ခေါင်းအရမ်းကိုက်တယ်၊ ခေါင်း ခဏခဏကိုက်တယ်ဆိုရင် ခေါင်းကိုက်တာသက်သာအောင် ဆေးသောက်တာအပြင် Yoga ကျင့်ပေးလို့လည်း ရပါတယ်။ အထူးသဖြင့် ခေါင်းကိုက်တာသက်သာအောင် ဒီ Yoga ကျင့်စဉ် ၇ ခုကို ကျင့်ပေးနိုင်ပါတယ်။

Leg up the wall pose

နံရံမှာ ခြေထောက်နှစ်ချောင်းကို ကပ်ပြီးထောင်ထားပါ။ ပြီးရင် မျက်စိမှိတ်ပြီး အသက်ရှူသွင်းရှူထုတ်ကို ခပ်ပြင်းပြင်းလေး လုပ်နေပေးပါ။ ၁ မိနစ်မှ ၃ မိနစ်အထိ ကိုယ်အဆင်ပြေသလောက် နေပေးပါ။

Thunderbolt pose

ပုံမှာလုပ်ပြထားတဲ့အတိုင်းထိုင်ပြီး အသက်ရှူသွင်းရှူထုတ်ကို ခပ်ပြင်းပြင်းလေးလုပ်ပါ။ အဲ့အတိုင်း ၁ မိနစ်နေပေးရင် ရပါပြီ။

Garland pose

ပုံမှာလုပ်ပြထားတဲ့အတိုင်းထိုင်ပြီး ခုနကလိုပဲ အသက်ရှူသွင်းရှူထုတ်ကို ခပ်ပြင်းပြင်းလေး လုပ်ပေးပါ။ အဲ့အတိုင်း ၁ မိနစ်နေပေးရုံနဲ့ ရပါပြီ။

Child’s pose

ပုံမှာလုပ်ပြထားတဲ့ Child’s pose အတိုင်း စက္ကန့် ၃၀ နေပြီးရင် ခါးမတ်မတ်ပြန်နေပြီးရင် ထပ်လုပ်ပါ။ အဲ့အတိုင်း အနည်းဆုံး ၃ ကြိမ်လုပ်ပေးပါ။ တစ်ခါလုပ်ရင် စက္ကန့် ၃၀ ပါ။ မျက်စိမှတ်ထားပြီး အသက်ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။

Bridge pose

Bridge pose နဲ့ စက္ကန့် ၃၀ မှ ၁ မိနစ်အထိ ကိုယ်အဆင်ပြေသလောက် နေပေးပါ။ ဒီလိုနေတဲ့အချိန်မှာ အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်၊ ရှူသွင်းလိုက်နဲ့ လုပ်နေပေးရပါမယ်။ ခေါင်းကိုက်တာ သက်သာစေရုံတင်မဟုတ်ပဲ သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပါတယ်။

Kneeling backbend

ပုံမှာလုပ်ပြထားတဲ့ အနေအထားအတိုင်း စက္ကန့် ၃၀ မှ ၁ မိနစ်အထိ ကိုယ်အဆင်ပြေသလောက် နေပေးပြီး အသက်ကို ရှိုက်ပြီးရှူသွင်းလိုက်၊ ဖြေးဖြေးချင်းစီ ပြန်ထုတ်လိုက်နဲ့ လုပ်ပေးပါ။

Humming bee breath

ပုံမှာလုပ်ပြထားတဲ့အတိုင်းနေပြီး မျက်စိမှိတ်ကာ အသက်ကို ရှိုက်ပြီးရှူသွင်းလိုက်၊ ပြန်ရှူထုတ်လိုက်နဲ့ အနည်းဆုံး ၁ မိနစ် လုပ်ပေးရပါမယ်။