မင်္ဂလာပါ… ပျိုမဒီတို့ရေ….   နေ့စဥ်စားသုံးနေတဲ့ အစားအစာတစ်ခုဖြစ်တဲ့ ထမင်းကိုရစေတဲ့ ဆန်က  စွယ်စုံ အသုံးဝင်ပြီး အစားအစာတစ်ခုထက် ပိုပါတယ်။ အသားအရေနဲ့  ဆံပင်အတွက် ဆန်ဆေးရေက ဗီတာမင်နဲ့ သတ္တုဓာတ်များစွာပါဝင်တဲ့ အကျိုးပြုအိမ်တွင်းဆေးတစ်လက်ပါ။

ဓာတုဗေဒပစ္စည်းမပါဝင်တဲ့ ဆန်ဆေးရေက အသားအရေနဲ့  ဆံပင်ကို သဘာဝအတိုင်း အားကောင်းစေပါတယ်။  အသားအရေနဲ့ ဆံပင်အတွက် ဆန်ရေရဲ့ အကျိုးကျေးဇူးတွေကို ဝေမျှပေးလိုက်ပါတယ်။

အမဲစက်

မျက်နှာကို ကြည်လင်စေဖို့အတွက် ဆန်ရေကို အသုံးပြုနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်၊ ဟော်မုန်းအပြောင်းအလဲ ဒါမှမဟုတ် နေရောင်ကြောင့် ပျက်စီးသွားတဲ့ အရေပြားမှာ ညိုမည်းနေတဲ့ အစက်အပြောက်တွေရှိရင် ဆန်ဆေးရေက ကူညီပေးနိုင်ပါတယ်။ ဆန်ဆေးရေမှာ အရေပြားဆဲလ်သေများကို ဖယ်ရှားပေးနိုင်တဲ့ မရှိမဖြစ် အင်ဇိုင်းများ ပါ၀င်တာကြောင့် အသားအရေကို သဘာဝအတိုင်း ကြည်လင်တောက်ပစေပါတယ်။

ခြောက်သွေ့တဲ့ အသားအရေ

ဆန်ရေဟာ ခြောက်သွေ့တဲ့ အသားအရေကို ကုသရာမှာ ကူညီပေးနိုင်ပါတယ်။ဆန်ဆေးရေက မရှိမဖြစ်လိုအပ်တဲ့ အာဟာရများနဲ့  ဗီတာမင်များကို ပံ့ပိုးပေးပြီး ခြောက်သွေ့ပျက်စီးနေတဲ့ အသားအရေကို သက်သာစေပါတယ်။

နေရောင်ခြည်

ဆန်ဆေးရေက ရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်တာကြောင့် အသားအရေကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်ဖို့အတွက် နေရောင်ကာခရင်မ်အဖြစ်လည်း  အသုံးပြုလို့ရပါတယ်။

Anti-aging

လူတိုင်းဟာ အိုမင်းရင့်ရော်မှုကို ရင်ဆိုင်ရပေမယ့် အသားအရေအတွက် ဆန်ရေကို အသုံးပြုပေးရင်  အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်ပါတယ်။ ဆန်ဆေးရေကို နေ့စဥ်သုံးပေးရင် အရေပြားမှာရှိတဲ့ ကော်လာဂျင်ကို တိုးမြင့်စေနိုင်တာကြောင့် ငယ်ရွယ်နုပျိုစေပြီး အရေးအကြောင်းများကို လျော့ပါးစေနိုင်ပါတယ်။

အဆီပြန်ခြင်း

အဆီပြန်တဲ့ အသားအရေဟာ ခြောက်သွေ့တဲ့ အသားအရေလို ပြဿနာများစွာကို ဖြစ်စေနိုင်တာကြောင့် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အဆီများလွန်းရင် ချွေးပေါက်များကို ပိတ်ဆို့စေပြီး ဝက်ခြံကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဆန်းဆေးရေထဲမှာ ပါဝင်တဲ့ကစီဓာတ်တွေက ချွေးပေါက်တွေကို ကျဉ်းစေပြီး အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ဆံပင်

ဆံသားအတွက် ဆန်ဆေးရေကို ပုံမှန်အသုံးပြုပေးရင် ဆံပင်ကို နဂိုကျန်းမာသန်စွမ်းတဲ့ အနေအထားသို့ ပြန်လည်ရောက်ရှိစေပါတယ်။ ဆံပင်တွေက ပျက်စီးပြီး ခြောက်သွေ့တာကြောင့် အဖျားနှစ်ခွဖြစ်တာမျိုးအတွက် ဆိုရင် ဆန်ဆေးရေက ကူညီပေးနိုင်ပါတယ်။

Dandruff

ဦးရေပြားမှာ ဗောက်တွေရှိနေရင် မသက်မသာဖြစ်ပြီး ယားယံခြင်းနဲ့ ပူလောင်ခြင်းတို့ကို ခံစားရတတ်ပါတယ်။ ဒါ့အပြင် ခေါင်းကို အဆက်မပြတ် ကုတ်နေရပြီး ဗောက်တွေ ကျလာတာနဲ့အမျှရှက်စရာလည်း ဖြစ်နိုင်ပါသေးတယ်။ ဒီလိုဗောက်တွေကို ကုသဖို့အတွက် ဆန်ဆေးရေက အများကြီးကူညီပေးနိုင်ပါတယ်။