ပျိုမေတို့မင်္ဂလာပါနော်။ ဆံပင်က ဒုတိယမျက်နှာဆိုတဲ့အတိုင်း မတူညီတဲ့ဆံပင်ပုံစံတွေက ကိုယ့်ရဲ့အသွင်အပြင်ကို ပြောင်းလဲနိုင်တာကြောင့် သင့်ကိုရုပ်ပြောင်းပြီး ပိုနုသွားသလိုထင်ရစေမယ့် ဆံပင်စတိုင်နဲ့ ကာလာလေးတွေကို သိထားဖို့လိုပါတယ်နော်။ ဒီတစ်ခေါက်မှာ သက်လတ်ပိုင်းအရွယ် ရောက်လာတဲ့ပျိုမေတို့အတွက် ဘယ်အချိန်ကြည့်ကြည့် ရှိရင်းစွဲထက်နုပျိုပုံပေါက်စေမယ့် Hairstyle တွေနဲ့ လိုက်ဖက်တဲ့အရောင်လှလှလေးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဆံပင်ပုံတစ်မျိုးထဲ ထားရတာငြီးငွေ့နေတဲ့သူတွေစမ်းလုပ်ကြည့်သင့်ပြီး သင့်ကို လူအများကြားထင်းကာ ယုံကြည်မှုပိုရှိလာစေဖို့ ထောက်ပံ့ပေးပါလိမ့်မယ်။

၁။ ရွှေအိုရောင်နဲ့ အညိုရောင်ခပ်ဖျော့ဖျော့သန်းတဲ့ ခပ်ပြေပြေဆံပင်အကောက်


Warm ဖြစ်တဲ့အသားအရောင်တွေနဲ့လိုက်ဖက်ပြီး နေရောင်ထဲမှာအရမ်းလှနေမယ့် ကာလာလေးဖြစ်ပါတယ်။ ဒီအရောင်လေးဆိုးပြီး အောက်ပိုင်းပြေပြေလေးကောက်ထားနိုင်ပါတယ်။

၂။ ရှေ့ဆံမြတ် Bang နဲ့ အညိုရောင်အရင့်ဆံပင်ရှည်


Bang လေးတွေထားတာကလည်း ငယ်ပုံပေါက်စေမယ့် ဆံပင်ပုံလေးဖြစ်တာမို့ ဆံပင်တိုမညှပ်ချင်တဲ့သူတွေအနေနဲ့ အရမ်းလည်းကလေးမဆန်တဲ့ အရောင်အငြိမ်လေးတွေဆိုးပြီး ဆံပင်ရှည်အကောက်လေးတွေကိုမှ Bang ချထားတာမျိုးပြုလုပ်နိုင်ပါတယ်။

၃။ အညိုရောင်နဲ့ ရွှေဝါရောင် Hightlight ရောထားတဲ့ ဆံပင်ခပ်တိုတို


ဆံပင်အတိုလေးကလည်း သင့်ကိုအလုပ်ရှုပ်သက်သာပြီး နုပျိုစေမယ့်ဆံပင်ပုံတစ်မျိုးပါ။ ဆံပင်အတိုကို ဒီတိုင်းထားတာထက် အညို၊ ရွှေဝါရောင်စတဲ့ အရောင်ငြိမ်ငြိမ်လေးတွေပါဝင်တဲ့ Highlight လးတွေဖောက်ကြည့်ပါ။

၄။ ချောကလက်ရောင် Hightlight ဆံပင်အတို


ကာလာထင်းထင်းနုနုတွေကြောင့် ဆံပင်ပျက်စီးမှာကြောက်တဲ့သူတွေအနေနဲ့ ဒီလို အညိုဘက်သွားတဲ့ Hightlight တွေနဲ့ဆံပင်တိုတိုထားကြည့်ပါ။ သင့်ကို Classic ဆန်ဆန်နဲ့ နုပျိုနေဆဲပုံစံလေးကိုရရှိစေပါလိမ့်မယ်။

၅။ မီးခိုးစိမ်းရောင်ခပ်လင်းလင်း ဆံပင်အကောက်


ခပ်လင်းလင်းအရောင်လေးတွေဆိုးချင်ရင်တော့ ဒီလို ပြောင်ပြောင်လင်းလင်းလေးဖြစ်နေစေမယ့် မီးခိုးနဲ့ အစိမ်းဘက်သွားတဲ့ပုံစံလေးတွေဆိုးကြည့်သင့်ပါတယ်။ အသားအရောင်တော်တော်များများနဲ့လိုက်ဖက်ပြီး ဆယ်ကျော်သက်လေးလို ထင်းထွက်နေတဲ့အလှမျိုးရရှိစေမှာပါ။

၆။ အညိုအရင့် ဆံပင်အဖြောင့်


နောက်ထပ်အရောင်ငြိမ်ငြိမ်လေးနဲ့ နုပျိုစေမယ့်ပုံစံလေးဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း ဆံပင်အဖြောင့်ကိုမှ အညိုအရင့်လေးဆိုးထားတာက နေရောင်ထဲမှာလင်းလင်းလေးဖြစ်နေစေပါလိမ့်မယ်။

၇။ အနီရောင်အရင့် ဆံပင်အကြေကောက်


အသားပိုဖြူသွားသလိုထင်ရစေမယ့် အနီရောင်အရင့်ကာလာလေးနဲ့အတူ ဆံပင်ကောက်ကောက်လေးတွေ ထားတာကလည်း တစ်မျိုးလေးဆန်းပြီး နုပျိုတဲ့ Look ကိုရစေမှာပါ။

Source: preview.ph