ဆံပင်လိပ်ထားတဲ့ လူငယ်ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ ဆံပင်ပြင်ဆင်ပုံ ၈ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဆံပင်ကို အမျိုးမျိုး ပြင်ဆင်ရတာ ကြိုက်ရင်တော့ ဒီဆံပင်စတိုင်လ်လေးတွေကို try ကြည့်လိုက်ပါ။

ရိုးရိုးတစ်ဝက်စည်းတာထက် ဆံပင်ကိုတစ်ဝက်ယူပြီး ဒီလိုလေးထိပ်မှာ ဆံထုံးထုံးတာက ပိုချစ်ဖို့ကောင်းပါတယ်။ ပေါ့ပါးသွက်လက်တဲ့ပုံလေးနဲ့ လူငယ်ဆန်ပါတယ်။

ဆံပင်ထိပ်လေးနှစ်ဖက်ကို ဒီလိုစည်းတာလေးကလည်း လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ ဆံပင်အုံထူရင် ပိုပြင်လို့ကောင်းပါတယ်။

ဆံပင်ပုံလေး ပိုဆန်းသွားချင်ရင်တော့ ခုနကလိုစည်းပြီး ကျစ်ဆံမြီးကျစ်လိုက်ပါ။ ဒါဆိုရင် ဒီလိုချစ်ဖို့ကောင်းတဲ့ ဆံပင်စတိုင်လ်လေး ဖြစ်သွားမှာပါ။

ထိပ်မှာ ဆံထုံးလေးနှစ်ဖက် ဒီလိုထုံးတာမျိုးဆိုရင်လည်း လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ ခပ်မိုက်မိုက်ဖက်ရှင်လေးတွေ၊ cute type ဖက်ရှင်လေးတွေ အကုန်လုံးနဲ့လည်း လိုက်ဖက်ပါတယ်။

မျက်နှာရှင်းရှင်းလေးဖြစ်ချင်ရင်တော့ ဒီလိုအပြောင်သိမ်းပြီး ဆံထုံးလေးထုံးလိုက်ပါ။ ဆံပင်အရောင်လေးဆိုးထားရင်တော့ အရမ်းလည်းလူကြီးမဆန်ပဲ ရှင်းရှင်းလေးနဲ့ လှနေမှာပါ။

မျက်နှာရှင်းရှင်းလေးဖြစ်အောင် ပြင်ချင်တယ်၊ ဆံထုံးထုံးရတာတော့ မကြိုက်ဘူးဆိုရင် ဒီလိုလေး ကျစ်ဆံမြီး နှစ်ဖက်ကျစ်ပါ။ ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ဆံပင်အလယ်ခွဲပြီး ထိပ်နားလေးနှစ်ဖက်ကို ကျစ်ဆံမြီးသေးသေးလေး ကျစ်တာမျိုးကလည်း ချစ်ဖို့ကောင်းပါတယ်။ ဆံပင်လိပ်ထားရင် ပိုတောင်လှပါသေးတယ်။

ဆံပင်စည်းတဲ့အခါမှာ ဒီလိုလေးစည်းတာမျိုးက ကပိုကယိုလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ဆံပင်လိပ်ထားတဲ့သူလေးတွေက ဘယ်လိုပြင်ပြင် ချစ်ဖို့ကောင်းတဲ့ look လည်းရသလို မိုက်တဲ့ look လေးလည်း ရစေပါတယ်။