သင်က အချိန်တိုအတွင်း ပိုလှလာဖို့ နည်းလမ်းတွေကို ရှာနေသူဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ အချိန်တိုအတွင်း စိတ်ပိုင်းဆိုင်ရာ ချက်ချင်း ပြောင်းလဲလာအောင် မလုပ်နိုင်ပေမယ့် သင့်အပြင်ပန်း ပုံစံကိုတော့ Glow Up ဖြစ်သွားအောင် ပြောင်းလဲနိုင်ပါတယ်။ ဒီထဲမှာတော့ ၇၂ နာရီ ၃ ရက်အတွင်း ရုပ်ပိုင်းဆိုင်ရာ ပိုလှလာကာ ပြောင်းလဲစေမယ့် နည်းလမ်းတွေကို ဖော်ပြထားပါတယ်။

၁။ ဆံပင်ညှပ်ပါ

ဒါကတော့ အမြန်ဆုံး ပိုထူးခြားစေမယ့် နည်းလမ်းပါပဲ။ အသည်းကွဲနေတဲ့ ကောင်မလေးတွေ ဒါကြောင့်ပဲ ခဏတဖြုတ်အတွင်း ဆံပင်စတိုင် ပြောင်းလဲကြတာပါ။ သင့်ဆံပင်ကို အရောင်ဆိုးတာ၊ ညှပ်ပစ်တာ၊ ပုံစံပြောင်းတာတွေ လုပ်နိုင်ပါတယ်။

၂။ Vaseline သုံးပါ

သင့်နှုတ်ခမ်း စိုပြေနေဖို့ Vaseline ကို လိမ်းပေးသင့်ပါတယ်။ ဒါ့အပြင် တစ်ချိန်လုံး ကိုယ်သင်းနံ့လေး မွှေးနေဖို့ လက်ကောက်ဝတ်ပေါ် Vaseline လိမ်းကာ ရေမွှေးကြာရှည်ခံအောင် ဖန်တီးနိုင်ပါတယ်။

၃။ မနက်မိုးလင်းတာနဲ့ ရေခဲနဲ့ပွတ်ပါ

ဒီ ၇၂ နာရီအတွင်း မျက်နှာလေး Glow လာဖို့ ရေခဲကို သုံးနိုင်ပါတယ်။ ရေခဲကို သေချာ သန့်စင်အောင် လုပ်ကာ မျက်နှာပေါ် ပွတ်နိုင်ပါတယ်။ ဒီလို ပွတ်တဲ့အခါ ၁ မိနစ်အောက် ပွတ်ပေးရုံနဲ့ လုံလောက်ပါတယ်။ ရေခဲက မျက်နှာ အသားအရေကို တင်းရင်းကာ ချွေးပေါက်ကျဉ်းစေပါလိမ့်မယ်။ မိတ်ကပ်သားကိုလည်း ကြာရှည်ခံစေပါတယ်။

၄။ နေ့တိုင်း Face yoga လုပ်ပါ

စိတ်ဖိစီးနေတဲ့ မျက်နှာပေါ်က အကြောမျှင်လေးတွေအတွက်၊ မျက်နှာ သွေးလည်မှု ကောင်းမွန်ဖို့အတွက် ၇၂ နာရီအတွင်း မနက်တိုင်း Face Yoga လုပ်ပေးရပါမယ်။ Face Yoga လုပ်ပေးမယ်ဆိုရင် အိုမင်း ရင့်ရော်မှု နှေးကွေးစေမယ့်အပြင် အသားအရေ Glow ကာ မျက်နှာသွယ်လာနိုင်ပါတယ်။

၅။ နိုးတာနဲ့ ရေသောက်ပါ

ညဘက်က ရေဓာတ် ခန်းခြောက်နေတဲ့ ခန္ဓာကိုယ်ကို မနက်နိုးတာနဲ့ ရေဓာတ်ဖြည့်ပေးသင့်ပါတယ်။ မနက်အချိန်မှာ ရေများများသောက်ပေးမယ်ဆိုရင် အစာချေစနစ်အတွက် ကောင်းစေတဲ့အပြင် အသားအရေ ပိုကောင်းလာပါလိမ့်မယ်။

၆။ Social Media

ဒီ ၇၂ နာရီအတွင်း လိုက်နာရမယ့် စည်းမျဉ်းတစ်ခုကတော့ Social Media ကို လုံးဝ မသုံးရတာပါ။ သင့်အတွက် အကျိုးပြုတဲ့ Social Media Platform က လွဲရင် ကျန်တာတွေကို အကုန်ဖြတ်ပစ်သင့်ပါတယ်။

၇။ ကျန်းမာရေးနဲ့ ညီညွတ်တာပဲ စားပါ

သုံးရက်အတွင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ခန္ဓာကိုယ်နဲ့ သင့်တော်တဲ့ အစားအစာတွေကိုပဲ ရွေးချယ် စားပေးရပါမယ်။

၈။ သဘာဝတရားကို အာရုံစိုက်ပါ

သင် အလုပ်လုပ်ပြီး အားတာနဲ့ သဘာဝ တရားနဲ့ နီးကပ်စွာ နေပေးရပါမယ်။ အပင်တွေကို ခဏတဖြုတ်ကြည့်တာ၊ လေအေး ရှူတာ စတာတွေကို လုပ်ပေးနိုင်ပါတယ်။

၉။ Solo Date လုပ်ပါ

ကိုယ့်အကြောင်းကိုယ် ပိုသိလာဖို့ ၇၂ နာရီအတွင်း တစ်ယောက်တည်း အပြင်ထွက်ကာ ဒိတ်လုပ်သင့်ပါတယ်။ သင် ပိုပျော်ရွှင်လာတာကို သတိထားမိပါလိမ့်မယ်။

၁၀။ Natural Makeup ပဲ လိမ်းပါ

အသားအရေ မထိခိုက်ဖို့ အပြင်ထွက်တဲ့အချိန် သဘာဝ ဆန်ဆန် မိတ်ကပ်ပဲ လိမ်းသင့်ပါတယ်။ နောက်ပိုင်း Glow နေဖို့လည်း Natural Makeup စတိုင်ကိုပဲ ရွေးသင့်ပါတယ်။

၁၁။ လေ့ကျင့်ခန်း လုပ်ပါ

ဒီ သုံးရက်အတွင်း ချွေးပုတ်တွေ ပါသွားပြီး အဆိပ်ကင်းစင်စေဖို့ လေ့ကျင့်ခန်း လုပ်ပေးရပါမယ်။

ဒီအချက်တွေကို သေချာ လုပ်ပေးမယ်ဆိုရင် သင် ၇၂ နာရီအတွင်း ပို Glow ကာ ပိုလှလာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar