ဇာတ်ကြောတက်ပြီး ပခုံးကြွက်သားတွေတင်းနေတာ၊ နာနေတာကို ဖြေလျှော့ပေးမယ့် Yoga (7) ခုကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာပဲ အေးဆေးလုပ်လို့ရတဲ့ လွယ်ကူတဲ့ Yoga တွေဖြစ်လို့ လူတိုင်းလုပ်ရတာ အဆင်ပြေမှာပါ။

Yoga Pose 1

တင်ပလ္လင်ခွေထိုင်ပြီး ပုံမှာလုပ်ပြထားသလို လက်ကိုလုပ်ပြီး တစ်ဖက်စောင်းပါ။ ပြီးရင် ဖြေးဖြေးချင်း ခါးပြန်မတ်ပါ။ ပြီးရင် နောက်တစ်ဖက်ကို ပြောင်းလုပ်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 10 ကြိမ်စီ လုပ်ပေးပါ။

Yoga Pose 2

ပုံမှာလုပ်ပြထားတဲ့အတိုင်းနေလိုက် ခါးပြန်မတ်ပြီးထိုင်လိုက်နဲ့ အနည်းဆုံး 10 ကြိမ်လုပ်ပေးရပါမယ်။ ဒီလိုလုပ်နေတဲ့အချိန်မှာ အသက်ကိုဖြေးဖြေးချင်း ရှူသွင်းရှူထုတ် လုပ်နေရပါမယ်။

Yoga Pose 3

ဒူးထောက်ပြီး ပုံမှာလုပ်ပြထားတဲ့အနေအထားနဲ့ ဘယ်ဘက်လှည့်လုပ်လိုက်၊ ပြီးရင် ခါးပြန်မတ်ပြီးထိုင်လိုက်၊ ပြီးရင် ညာဘက်လှည့်ြ့ပီးလုပ်လိုက်၊ ခါးပြန်မတ်ထိုင်လိုက်နဲ့ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 10 ကြိမ်စီ လုပ်ပေးရပါမယ်။

Yoga Pose 4

ခါးကိုမတ်မတ်ထိုင်ပြီး ပုံမှာလုပ်ပြထားသလိုမျိုး လက်ကိုအနောက်မှာထားပြီး ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ရမှာပါ။ ဒါလည်း တစ်ဖက်ကို 10 ကြိမ်စီ လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

Yoga Pose 5

ဒါလည်း ခါးမတ်မတ်ထိုင်ပြီး လက်ကို ပုံမှာလုပ်ပြထားသလိုလိမ်ပြီး လုပ်ပေးရမှာပါ။ အဲ့အတိုင်း စက္ကန့် 30 နေပြီး အချိန်ပြည့်ရင် လက်ပြန်ချပါ။ ပြီးရင် ပြန်လုပ်ပါ။ ဘယ်ညာတစ်လှည့်စီ ပြောင်းပြီးတော့ တစ်ဖက်ကို 5 ကြိမ်စီ၊ တစ်ခါလုပ်စီ စက္ကန့် 30 နေပေးရမှာ ဖြစ်ပါတယ်။

Yoga Pose 6

ခါးမတ်မတ်ထိုင်ပြီး လက်ကိုအနောက်မှာထားကာ လက်အုပ်ချီထားရပါမယ်။ အဲ့အတိုင်း 15 စက္ကန့်နေလိုက်၊ ပြန်ပြန်ချလိုက်၊ ပြန်လုပ်လိုက်နဲ့ 5 ကြိမ်မှ 10 ကြိမ် လုပ်ပေးရပါမယ်။ လုပ်တဲ့အချိန်မှာလည်း အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်းရှူထုတ်လုပ်ပေးပါ။

Yoga Pose 7

လက်ကို ပုံမှာလုပ်ပြထားသလိုထားပြီး ခြေထောက်ကိုလည်း ဆန့်ထားပြီး အရှေ့ကိုကုန်းရမှာပါ။ ခါးနဲ့ကျောကလည်း ကွေးနေတာမျိုးမဖြစ်ပဲ တစ်ဖြောင့်ထဲ ဖြစ်နေရပါမယ်။ အဲ့အတိုင်း 15 စက္ကန့်နေပြီးရင် မတ်တပ်ပြန်ရပ်ပါ။ ပြီးရင် ထပ်လုပ်ပါ။ 3 ကြိမ်လုပ်ပေးရင် ရပါပြီ။