Netflix ကြည့်ရင်းနဲ့တောင်လုပ်လို့ရတဲ့ Ab Exercises 8 မျိုးကို မျှဝေပေးလိုက်ပါတယ်။ Exercise အတွက် သီးသန့်အချိန်ပေးလုပ်ရတာမျိုးကို ပျင်းတဲ့သူတွေအတွက်တော့ အရမ်းကိုအဆင်ပြေမှာပါ။

Crunches

ပုံမှာလုပ်ပြထားတဲ့အတိုင်း ၁၀ ကြိမ် ဆက်တိုက်လုပ်ပေးပြီး ခဏနား ပြီးရင် ၁၀ ကြိမ် ထပ်လုပ်ပေးပါ။ အနည်းဆုံး အကြိမ် ၂၀ တော့ လုပ်ပေးရပါမယ်။

Bicycles

ပုံမှာလုပ်ပြထားတဲ့အနေအထားအတိုင်းနေပြီး ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ စက်ဘီးစီးသလို လုပ်ပေးရမှာပါ။ တစ်ဖက်ကို အနည်းဆုံး ၁၂ ကြိမ်စီ လုပ်ပေးပါ။

V-Sits

ပုံမှာလုပ်ပြထားသလို V ပုံစံနဲ့ထိုင်လိုက်၊ ခြေထောက်ပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။ V ပုံစံနဲ့ ထိုင်တာကို ၁၅ စက္ကန့်မှ စက္ကန့် ၃၀ လောက်ရအောင် နေပေးပါ။ ပြီးမှ ဖြေးဖြေးချင်းစီ ခြေထောက်ပြန်ချပါ။ ပြီးရင် နောက်ထပ် ၂ ခေါက်လောက် ထပ်လုပ်ပေးပါ။

Reverse Crunches

ပုံမှာလုပ်ပြထားတဲ့ အနေအထား ၂ မျိုးကို တစ်လှည့်စီ အကြိမ် ၂၀ လုပ်ပေးပါ။

Straight Leg Lifts

ကြမ်းမှာလှဲပြီး လက်ကိုလည်း ကပ်ထားပါ။ ခြေထောက်တစ်ဖက်ကို ဆင်းထားပြီး နောက်တစ်ဖက်ကို ပုံထဲကလို မြှောက်ထားပါ။ စက္ကန့် ၃၀ ကြာအောင် မြှောက်ထားပြီးမှ ဖြေးဖြေးချင်းစီ ပြန်ချပါ။ ပြီးရင် ပြန်မြှောက်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၃ ကြိမ်စီလုပ်ပေးရင် ရပါပြီ။

Planks

ပုံမှာလုပ်ပြထားသလို Planks ထောက်ပြီး စက္ကန့် ၃၀ နေပေးပါ။ အချိန်ပြည့်ရင် ခဏရပ် ပြီးရင် ထပ်လုပ်ပါ။ ၃ ကြိမ် လုပ်ရပါမယ်။

Side Planks

ပုံမှာလုပ်ပြထားတဲ့အတိုင်းနေပြီး ၁၅ စက္ကန့်နေပါ။ ပြီးရင် ခန္ဓာကိုယ်ကို အောက်နည်းနည်းပြန်ချပါ။ ပြီးရင် ထပ်လုပ်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၃ ကြိမ်စီပဲ လုပ်ပေးပါ။

One-Leg Ab Plank

ပုံမှာလုပ်ပြထားတဲ့အတိုင်းနေပြီး ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ မြှောက်လိုက်၊ ပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။ ၁၀ ကြိမ်လုပ်ပေးရင် ရပါပြီ။