ခဏခဏဒူးနာတတ်တဲ့သူတွေအတွက် ဒူးကိုပိုသန်မာအောင် ကူညီပေးမယ့် ယောဂကျင့်စဉ် 7 မျိုးကို မျှဝေပေးလိုက်ပါတယ်။ သက်ကြီးပိုင်းတွေနဲ့ ဒူးနာတတ်တဲ့သူတွေ လုပ်သင့်တဲ့ ယောဂကျင့်စဉ်တွေ ဖြစ်ပါတယ်။

Warrior Pose

ပုံမှာလုပ်ပြထားတဲ့ Warrior Pose အတိုင်း စက္ကန့် 30 နေပြီး အချိန်ပြည့်ရင် ပုံမှန်အတိုင်း မတ်တပ်ပြန်ရပ် ပြီးရင် ပြန်လုပ်ပါ။ အဲ့အတိုင်း တစ်ခါလုပ်ရင် စက္ကန့် 30 နဲ့ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး 5 ကြိမ်စီလုပ်ပေးပါ။

Triangle Pose

Triangle Pose မှာလည်း ခြေထောက်နဲ့လက်ကို မကွေးပဲ တန်းနေအောင် ဆန့်ထားရပါမယ်။ အဲ့အတိုင်း စက္ကန့် 30 နေပြီး အချိန်ပြည့်ရင် ပုံမှန်အတိုင်း မတ်တပ်ပြန်ရပ် ပြီးရင် ပြန်လုပ်ပါ။ ဒါလည်း တစ်ခါလုပ်ရင် စက္ကန့် 30 နဲ့ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး 5 ကြိမ်စီလုပ်ပေးပါ။

Chair Pose

ပုံမှာလုပ်ပြထားတဲ့ Chair Pose အတိုင်း စက္ကန့် 30 နေပေးပါ။ ပြီးရင် မတ်တပ်ပြန်ရပ် ပြီးရင် ပြန်လုပ်ပါ။ တစ်ခါလုပ်ရင် စက္ကန့် 30 နေပြီး 5 ကြိမ်၊ 10 ကြိမ် လုပ်ပေးပါ။

Tree Pose

ပုံမှာလုပ်ပြထားတဲ့ Tree Pose အတိုင်း စက္ကန့် 30 မှ စက္ကန့် 60 အထိ ကိုယ်နေနိုင်သလောက် နေပေးပါ။ ပြီးရင် ခြေထောက်ပြန်ချပြီး ဘယ်ညာပြောင်းလုပ်ပါ။

Locust Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်ကို အနောက်ဆန့်ကာမြှောက်၊ လက်ကိုလည်း အနောက်ဆန့်ထားပါ။ အဲ့အတိုင်း စက္ကန့် 30 နေပြီး အသက်ကို ဖြေးဖြေးချင်းရှူသွင်းရှူထုတ် လုပ်ပေးပါ။ တစ်ခါလုပ်ရင် စက္ကန့် 30 နေပေးပြီး 3 ကြိမ်လုပ်ပေးရင် ရပါပြီ။

Reclined Big Toe Pose

ကြမ်းမှာလှဲပြီး ခြေထောက်တစ်ဖက်ကို ဆင်းထားပါ။ နောက်ခြေထောက်တစ်ဖက်ကို အပေါ်မြှောက်ရမှာပါ။ ကြိုးနဲ့ ပုံမှာလုပ်ပြထားသလို ထိန်းပြီးလုပ်လို့ရပါတယ်။ ပြီးရင် ခြေထောက်ကို ဖြေးဖြေးချင်းပြန်ချပါ။ ပြီးရင် ပြန်လုပ်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 10 ကြိမ်စီ လုပ်ပေးပါ။

Bridge Pose

ပုံမှာလုပ်ပြထားတဲ့ Bridge Pose အတိုင်း စက္ကန့် 30 နေပါ။ ပြီးရင် ပုံမှန်အတိုင်းပြန်နေပါ။ ပြီးရင် ပြန်လုပ်ပါ။ အနည်းဆုံး 5 ကြိမ် လုပ်ပေးရပါမယ်။ တစ်ခါလုပ်ရင် စက္ကန့် 30 နေပေးရမှာ ဖြစ်ပါတယ်။