အားလုံးပဲမင်္ဂလာပါ။ လူတိုင်းမှာကိုယ်နဲ့စိတ်တူကိုယ်တူပေါင်းသင်းရလွယ်ပြီး မိသားစုလိုချစ်ခင်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေရှိကြမှာပါနော်။ အချစ်ဆုံးသူငယ်ချင်းတွေဆိုတာ ဘဝအတွက်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို သူတို့က သင်လိုအပ်တဲ့အချိန်တိုင်း ရင့်ဖွင့်တိုင်ပင်ဖော်အဖြစ်အမြဲရှိနေပေးမယ့် သူတွေလည်းဖြစ်ပါတယ်။
ဒီလို အချစ်ဆုံးသူငယ်ချင်းတွေနဲ့ အပြင်သွား၊ ဓာတ်ပုံရိုက်တဲ့အခါ Friendship Goal အဖြစ် စတိုင်ကျပြီး အချင်းချင်းလိုက်ဖက်တဲ့ Outfit အတွဲအစပ်လေးတွေ ဝတ်ချင်သူတို့အတွက် ဒီတစ်ခေါက်မှာ BFF တွေနဲ့အတူ အထာကျကျဝတ်နိုင်မယ့် OOTD ဖက်ရှင်အိုင်ဒီယာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Jacket နဲ့ဘောင်းဘီအရောင်ဆင်တူလေးတွေဝတ်ပြီး Sneaker ဖိနပ်ကိုတော့ ကိုယ့်အကြိုက်အရောင်လေးနဲ့တွဲဝတ်ကြည့်ပါ။


အဖြူနဲ့အမဲကာလာနှစ်မျိုးအတွဲအစပ်လေးကလည်း အရမ်းကြည့်ကောင်းပါတယ်။ ဒါကြောင့် သင့်သူငယ်ချင်းနဲ့ ပုံမှာပြထားသလို ပုံစံတူအင်္ကျီလေးကို အဖြူအမဲကာလာကွဲပြီး ဝတ်တာမျိုးပြုလုပ်ကြည့်ပါ။


အတိုလေးတွေဆင်တူဝတ်ချင်သူတွေအနေနဲ့ စကတ်တိုနဲ့ အင်္ကျီကိုမှ ပုံစံနဲ့ ကာလာအနုအရင့်ခွဲပြီး ဝတ်တာမျိုးကလည်း နှစ်ယောက်လုံးထင်းထွက်ပြီး လှနေစေမှာပါ။


အနီ၊ အပြာနဲ့အဝါ စတာတွေက အတွဲအစပ်ဝတ်ဖို့သင့်တော်တဲ့အရောင်လေးတွေဖြစ်ပါတယ်။ အပေါ်အောက် တစ်ရောင်ထဲ Fit ဝတ်စုံတွေဝတ်ရတဲ့အခါမှာ အချင်းချင်းမတူအောင် လိုက်ဖက်တဲ့အရောင်တစ်မျိုးစီ ဝတ်ကြည့်သင့်ပါတယ်။

မောင်နှမတွေ၊ သူငယ်ချင်းတွေနဲ့အရမ်းလိုက်ဖက်တဲ့ ခပ်မိုက်မိုက်ဖက်ရှင်စတိုင်မျိုးဖြစ်ပါတယ်။ ပုံစံတူကိုမှ ကိုယ့်အကြိုက်အရောင်ကွဲလေးတွေနဲ့ ဝတ်ဆင်ပေးရတာမျိုးပါ။

တစ်ယောက်နဲ့တစ်ယောက် အပေါ်အောက်ကာလာအနုအရင့် ပြောင်းပြန်ဝတ်ပြီး အရောင်ကစားပေးတာကလည်း ဆင်တူဝတ်စရာမလိုဘဲ အချင်းချင်းဆက်စပ်နေတဲ့ Vibe မျိုးရစေမှာပါ။


ဒီလိုခေါင်းအစခြေအဆုံး ပေါ့ပေါ့ပါးပါးရှိတဲ့ အရောင်အငြိမ်လေးတွေ ဆင်တူဝတ်တာမျိုးတာလည်း ဘယ်အချိန်ကြည့်ကြည့် စတိုင်မိနေစေမှာပါ။


အဝတ်အစားဆင်တူဝတ်တာထက် ဒီလို ဦးထုပ်၊ ဆွဲကြိုးစတဲ့ အသုံးအဆောင်ခပ်ဆင်ဆင်လေးတွေ ဝတ်ထားတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

Source: preview.ph