သင်က ဘယ်လောက်ပဲ အသက်အရွယ်ရကာ ရင့်ကျက်လာပါစေ သင့်အမေ ပျော်ရွှင်စေဖို့ လုပ်ပေးရတဲ့ အရာတွေ ရှိမှာပါ။ သင်က သင့်မိခင်အတွက် သူငယ်ချင်းတွေကို အချိန်ပေးသလိုပဲ အချိန်ပေးသင့်ပါတယ်။ ပြောရရင် အမေနဲ့ သူငယ်ချင်း စတိုင်တောင် နေနိုင်ပါတယ်။ သင်က ချစ်ရတဲ့ မေမေနဲ့အတူ အမေများနေ့၊ အမေမွေးနေ့ စတဲ့ရက်တွေမှာ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးချင်ရင် အောက်ဖော်ပြပါ အရာတွေကို လုပ်နိုင်ပါတယ်။

၁။ အပြင်သွားပါ

အမေနဲ့အတူ ဘာမှ စဉ်းစားမနေဘဲ တစ်နေ
ရာရာသာ သွားလိုက်ပါ။ ဒီလိုသွားပြီး တစ်ယောက်နဲ့ တစ်ယောက် စကားတွေ အများကြီး ပြောပစ်လိုက်ပါ။ စိတ်မကောင်းစရာ တစ်ခုကတော့ ဒီအမှတ်တရတွေက ​သင့်ဘဝမှာ ဘယ်တော့မှ မေ့လို့မရမယ့်၊ ပြန်တွေးနိုင်မယ့် အရာတစ်ခုအဖြစ်ပဲ ကျန်ခဲ့မှာပါ။

၂။ လက်သည်းနီဆိုးပါ

လက်သည်းနီဆိုးဖို့ ဆိုင် တကူးတက သွားစရာ မလိုပါဘူး။ အိမ်ထဲမှာပဲ သက်သောင့်သက်သာ ဖြစ်မယ့် အဝတ်အစားတွေကို ဝတ်ကာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လက်သည်းနီဆိုးပေးနိုင်ပါတယ်။ ဒါက အကုန်အကျလည်း သက်သာပါတယ်။

၃။ ဟင်းချက်သင်တန်းတူတူတက်ပါ

သင်ရော သင့်အမေရော ဟင်းချက်တတ်တဲ့ သူတွေဆိုရင်လည်း ဟင်းချက်သင်တန်း ကိုသွားနိုင်ပါတယ်။ နှစ်ယောက် အတူတူ တက်တာက ပျော်ဖို့ကောင်းပြီး သင်တို့ အိမ်မှာ လုပ်နိုင်မယ့် ဟင်းချက်နည်း တစ်မျိုးကို သိသွားမှာပါ။

၄။ Spa သွားပါ

သင့်အမေနဲ့ Spa တူတူသွားနိုင်ပါသေးတယ်။ မျက်နှာပေါင်းတင်တာ၊ လက်သည်းနီ ဆိုးတာ၊ အနှိပ်ခံတာ စသဖြင့် နှစ်ယောက်တူတူ လုပ်နိုင်ပါတယ်။

၅။ အတူတူ ပရဟိတ လုပ်ပါ

တစ်နေရာရာမှာ အကူအညီ ရသွားဖို့၊ အဆင်ပြေသွားဖို့ သင်နဲ့ သင့်မေမေက ပရဟိတ အတူတူ လုပ်နိုင်ပါတယ်။ ဒီလိုလုပ်တာက သင်တို့ နှစ်ယောက်လုံးကို စိတ်ပျော်ရွှင်စေပါလိမ့်မယ်။

၆။ Zumba အက တူတူသင်ပါ

သင်က အရှက်အကြောက် ကြီးသူမဟုတ်ရင် သင့်အမေနဲ့ အတူ Zumba သင်တန်း သွားနိုင်ပါတယ်။ အစပိုင်းမှာ နှစ်ယောက်လုံး တစ်ယောက် ကတာ တစ်ယောက် ကြည့်ရင်း ရယ်မောနိုင်ပါတယ်။

၇။ သင့်အမေ ဝါသနာပါရာကို အတူတူ လိုက်လုပ်ပါ

သင့်မေမေက ချည်ထိုးတာ ဝါသနာပါရင် သင်ပါ လိုက်ထိုးနိုင်ပါတယ်။ အပင်စိုက်တာ ဝါသနာပါရင် သင်ပါ အတူတူ အပင်တွေနဲ့ အချိန်ကုန်ဆုံးသင့်ပါတယ်။ ဒါပြီးရင် သင်ဝါသနာပါတာကိုပါ သင့်မေမေ လိုက်လုပ်ဖို့ တောင်းဆိုနိုင်ပါတယ်။

၈။ ဖက်ရှင်အကြံပေးသူ လုပ်ပေးပါ

သင်က သင့်မေမေထက် ဖက်ရှင်အမြင် ပိုရှိရင် Shopping တူတူထွက်တဲ့အခါ အကြံပေးနိုင်ပါတယ်​။ အဆင်ပြေရင် သင့်အမေအတွက် ဝယ်ပေးတဲ့ အင်္ကျီတွေကို သင်က ပိုက်ဆံ ရှင်းပေးနိုင်ပါတယ်။

သင်လိုအပ်တဲ့ အချိန်တုန်းမှာ သင့်မေမေက အမြဲ သင့်အနား ရှိပေးပါတယ်။ သင့်ကို ပြုစု ပျိုးထောင်သူကလည်း သင့်မေမေပါပဲ။ ဒါကြောင့် ကိုယ့် မေမေ ပျော်အောင် ဖန်တီးပေးဖို့ မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar