Kpop သီချင်းပရိသတ်တွေအားလုံးပဲမင်္ဂလာပါနော်။ အခုလိုအအေးပိုလာတဲ့ရာသီမှာ ကြည်နူးစရာကောင်းတဲ့ ကိုးရီးယားသီချင်းငြိမ့်ငြိမ့်လေးတွေနားထောင်တာက သင့်ကိုနွေးထွေးတဲ့ ခံစားချက်လေးရအောင် ပံ့ပိုးပေးနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ Kpop သီချင်းကြိုက်သူတွေအတွက် ဆောင်းတွင်းနေ့ရက်တွေနဲ့လိုက်ဖက်ပြီး နားထောင်လို့ကောင်းတဲ့ Kpop သီချင်းအေးအေးလေးတွေကို စုစည်းဖော်ပြပေးချင်ပါတယ်။ ဖော်ပြထားတဲ့ သီချင်းကောင်းတွေက စိတ်ကူးယဉ်ဆန်ဆန်နဲ့ စီးမျောလို့ကောင်းတဲ့အပြင် သီဆိုထားတဲ့သူတွေရဲ့နွေးထွေးစေမယ့် အသံချိုချိုလေးတွေပါ ပါဝင်တာကြောင့် ရာသီဥတုအေးတဲ့နေ့တွေမှာ နားထောင်ကြည့်ဖို့မမေ့ပါနဲ့နော်။

IU – “Ending Scene”

အသံချိုချိုလေးနဲ့ သီချင်းတိုင်းကို ပရိသတ်ရင်ထဲစွဲအောင် သီဆိုနိုင်တဲ့ IU ရဲ့ “Ending Scene” သီချင်းက အေးမြတဲ့ညချမ်းတွေအတွက် ကြည်နူးစရာကောင်းပြီးနွေးထွေးစေတဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ပြီးဆုံးသွားတဲ့ ဆက်ဆံရေးတစ်ခုအကြောင်းကိုသီဆိုထားတာဖြစ်လို့ လတ်တလော လမ်းခွဲထားတဲ့သူတွေနဲ့ ခံစားချက်တိုက်ဆိုင်စေမယ့်သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။

AILEE – “I Will Go To You Like The First Snow”

နာမည်ကြီး K Drama ဖြစ်တဲ့ Goblin ဇာတ်လမ်းရဲ့ဇာတ်ဝင်သီချင်းတစ်ပုဒ်ဖြစ်ပြီး နားထောင်သူတိုင်းကိုခပ်ဆွေးဆွေးလေးခံစားရစေတဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ ချစ်တဲ့သူနဲ့အတူရှိချင်တဲ့အကြောင်းကို သီဆိုထားတာဖြစ်ပြီး အသံအားကောင်းတဲ့ AILEE ရဲ့ သီဆိုပုံကလည်း ဒီသီချင်းနဲ့အရမ်းကို လိုက်ဖက်ပါတယ်။

Aespa – “Forever”

အဖွဲ့ဝင်တွေရဲ့အသံလွင်လွင်လေးတွေပါဝင်တဲ့ Aespa အဖွဲ့ရဲ့ “Forever” သီချင်းကတော့ ဆောင်းရာသီနေ့တစ်နေ့မှာတွေ့ခဲ့ရတဲ့ မြင်မြင်ချင်းအချစ်အကြောင်းကို သီဆိုထားတာဖြစ်ပြီး စိတ်ကူးယဉ်လို့ကောင်းတဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

Twice – “The Best Thing I Ever Did”

Twice အဖွဲ့ဝင်တွေရဲ့ အသံချိုချိုလေးတွေပါဝင်တဲ့ “The Best Thing I Ever Did” သီချင်းကလည်း Christmas ပိတ်ရက်တွေမှာ နားထောင်လို့ကောင်းတဲ့ ကြည်နူးစရာသီချင်းအေးအေးလေးတစ်ပုဒ်ဖြစ်ပါတယ်။

Straykids – “Winter Falls”

မကြာသေးခင်ကမှ ထွက်ရှိထားပြီး Straykids အဖွဲ့ဝင်တစ်ဦးကိုယ်တိုင်ရေးသားထားတဲ့ “Winter Falls” သီချင်းကတော့ ဆောင်းရာသီရောက်တိုင်းသတိရမိတဲ့သူတစ်ယောက်အကြောင်းကို သီဆိုထားတာဖြစ်ပြီး အထီးကျန်နေတဲ့သူတွေနဲ့ခံစားချက်တိုက်ဆိုင်စေမယ့် အဆွေးသီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

Beckhyun – “Amusement Park”

Beckhyun ရဲ့ ဆွဲဆောင်မှုရှိတဲ့အသံအေးအေးလေးနဲ့သီဆိုထားတဲ့ ဒီသီချင်းလေးကတော့ နားထောင်သူတိုင်းကို သက်တောင့်သက်သာနဲ့ နွေးထွေးတဲ့ခံစားချက်မျိုးရအောင် အဖော်ပြုပေးနိုင်တဲ့သီချင်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

V – “Winter Bear”

BTS အဖွဲ့ဝင် V ကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ “Winter Bear” သီချင်းကလည်း အိပ်ရာဝင်တေးတစ်ပုဒ်လို နားထောင်သူတိုင်းကို စိတ်ညစ်စရာတွေမေ့ပြီး စိတ်အေးချမ်းမှုပေးနိုင်တဲ့ သီချင်းအေးအေးလေးတစ်ပုဒ် ဖြစ်ပါတယ်။

EXO – “Universe”

ဆွဲငင်အားကောင်းတဲ့အသံတွေနဲ့ လွမ်းဆွတ်ဖွယ်သီဆိုထားတဲ့ EXO ရဲ့ “Universe” သီချင်းလေးက အတိတ်ကိုပြန်လည်သတိရပြီး တစ်စုံတစ်ယောက်ကိုလွမ်းတဲ့အချိန်မှာ စီးမျောလို့ကောင်းတဲ့ ခပ်ဆွေးဆွေးသီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

Souce- Youtube

By MyStyle Myanmar