မိတ်ကပ်ပြင်လေ့ရှိတဲ့သူတိုင်းအတွက် သိထားသင့်တဲ့ နည်းလမ်းကောင်း ၈ ခုကို မျှဝေပေးလိုက်ပါတယ်။ အရမ်းအသုံးဝင်စေမယ့် နည်းလမ်းကောင်းတွေလည်း ဖြစ်ပါတယ်။

နှုတ်ခမ်းနီဆိုးတဲ့အခါ

နှုတ်ခမ်းနီဆိုးတဲ့အခါမှာ ဘေးအပြင်ဘက်ကနေ အတွင်းဘက်ကို ဆိုးတာမျိုး မလုပ်ပါနဲ့။ ထူပိန်းပိန်းကြီးဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အတွင်း အလယ်နားလေးကိုဆိုးပြီး လက်ချောင်းနဲ့ ဘေးဘက်တွေကို ဖြန့်ပေးတာမျိုး လုပ်ပေးတာက ပိုပြီးလှပါတယ်။

Foundation ထဲ Oil ထည့်လိမ်းခြင်း

Dewy look လေးလိုချင်ရင် ကိုယ်သုံးမယ့် foundation ထဲကို oil ထည့်လိမ်းပါ။ သဘာဝအတိုင်း glow နေသလို ကြည်ကြည်ပြောင်ပြောင်လေး ဖြစ်စေပါတယ်။

ပါးနီခြယ်ပြီးမှ Foundation လိမ်းခြင်း

တော်တော်များများက foundation လိမ်းပြီးမှ ပါးနီခြယ်ပါတယ်။ ဒါပေမယ့် ပါးနီခြယ်ပြီးမှ foundation လိမ်းမယ်ဆိုရင်တော့ သဘာဝအတိုင်း nautral ဆန်တဲ့ look လေး ရစေပါတယ်။ ပါးနီခြယ်ထားတာလည်း မသိသာစေပါဘူး။

Sponge ကို ရေစွတ်သုံးခြင်း

မိတ်ကပ်လိမ်းတဲ့အခါမှာ sponge ကို အခြောက်အတိုင်းသုံးတာထက် ရေစွတ်ပြီးသုံးတာက မိတ်ကပ်သားညက်ပြီး ပိုလှပါတယ်။ လိမ်းတဲ့အခါ ဆွဲရတာလည်း ပိုကောင်းပါတယ်။

မျက်ခုံးမွှေးကို Brush နဲ့ဖြီးနည်း

မျက်ခုံးမွှေးကို brush နဲ့ဖြီးတဲ့အခါမှာ အောက်ကိုစိုက်ပြီး မဖြီးပါနဲ့။ အပေါ်ကိုထောင်ပြီး ဖြီးရပါမယ်။

Powder Type မသုံးပဲ Cream Type သုံးခြင်း

ပါးနီ၊ highlighter နဲ့ contouring တွေကို သုံးတဲ့အခါမှာ powder type တွေသုံးတာထက် cream type , liquid type တွေသုံးတာက အသားနဲ့တစ်ထပ်တည်းဖြစ်ပြီး ပိုလှပါတယ်။ Natural look လေးရပြီး glow စေပါတယ်။

အဆီစုပ်စက္ကူသုံးခြင်း

ချွေးထွက်တဲ့သူ၊ အဆီထွက်တဲ့သူက မိတ်ကပ်လိမ်းမယ်ဆိုရင် အဆီစုပ်စက္ကူ ဆောင်ထားပြီး သုံးပေးပါ။

မိတ်ကပ်မလိမ်းခင် Facial Massage လုပ်ခြင်း

မိတ်ကပ်မလိမ်းခင်မှာ facial massage လုပ်ပေးမယ်ဆိုရင်တော့ အရေးအကြောင်းတွေ လျော့ပါးစေပြီး မျက်အိတ်ဖောင်းတာ သက်သာစေတယ်၊ လျော့ကျစေပါတယ်။ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေပါတယ်။