မိန်းကလေးနဲ့ ယောကျာ်းလေးတွေဆိုသည်မှာလည်း မတူညီတဲ့ ဂြိုလ်က လာကြသလားလို့ မေးယူရလောက်တဲ့အထိတောင် ကွဲပြားခြားနားချက်တွေ အများကြီးပါပဲ။

ဒါဆိုရင် သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအချက်တွေက အဓိကကွဲပြားနေတာလဲ၊ အဲ့လို ကွဲပြားချက်တွေကြောင့် ဘယ်လိုကောင်းကျိုးတွေ ဖြစ်ပေါ်စေလဲဆိုတာကို ဆက်ဖတ်ကြည့်ရအောင်နော်။

အစားအသောက်ပြင်ဆင်ချက်ပြုတ်ခြင်း

မိန်းကလေးများက သူတို့ချစ်သူကောင်လေးတွေအတွက် အစားအသောက်ပြင်ဆင်ချက်ပြုတ်ပေးရတာကို နှစ်သက်ကြပါတယ်။ ဒီလိုပြုလုပ်ရခြင်းက သူတို့ဘယ်လောက် အိမ်ထောင်ရှင်မကောင်းပီသလဲဆိုတာကို ပြချင်တာလဲ ပါသလို အကယ်၍များ သူတို့ကောင်လေးတွေ ဝဝဖိုင့်ဖိုင့်ဖြစ်သွားမယ်ဆိုရင် သူတို့ကလွဲပြီး ဘယ်ကောင်မလေးကမှ မချစ်စေချင်လို့ပါတဲ့။

လက်ဆွဲနှုတ်ဆက်ခြင်း

ယောကျာ်းလေးနှစ်ယောက် လက်ဆွဲနှုတ်ဆက်တဲ့အခါ မြဲမြံအောင် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး လက်ဆွဲနှုတ်ဆက်ကြပေမဲ့၊ မိန်းကလေးနဲ့ ယောကျာ်းလေး လက်ဆွဲတဲ့အခါမှာတော့ မိန်းကလေးက သူမရဲ့ လက်ကို ကမ်းပေးရုံသာပြုလုပ်ပြီး အထက်အောက်လှုပ်ရှားမှုကိုတော့ ယောကျာ်းလေးကပဲ ပြုလုပ်ရတာပါ။

အရောင်များကို ခွဲခြမ်းစိတ်ဖြာခြင်း

သိပ္ပံနည်းနဲ့ သက်သေပြချက်တွေအရ အမျိုးသမီးများက ပင်ကိုဗီဇအရ အရောင်တွေကို ခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာ တစ်ဖက်ကမ်းခပ်ထူးချွန်ကြပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတစ်ယောက်က ယောကျာ်းလေးတွေအရှေ့မှာ မြစိမ်းရောင်တွေ၊ ဖက်ဖူးရောင်တွေ၊ စစ်စိမ်းရောင်တွေဆိုပြီး လာခွဲပြနေရင် သူတို့ဒေါသထွက်ကြပါတယ်။

မိန်းကလေးတွေက အနံ့ခံအာရုံလည်း ပိုကောင်းကြပါတယ်

မိန်းကလေးတွေ ပန်းကြိုက်ရခြင်း အဓိကအကြောင်းအရင်းကတော့ သူတို့ရဲ့ မျိုးရိုးဗီဇအရ အနံ့အာရုံက သိပ်ကိုကောင်းမွန်တဲ့အတွက်ကြောင့်ပါ။

ခန္ဓာကိုယ်ပြောင်းလဲမှု

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က ခဏခဏပြောင်းလဲနေတာပါ။ အမျိုးသမီးများ အပျိုဖော်ဝင်ချိန်ကလည်း အမျိုးသားများ လူပျိုဖော်ဝင်ချိန်ထက် ပိုစောပါတယ်။ မိန်းကလေးများ အရွယ်ရောက်လာတဲ့အခါ သူမရဲ့တင်ပါးလုံးဝန်းလာပြီး ပြန့်ကားလာရခြင်းက ကလေးမီးဖွားရတဲ့အခါ လွယ်ကူဖို့ရန်အတွက်ပါ။

အဝတ်အစားဝတ်ဆင်ခြင်း

အဝတ်အစားဝတ်ဆင်ရာမှာ အမျိုးသမီးများက ခန္ဓာကိုယ်အပေါ်ပိုင်းကနေ စတင်ဝတ်ဆင်လေ့ရှိပါတယ်။ အရင်ဦးဆုံး အင်္ကျီဝတ်မယ်၊ ပြီးကျမှ စကပ်တို့ ဘောင်းဘီတို့ ဝတ်ဆင်ကြတာပါ။ အမျိုးသားများကတော့ ပြောင်းပြန်ပါ။ ခြေအိတ်နဲ့ ဘောင်းဘီကို ဝတ်ပြီးမှ အင်္ကျီဝတ်ကြတာပါ။

နှုတ်ခမ်းနီစားမိခြင်း

အမျိုးသမီးများဆိုးလိုက်တဲ့ နှုတ်ခမ်းနီတွေက အစားစားတဲ့အခါ၊ အအေးသောက်တဲ့အခါမှာ အတူတူစားမိသွားပြီး သူတို့ အသက်ရှင်နေထိုင်တဲ့ သက်တမ်းတစ်လျှောက်မှာ နှုတ်ခမ်းနီ လေးပေါင်ခွဲခန့်စားသုံးမိတယ်လို့ သိပ္ပံပညာရှင်များက ပြောကြားပါတယ်။ စာဖတ်သူတွေရော အခုဖော်ပြသွားတဲ့ အချက်တွေက မှန်ကန်တယ်လို့ ထင်ပါသလား။

Source: Brightside.me