ညဘက်တွေမှာ ကောင်းမွန်စွာနဲ့ အိပ်စက်နိုင်ဖို့ဆိုရင် ခန္ဓာကိုယ်ကလည်း သက်တာင့်သက်သာဖြစ်နေဖို့ လိုပါတယ်။ ဒါကြောင့် ဒီလို သက်တောင့်သက်သာနဲ့ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ ကူညီပေးမယ့် ယောဂ ၇ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ယောဂကျင့်စဉ် ၁

ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ မျက်နှာနဲ့က ဘယ်ဘက်ကို လှည့်နေပြီး ဘယ်ဘက်ဒူးက ပုံမှာပြထားတဲ့အတိုင်း ညာဘက်ကိုလှည့်ပြီး ကွေးထားရပါမယ်။ အဲ့အတိုင်း စက္ကန့် ၃၀ ကနေ ၁ မိနစ်အထိ နေပေးပါ။ အချိန်ပြည့်ရင် ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ မျက်နှာနဲ့က ညာဘက်ကို ပြောင်းလှည့်ပြီး ညာဘက်ဒူးက ဘယ်ဘက်ကိုလှည့်ပြီး ကွေးထားရပါမယ်။ အဲ့အတိုင်းလည်း ခုနကလောက်ပဲ နေပေးပါ။

ယောဂကျင့်စဉ် ၂

လက်နှစ်ဖက်ကိုကား၊ ခြေထောက်နှစ်ဖက်ကိုကားပြီး မျက်စိမှိတ်ကာ အသက်ကိုရှိုက်ရှူလိုက်၊ ခပ်ပြင်းပြင်း ရှူထုတ်လိုက်နဲ့ ၁၀ မိနစ်လောက် လုပ်ပေးပါ။

ယောဂကျင့်စဉ် ၃

ပုံမှာပြထားတဲ့အတိုင်းနေပြီး ဒူးနဲ့နဖူးနဲ့ ထိအောင်လို့ ကြိုးစားပြီးလုပ်ပေးပါ။ အနည်းဆုံး စက္ကန့် ၃၀ ကနေ ကိုယ်အဆင်ပြေသလောက် နေပေးလို့ရပါတယ်။

ယောဂကျင့်စဉ် ၄

နံရံမှာ ခြေထောက်ကိုကပ်ပြီး မြှောက်ထားပေးရမှာပါ။ ၉၀ ဒီဂရီဖြစ်အောင် မြှောက်ထားရပါမယ်။ အဲ့အတိုင်း အနည်းဆုံး ၃ မိနစ်ကနေ အများဆုံး ၁၅ မိနစ်အထိ နေပေးရင်ရပါပြီ။

ယောဂကျင့်စဉ် ၅

ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး အသက်ကို ခပ်ပြင်းပြင်းရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ ၁၀ ကြိမ်လုပ်ပေးပါ။ အကြိမ်ရေပြည့်ရင် ဘယ်ညာပြောင်းပြီး အဲ့အတိုင်း ထပ်လုပ်ပေးပါ။

ယောဂကျင့်စဉ် ၆

ပုံမှာပြထားတဲ့အတိုင်း အရှေ့ကိုငုံ့ပြီး အနည်းဆုံး စက္ကန့် ၃၀ ကနေ ၂ မိနစ်အထိ နေပေးရင်ရပါပြီ။ ခြေထောက်က လုံးဝမကွေးပဲ ဖြောင့်တန်းနေရပါမယ်။

ယောဂကျင့်စဉ် ၇

ခြေဖဝါးနှစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း ထိထားပြီး ၁၀ မိနစ်နေပေးရင်ရပါပြီ။
ဒီယောဂကျင့်စဉ်တွေကို ညနေတိုင်း (သို့) ညအိပ်ယာဝင်ခါနီးတိုင်းမှာ ပုံမှန်လုပ်ပေးသွားရင်တော့ အကောင်းဆုံးပါပဲ။