မိတ်ကပ်ပြင်ဆင်ပုံက ကိုယ့်ရုပ်ကို ပြောင်းလဲသွားစေပါတယ်။ မိတ်ကပ်ကြောင့် ရုပ်ပိုနုသွားအောင် လုပ်လို့ရသလို၊ ရုပ်ပိုရင့်သွားအောင်လည်း လုပ်လို့ရပါတယ်။ လူတိုင်းက ရုပ်ပိုနုသွားတာလေးကိုပဲ လိုချင်ကြတာပါ။ ဒါကြောင့် ကိုယ်တိုင် မိတ်ကပ်ပြင်ဆင်တာမှားနေရင်လည်း သတိထားလို့ရအောင် သင့်ကိုရုပ်ပိုရင့်သွားစေမယ့် မိတ်ကပ်ပြင်ဆင်ပုံအမှား ၈ ခုကို ပြောပြပေးလိုက်ပါတယ်။

Concealer အများကြီးသုံးခြင်း

Concealer ကို အများကြီးသုံးပြီး ပြင်ထားရင် မိတ်ကပ်ထူနေသလိုဖြစ်ပြီး ရုပ်ပိုရင့်သွားစေပါတယ်။ Healthy look, natural look လေးတွေကမှ ရုပ်ပိုနုစေတာပါ။

Mascara သုံးတာများခြင်း

Mascara သုံးတာများတယ်ဆိုတာကတော့ မျက်တောင်ကို အတုတပ်ထားသလို အထူကြီးဖြစ်အောင် ထပ်တလဲလဲကော့နေတာမျိုးကို ပြောတာပါ။ ပုံမှန်အတိုင်းလေး တစ်ထပ်လောက်ပဲ mascara နဲ့ကော့တာနဲ့ ယှဉ်ကြည့်လိုက်ရင် ဘယ်ဟာက ရုပ်ပိုရင့်လဲဆိုတာ သိသာပါတယ်။

Dark Eyeshadow သုံးနည်းမှားခြင်း

မိတ်ကပ်ပြင်တဲ့အခါမှာ dark eyeshadow တွေကိုခြယ်တာက ရုပ်ပိုရင့်စေပါတယ်။ Eyeshadow ခြယ်တာကလည်း ရုပ်ပြောင်းသွားစေတဲ့ look တစ်ခုပါပဲ။

မျက်လုံးအောက်ကို Eyeliner ဆိုးခြင်း

မျက်လုံးအောက်ကိုပါ Eyeliner ဆိုးတာက မျက်လုံးပိုပေါ်စေပေမယ့် နည်းနည်းတော့ ရုပ်ရင့်သွားစေပါတယ်။ Eyliner အနက်ဆိုးမယ့်အစား အဖြူလေးဆိုးတာက ပိုနုစေပါတယ်။

ပါးနီခြယ်တဲ့နေရာမှားနေခြင်း

ပါးနီကို ပါးမို့နေရာမှာ ဘေးဘက်ဆွဲခြယ်တာက ခေတ်နောက်ကျတဲ့ပုံစံပေါက်ပြီး ရုပ်လည်းပိုရင့်စေပါတယ်။ ပါးရိုးနေရာကို တစ်စောင်းလေးခြယ်တာကမှ မိတ်ကပ် look ပိုလှပါတယ်။

မျက်ခုံးမွှေးကိုထင်းနေအောင်ဆွဲထားခြင်း

မျက်ခုံးမွှေးကို natural ဆန်ဆန်လေးဆွဲတာက ပိုပြီးလှပါတယ်။ အရမ်းထူပြီး ထင်းနေအောင် မျက်ခုံးမွှေးကို အကြီးကြီးဆွဲထားတာက တောဆန်သလိုဖြစ်ပြီး ရုပ်လည်း ပိုရင့်စေပါတယ်။

မျက်ကွင်းကိုညိုနေတာကိုမဖုံးခြင်း

မျက်ကွင်းညိုနေရင်၊ မျက်ကွင်းကျနေရင် မိတ်ကပ်ဘယ်လောက်ပြင်ပြင် ပုံမှန်ထက်ပိုပြီး ရုပ်ရင့်သလို ဖြစ်နေစေပါတယ်။ ဒါကြောင့် မျက်ကွင်းညိုနေရင် concealer သုံးပါ။ မျက်ကွင်းညိုတာကိုဖုံးပါ။

Powder ကို အထူကြီးလိမ်းခြင်း

မိတ်ကပ်လိမ်းပြီး powder လိမ်းတဲ့အခါမှာ T zone နေရာတွေကို အဓိကလိမ်းပေးပါ။ မျက်နှာတစ်ပြင်လုံးကို ထူနေအောင် အများကြီးလိမ်းလိုက်ရင် မိတ်ကပ်ဖုန်ဖုန်ကြီးဖြစ်ပြီး ကြည့်ရဆိုးစေပါတယ်။ ရုပ်လည်းပိုရင့်သလို ဖြစ်သွားစေပါတယ်။