မင်္ဂလာပါနော်။ အခုခေတ်လူငယ်မိန်းကလေးတော်တော်များများက ခန္ဓာကိုယ်နဲ့ Fit ဖြစ်တဲ့ အဝတ်အစားတွေထက် လွတ်လွတ်လပ်လပ်နဲ့ အထာကျတဲ့ ခပ်ပွပွ Oversized T-Shirt တွေကို ပိုဝတ်လာကြပါတယ်။ Oversized T-Shirt တွေက ရာသီမရွေးဝတ်လို့ရတဲ့အပြင် ဘယ်တော့မှမရိုးသွားမယ့် ဖက်ရှင်မျိုးလို့လည်း ပြောလို့ရပါတယ်။ ၀ လာလို့ မတော်မှာလည်း စိတ်ပူစရာမလိုသလို တစ်ထည်လောက်ရှိထားရုံနဲ့ အမျိုးမျိုးတွဲစပ်ပြီး စတိုင်ကျအောင်ဖန်တီးနိုင်မှာပါ။

ဒါကြောင့် ဒီတစ်ခေါက်မှာ Oversized T-Shirt နဲ့ စတိုင်ကျတဲ့ Outfit မျိုးရဖို့ အမိုက်စား တွဲစပ်ဝတ်ဆင်နည်း တွေကို ဖော်ပြပေးလိုက်ပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်ပြီး ဆက်ကျော်သက်လေးလို အထာကျစေမှာဖြစ်လို့ စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်ပါ။

၁။ ဒူးအပြဲ ဂျင်းဘောင်းဘီနဲ့ တွဲဝတ်မယ်


ခပ်ပွပွ Oversized Tee တစ်ထည်ကို အောက်က ဂျင်းဒူးပြဲ အရှည်နဲ့တွဲဝတ်တာက ပေ့ါပေါ့ပါးပါးနဲ့ ကြည့်ကောင်းပါတယ်။ Sneaker ဖိနပ်၊ ချည်ထိုးဦးထုပ်လေးတွေနဲ့ပါ တွဲဝတ်ပေးမယ်ဆိုရင် ခရီးထွက်ရင်း ဝတ်လို့ကောင်းတဲ့ စတိုင်လေးရစေမှာပါ။

၂။ Boot ဖိနပ်အရှည်နဲ့တွဲဝတ်မယ်


Oversized အင်္ကျီတွေက ခါးရှည်ပြီး ပေါင်နားထိ ဖုံးတာမို့ Mini Dress ပုံစံမျိုးဝတ်လို့ရပါတယ်။ ဒါကို အောက်က ဒူးအရှည်ရှိတဲ့ Boot ဖိနပ်တွေနဲ့ တွဲဝတ်တာက သင့်ကိုလုံး၀ စမတ်ကျစေပါလိမ့်မယ်။

၃။ ဆွယ်တာအင်္ကျီအပေါ်ကထပ်ဝတ်မယ်


ရာသီဥတုအေးတဲ့နေ့တွေနဲ့ သင့်တော်မယ့်စတိုင်လေးဖြစ်ပါတယ်။ ဒီလို Oversized အင်္ကျီပေါ်ကနေ ဆွယ်တာလေးထပ်ဝတ်ပြီး အောက်က Baggy ဂျင်းအပွလေးတွေနဲ့တွဲဝတ်တာမျိုးက သက်တောင့်သက်သာရှိသလို အထာလည်းကျပါတယ်။

၄။ သရေကြိုးဘောင်းဘီတိုလေးတွေနဲ့ ဝတ်မယ်


ဒီလို အောက်က သရေကြိုးဘောင်းဘီတိုလေးတွေနဲ့တွဲဝတ်တာကလည်း အရမ်းသက်တောင့်သက်သာရှိသလို ချစ်စရာလည်းကောင်းပါတယ်။ အိမ်နေရင်းအပြင် ထသွားထလာအတွက်ပါ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ စတိုင်လေးဖြစ်ပါတယ်။

၅။ Tennis စကပ်တွေနဲ့လည်း တွဲဝတ်နိုင်တယ်

စကပ်တိုဝတ်လေ့ရှိသူတွေအဖို့ Tennis စကပ်လေးတွေနဲ့ တွဲဝတ်တာကလည်း လူငယ်ဆန်ဆန် ချစ်စရာကောင်းတဲ့ Vibe လေးရစေမှာပါ။

၆။ Bermuda ဂျင်းဘောင်းဘီအတိုနဲ့ တွဲဝတ်မယ်


အခုနောက်ပိုင်းခေတ်စားလာတဲ့ Bermuda ဂျင်းအတိုတွေနဲ့ တွဲဝတ်တာမျိုးကလည်း အရမ်းအထာကျပါတယ်။ အပေါ် ရှပ်အပွကို ဘောင်းဘီထဲထည့်ဝတ်တာမျိုးလည်း လုပ်လို့ရပါတယ်။

၇။ Oversized Graphic Tee တွေ Print ပါတဲ့ Baggy ဘောင်းဘီတွေနဲ့ဝတ်မယ်


Graphic ပုံပါတဲ့ Oversized Tee ကို Print အစင်းတွေပါတဲ့ ဘောင်းဘီအပွလေးတွေနဲ့ တွဲဝတ်တာကလည်း လူငယ်တွေကြား တကြော့ပြန်ခေတ်စားလာတဲ့ဖက်ရှင်တစ်မျိုးဖြစ်ပြီး အများနဲ့ကွဲထွက်နေစေမယ့် စတိုင်တစ်မျိုးလု့ိ ပြောလို့ရပါတယ်။

၈။ ရိုးရိုးစကပ်တိုလေးတွေနဲ့လည်း တွဲဝတ်နိုင်တယ်


Oversized ကို Mini စကပ်လေးတွေနဲ့ တွဲဝတ်တာကလည်း လူငယ်ဆန်ပြီး ချစ်စရာကောင်းပါတယ်။ Shirt အပြင်ထုတ်ပြီး စကပ်တို၊ Sneaker ဖိနပ်တို့နဲ့ တွဲစပ်ဝတ်လို့လှသလို စကပ်ထဲ အင်္ကျီရှေ့ပိုင်း တစ်ဝက်လောက်ထည့်ပြီး ဝတ်တာမျိုးကလည်း အထာကျတဲ့ဖက်ရှင်လေးရစေမှာပါ။

Photo Source: Pinterest, preview.ph