်အနက်ရှိတဲ့ သူတွေနဲ့ ပိုလိုက်ဖက်မယ့် ဆံပင်စတိုင်မျိုး ဖြစ်ပြီး ကျစ်ဆံမြီးအသေးလေး စည်းရမှာပါ။

၄။ Claw Clip နဲ့ အမြင့်စည်းမယ်

Hoodie တွေ ဝတ်မယ်ဆိုရင် ဒီစတိုင်က အလှဆုံး ဖြစ်ပါလိမ့်မယ်။ Claw Clip ကို အမြင့်စည်းပြီးနောက် Headphone တပ်ပြီး လှရမှာပါ။

၅။ ဖဲပြားနဲ့

ဆံပင်ကို စည်းပြီးနောက် ကျစ်ဆံမြီး ကျစ်နိုင်သလို သုံးတဲ့ ကလစ်ကိုတော့ ဖဲပြားလေး သုံးနိုင်ပါတယ်။ ဒီလို ဆံပင်မှာ အရောင်လေး ထည့်လိုက်တာက သင့် Headphone ကို ပိုလှသွားစေနိုင်ပါတယ်။

၆။ ဆံပင်ကို ကပိုကယိုလေး ထုံးထားတာ

ဆံပင်အရောင်ဆိုးထားတဲ့ ပျိုမေတို့အနေနဲ့ ဒီစတိုင်လေး ဖန်တီးကြည့်နိုင်ပါတယ်။ ဆံပင်ကို မညီမညာလေး နောက်ဘက်မှာ ထုံးထားကာ Headphone ကို ဝတ်နိုင်ပါတယ်။

၇။ ဆံပင်တိုစတိုင်

သင်က ဆံပင်တို စတိုင်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဆံပင်တို ပိုင်ဆိုင်တဲ့ ပျိုမေတို့အနေနဲ့ Headphone နဲ့ ထူးထူးခြားခြား လိုက်ဖက်လေ့ရှိပါတယ်။

၈။ Headphone နဲ့ အရောင်တူတဲ့ ခေါင်းစည်းကြိုး

Headphone အရောင်က အပြာဆိုရင် သင်စည်းမယ့် ကြိုးအရောင်ကိုလည်း အပြာပဲ ထားနိုင်ပါတယ်။ ဆံပင်ကို ဖဲပြားကြိုးနဲ့ ပတ်စည်းကာ Headphone အရောင်တူလေးနဲ့ လှနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar