ယောဂကျင့်တာက စိတ်ရောကိုယ်ပါ ကောင်းကျိုးရရှိစေတဲ့အရာတစ်ခု ဖြစ်ပါတယ်။ တစ်ခုခုစိတ်ညစ်စရာရှိလို့ပဲဖြစ်ဖြစ် စိတ်သစ်လူသစ်ဖြစ်ချင်တယ်၊ Fresh ဖြစ်တဲ့ စတင်မှုမျိုးတွေ လိုအပ်တဲ့အခါမှာ လုပ်သင့်တဲ့ ယောဂကျင့်စဉ် ၇ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Child’s Pose

ပုံမှာလုပ်ပြထားတဲ့ Child’s Pose နဲ့ စက္ကန့် ၃၀ နေပါ။ အချိန်ပြည့်ရင် ခါးပြန်မတ်ပါ။ ပြီးရင် အဲ့အတိုင်းပြန်လုပ်ပါ။ ၅ ကြိမ် လုပ်ပေးရင် ရပါပြီ။

Cat & Cow Pose

Cat & Cow Pose လုပ်တဲ့အခါမှာတော့ အနေအထားနှစ်မျိုးမှာ တစ်မျိုးကို စက္ကန့် ၃၀ နေပေးပါ။ အနည်းဆုံး ၅ ကြိမ် လုပ်ပေးရပါမယ်။

Low Lunge Twist

ပုံမှာလုပ်ပြထားတဲ့ Low Lunge Twist အနေအထားနဲ့ စက္ကန့် ၃၀ နေပါ။ အချိန်ပြည့်ရင် ပုံမှန်အတိုင်းပြန်နေပါ။ ပြီးရင်ပြန်လုပ်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၅ ကြိမ်စီလုပ်ပေးပါ။

Cobra Pose

Cobra Pose အနေအထားနဲ့လည်း စက္ကန့် ၃၀ နေပေးပါ။ အချိန်ပြည့်ရင် ကြမ်းမှာ ဝမ်းလျားမှောက်အနေအထားနဲ့ နေလိုက်ပါ။ ပြီးရင် ပြန်လုပ်ပါ။ အနည်းဆုံး ၅ ကြိမ်မှ ၁၀ ကြိမ်အထိ လုပ်ပေးနိုင်ပါတယ်။

Warrior 1 Pose

ပုံမှာလုပ်ပြထားတဲ့အနေအထားနဲ့ စက္ကန့် ၃၀ နေပေးပါ။ အချိန်ပြည့်ရင် လက်ချပြီး မတ်မတ်ရပ်ပါ။ ပြီးရင် ပြန်လုပ်ပါ။ ဒါလည်း အနည်းဆုံး ၅ ကြိမ် လုပ်ပေးရပါမယ်။

Camel Pose

Camel Pose အနေအထားနဲ့ ပုံမှာလုပ်ပြထားတဲ့အတိုင်း သေချာလေးလုပ်ပေးပါ။ အဲ့အနေအထားနဲ့ စက္ကန့် ၃၀ ရအောင်နေပေးပါ။ အချိန်ပြည့်ရင် ခါးပြန်မတ်ပါ။ ပြီးရင်ပြန်လုပ်ပါ။ ဒါလည်း ၅ ကြိမ်လုပ်ပေးပါ။

Legs Up the Wall Pose

နောက်ဆုံး Pose ကတော့ ပုံမှာလုပ်ပြထားတဲ့အတိုင်း သေချာလုပ်ပေးပြီး ၁ မိနစ်ရအောင်နေပေးပါ။ အချိန်ပြည့်ရင် ခြေထောက်ပြန်ချ၊ ပြီးရင် ပြန်လုပ်ပါ။ ၃ ကြိမ်လုပ်ပေးရင် ရပါပြီ။