ခန္ဓာကိုယ်ပျော့ပြောင်းခြင်းက Yoga သမားတွေ အကသမားတွေအတွက်တင် မကပါဘူး။ ပျော့ပြောင်းခြင်းဆိုတာ သင့်ကြွက်သားတွေ အရိုးအဆစ်တွေ အတွက် လိုအပ်တဲ့ အားအင်တစ်ခုပါ။ ခန္ဓာကိုယ်ပျော့ပြောင်းသူတွေဟာ သာမန်ဘာမှမလုပ်တဲ့သူတွေထက် နာကျင်မှု ပိုနည်းကြ ပါတယ်။ အထိနာတာ နည်းပါးကြပါတယ်။ Flexible ဖြစ်ခြင်းက ဆိုးကျိုးဖြစ်စေတယ်ဆိုတာ မရှိပါဘူး။ သင်က အရင်ကထက် ပိုမိုသွက်လက်ပြီး ပိုမိုပျော့ပြောင်းချင်တယ် ဆိုရင်တော့ ဒီအကြံပေးချက်တွေကို သိထားသင့်ပါတယ်။

၁။ Warm-up သွေးပူနဲ့စတင်ပါ


လူအချို့က အကြောမလျှော့ခင် လုပ်ရတဲ့ သွေးပူကို မလုပ်ဘဲ မေ့ထားတတ်ကြပါတယ်။ သွေးပူနဲ့မစဘဲ အကြောလျှေ့ာခြင်းက သင့်အတွက် အန္တရာယ်ရှိပါတယ်။ သင့်ကြွက်သားတွေက အကြောလျှော့နိုင်ဖို့ သွေးပူနေရပါမယ်။ လှုပ်ရှားပြီးသားဖြစ်ရပါမယ်။ သွေးပူလေ့ကျင့်ခန်းလုပ်ပြီးနောက်မှ အကြောလျှော့ပေးသင့်ပါတယ်။

၂။ တစ်နေ့မှာ တစ်ကြိမ်လုပ်ပါ


အကြောပျော့ပြောင်းချင်လို့ ဆိုပြီး တစ်နေ့တည်းမှာ ဆယ်ခါလောက်အကြောလျှော့စရာမလိုပါဘူး။ ပျော့ပြောင်းခြင်းခရီးစဉ်က သင်ဘယ်လောက် အမြဲလုပ်နိုင်လဲဆိုတဲ့ အပေါ် အခြေခံပါတယ်။ တစ်ရက်တည်းမှာပဲ ပေါင်ကားတဲ့ Split လုပ်တတ်တဲ့ အထိ လောဘမကြီးပါနဲ့။ သင့်ခန္ဓာကိုယ် ဒဏ်ပိသွားရင် သင့်ပန်းတိုင်ကို လွယ်လွယ်နဲ့ မရောက်နိုင်တော့ပါဘူး။

၃။ တစ်ကိုယ်လုံးက အကြောတွေကို လျျော့ပါ


သင်က ပေါင်ကားနိုင်ချင်လို့ ပေါင်ကြောတစ်ခုပဲ လျှော့လို့မရပါဘူး။ အကြောအကုန်လုံးက ဆက်သွယ်နေပါတယ်။ တစ်ကိုယ်လုံးစာ အကြောလျှော့ ပေးသင့်ပါတယ်။

၄။ အသက်ရှူဖို့ မမေ့ပါနဲ့


လူအများစုက အကြောလျှော့တဲ့အချိန် အသက်ရှူတာကို တင်းထားတတ်ကြပါတယ်။ အကြောတစ်ခါလျှော့တိုင်း ၃ ၄ ခါလောက် ဝင်လေထွက်လေ ပုံမှန်ရှူပေးသင့်ပါတယ်။

၅။ နာကျင်တာမျိုး မဖြစ်သင့်ပါဘူး


အနာခံမှ အသာစံရ ဆိုတဲ့စကားက အကြောလျှော့ခြင်းမှာတော့ အကျုံးမဝင်ပါဘူး။ အကြောတင်းပြီး အနည်းငယ်နာတာက ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ သင့်ခန္ဓာကိုယ်နာတဲ့အထိတော့ အတင်းကြီး မလုပ်သင့်ပါဘူး။ ဖြည်းဖြည်းမှန်မှန် သွားပေးသင့်ပါတယ်။

၆။ အချိန်ယူပါ


တချို့လူတွေကတော့ နဂိုတည်းက အကြောပျော့ပြောင်းကြပါတယ်။ သင်က သူတို့အတိုင်းမဖြစ်လို့ အားငယ်စရာမလိုပါဘူး။ စိတ်ရှည်ရှည်နဲ့ ပုံမှန်လုပ်သွားရင် တဖြည်းဖြည်း ပိုမိုပေါ့ပါးလာပါလိမ့်မယ်။

၇။ ရိုးရိုးရှင်းရှင်းလေးပဲ စတင်ပါ


Beginner တွေအတွက် ရည်ရွယ်ထားတဲ့အကြောလျှော့လေ့ကျင့်ခန်းတွေကနေပဲ စလုပ်ပါ။ အခက်ကြီးတွေ ရွေးမလုပ်သင့်ပါဘူး။

၈။ အကြောလျှော့ပြီးနောက် သင်တွေးထားတာထက် ပိုသွက်လက်လာပါလိမ့်မယ်


အကြောလျှော့တာက ကိုယ့်ကိုကိုယ် အနားပေးတဲ့ ဖြစ်စဉ်ပါပဲ။ အဆန်းအပြားအကြောလျှော့နည်းတွေ လိုက်စမ်းသပ်တာထက် ကိုယ်သိထားတဲ့ အရာကိုပဲ ပုံမှန်လုပ်ပေးသင့်ပါတယ်။

Source: Herbeauty.co

By MyStyle Myanmar