Vaseline က ဘက်စုံ အလှအပ ရည်ရွယ်ချက် အမျိုးမျိုးအတွက် သုံးလို့ရတာကို သင်သိပြီး ဖြစ်မှာပါ။ တစ်ခု ရှိတာက Vaseline ကို အလှအပအတွက် သုံးသင့်တာ မှန်ပေမယ့် မျက်နှာပေါ်ကိုတော့ အမြဲတမ်း မတင်သင့်ပါဘူး။ မျက်နှာပေါ်မှာ Vaseline လိမ်းတဲ့အခါ ချွေးပေါက်ပိတ်ပြီး အသားအရေ ပြဿနာတွေ ဖြစ်နိုင်တာမို့လို့ပါ။ ဒီတော့ တခြား Vaseline ကို ထိထိရောက်ရောက် သုံးနိုင်မယ့် အကောင်းဆုံး နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ မျက်တောင်ရှည်ဖို့

အုန်းဆီနဲ့ Vaseline ကို ရောကာ သင့်မျက်တောင်ပေါ် လိမ်းပေးရပါမယ်။ ဒီအရောကို မျက်တောင်ရှည်ဖို့ ညအိပ်ရာ ဝင်ခါနီးတိုင်း လိမ်းပေးသင့်ပါတယ်။

၂။ ဆံပင်ဆိုးတဲ့အချိန်

ဆံပင်ဆိုးတဲ့အချိန် ဆိုးဆေးတွေ ဆံပင်အောက် နေရာတွေ မထိအောင် ကာကွယ်တဲ့အနေနဲ့ Vaseline ကို လိမ်းထားနိုင်ပါတယ်။

၃။ လက်သည်း Cuticle အတွက်

လက်သည်းလှလှလေးကို ပ်ိုင်ဆိုင်ဖို့ Vaseline ကို လက်သည်းပေါ် လိမ်းပေးသင့်ပါတယ်။

၄။ နှုတ်ခမ်းသား ချောမွေ့ဖို့

အိပ်ခါနီးတိုင်း နှုတ်ခမ်းသား ချောမွေ့ စိုပြေဖို့ Vaseline ကို နှုတ်ခမ်းပေါ် လိမ်းပေးနိုင်ပါတယ်။

၅။ မိတ်ကပ် Remover အနေနဲ့

ဖျက်ရခက်တဲ့ နှုတ်ခမ်းပေါ်နဲ့ မျက်လုံးပေါ်က မိတ်ကပ်တွေကို Vaseline နဲ့ အရင်သုတ်ပြီးမှ မိတ်ကပ် ဖျက်နိုင်ပါတယ်။

၆။ Eyebrow Gel

သင့်မျက်ခုံးပုံစံ တစ်နေ့လုံး ခံဖို့ Vaseline ကို သုံးကာ Eyebrow Gel အနေနဲ့ သုံးနိုင်ပါသေးတယ်။

၇။ ဆားဝက်ခြံဖယ်ဖို့

ဆားဝက်ခြံ ဖယ်ဖို့အတွက် ဆားဝက်ခြံရှိတဲ့ နှာခေါင်း ဒါမှမဟုတ် မေးစေ့အောက်ကို Vaseline ထူထူလေး လိမ်းပြီး ဆားဝက်ခြံ ဖယ်နိုင်ပါတယ်။

၈။ ခြေထောက် ချောမွေ့ဖို့

သင့်ခြေထောက် အသားအရေ ချောမွေ့ဖို့အတွက် Vaseline ကို လိမ်းပေးနိုင်ပါသေးတယ်နော်။

Photo Source: Pinterest

By MyStyle Myanmar