ရှေးရိုးစကားဟောင်းထဲက “ကိုယ်ဝန်ဆောင်ရင် နှစ်ယောက်စာ စားရမယ်” ဆိုတဲ့ စကားရှိပေမယ့် ကိုယ်ဝန်ဆောင်တဲ့အချိန် မျှတစွာ စားရင်း ဝိတ်မတက်လာစေမယ့် နည်းလမ်းတွေရှိပါတယ်။

အမျိုးသမီး အများစုဟာ ကိုယ်ဝန်ဆောင်တဲ့အချိန် အစားအသောက် ကို ဂရုမစိုက်မိဘဲ ဝိတ်တက်လာကာ ကလေးမွေးပြီးနောက် ဝိတ်ချဖို့ ခက်သွားတတ်ကြပါတယ်။

တချို့ အားကစားလိုက်စားတဲ့ အမျိုးသမီးတွေကတော့ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာတောင် ဝိတ်မတက်လာကြပါဘူး။ သင်ကိုယ်တိုင်လည်း ကိုယ်ဝန်ဆောင်တဲ့အချိန် ဝိတ်မတက်ဖို့ အောက်ဖော်ပြပါ နည်းလမ်းတွေအတိုင်း သတိထားနိုင်ပါတယ်။

၁။ အရည်အသွေးကောင်းတဲ့ ဖိနပ်ဝယ်ပါ

ကိုယ်ဝန်ဆောင်တဲ့အချိန် မနက်ပိုင်း မူးမော်တာ၊ ရင်သားယောင်လာတာ၊ ဆီးခဏခဏ သွားတာတွေ ကြုံရလေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ ခြေထောက်တွေပါ ယောင်လာနိုင်ပါတယ်​။ ဒီလိုအချိန် လှုပ်ရှားသွားလာနိုင်ဖို့ သက်သောင့်သက်သာရှိတဲ့ ဖိနပ်တစ်စုံကို လိုအပ်ပါတယ်။

၂။ မအားလပ်အောင်နေပြီး လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းက ကလေးအတွက်ပါ အကျိုးရှိနိုင်ပါတယ်။ လေ့ကျင့်ခန်းက သင့်စွမ်းအင်ကို တိုးစေတဲ့အပြင် ညဘက်ပါ ကောင်းမွန်စွာ အိပ်စက်နိုင်စေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းက ကိုယ်ဝန်ဆောင်ပြဿနာတွေကိုပါ လျှော့ချနိုင်ပါတယ်။ သင်က Gym မသွားနိုင်ရင်တောင် အိမ်မှာပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။

၃။ ခန္ဓာကိုယ်ကို စောင့်ကြည့်ပါ

သင်က လေ့ကျင့်ခန်း လုပ်ရမယ်ဆိုလို့ ပြင်းပြင်းထန်ထန် လုပ်ဖို့မလိုပါဘူး။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းနဲ့တင် အဆင်ပြေပါတယ်။ ခုန်ရတဲ့၊ ခန္ဓာကိုယ်ကို အားပြင်းပြင်း လှည့်ရတဲ့ လေ့ကျင့်ခန်းမျိုးကို ရှောင်သင့်ပါတယ်။

၄။ ရေလုံလောက်စွာသောက်ပါ

ရေများများသောက်မယ်ဆိုရင် ကိုယ်ဝန်ဆောင်တဲ့အချိန် ဝမ်းမချုပ်တော့ပါဘူး။ ဒါ့အပြင် ရေက အယောင်အယမ်း ကျစေပြီး လေ့ကျင့်ခန်းလုပ်ဖို့ အားဖြစ်စေပါတယ်။

၅။ အာဟာရပြည့်ဝအောင်နေပါ

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ဝိတ်မတက်ချင်ရင် ပရိုတင်း များများ စားသင့်ပါတယ်။ ပရိုတင်း Supplement တွေကို ဆိုလိုတာ မဟုတ်ဘဲ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို များများ စားသင့်ပါတယ်။

၆။ လေ့ကျင့်ခန်းကို အပြောင်းအလဲလုပ်ပါ

ကိုယ့်ခန္ဓာကိုယ် အခြေအနေအလိုက် လေ့ကျင့်ခန်းကို အပြောင်းအလဲ လုပ်သင့်ပါတယ်။ ပေါ့ပေါ့ပါးပါး လွယ်ကူတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်သင့်ပြီး သင်နှစ်သက်တာမျိုး ဖြစ်ရပါမယ်။

၇။ ဆရာဝန်နဲ့တိုင်ပင်ပါ

ကိုယ်ဝန်လွယ်ထားတဲ့အချိန် ဝိတ်မတက်ချင်ရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒီလိုဆို ပိုစိတ်ချရပါတယ်။

၈။ အနားယူပါ

ကိုယ်ဝန်လွယ်တဲ့အချိန်က အမျိုးသမီးတွေကို အင်မတန် ပင်ပန်းစေတဲ့အချိန်ပါ။ ရရင် ရသလို နားပေးတာက သင့်ကို အားရှိစေပါလိမ့်မယ်။ အားရှိရင် ဝိတ်ချဖို့ ပိုလွယ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar