သင်က ဆံပင်အရှည်နှေးနေတယ်လို့ ခံစားမိနေရင် ဆံပင်ရှည်တာ ပိုမြန်လာစေဖို့ ဒီယောဂလေ့ကျင့်ခန်းတွေကို စမ်းကြည့်ပါ။

Child’s Pose (Balasana)

ဒီပုံစံက ဆံပင်ကျွတ်တာကို သက်သာစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဦးရေပြားရဲ့ သွေးလှည့်ပတ်မှုကို အားကောင်းစေပြီး ဆံပင်ကြီးထွားမှုကိုလည်း အထောက်အကူဖြစ်စေပါတယ်။

Kapalbhati

ဒီလေ့ကျင့်ခန်းက ပြင်းတဲ့ အသက်ရှုလေ့ကျင့်ခန်းမလို့ ဆံပင်မွေးညင်းပေါက်များအပါအဝင် ခန္ဓာကိုယ်ဆဲလ်များဆီ အောက်ဆီဂျင်ထောက်ပံ့မှုကို တိုးမြှင့်ပေးပါတယ်။ ဒါ့အပြင် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ဖို့အတွက် အရေးကြီးတဲ့ စိတ်ဖိစီးမှုကိုလျှော့ချဖို့လည်း ကူညီပေးပါတယ်။

Adho Mukha Svanasana (Downward facing dog pose)

ဒီုံစံက ခန္ဓာကိုယ်တစ်ခုလုံးကို ပြန်လည်နုပျိုစေရုံသာမက ဦးခေါင်းဆီ သွေးစီးဆင်းမှုကိုလည်း ကောင်းမွန်စေပါတယ်။ ဆံပင်မွေးညင်းပေါက်များကို လှုံ့ဆော်ပေးပြီး ဆံပင်ကြီးထွားမှုအတွက်လည်း ကောင်းစေပါတယ်။

Shoulder stand (Sarvangasana)

သိုင်းရွိုက်က ဆံပင်ကြီးထွားမှုအတွက် အဓိကကျတဲ့ အခန်းကဏ္ဍမှပါဝင်ပါတယ်။ ဒီပုံစံက သိုင်းရွိုက်ဂလင်းဆီ သွေးလည်ပတ်မှုကို တိုးစေတာကြောင့် ကျန်းမာတဲ့ဆံပင်ရဖို့ သွယ်ဝိုက်သောနည်းနဲ့ အထောက်အကူဖြစ်ပါတယ်။

Ustrasana (Camel pose)

ဒီကိုယ်ဟန်က ရင်ဘတ်ကို ပွင့်စေပြီး အဆုတ်စွမ်းရည်နဲ့ အောက်ဆီဂျင်ရရှိမှုကို မြှင့်တင်ပေးပါတယ်။ အောက်ဆီဂျင်ပမာဏ တိုးလာတာက ဆံသားသန်စွမ်းကျန်းမာစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

Sasangasana (Rabbit pose)

ယုန်ပုံစံလိုမျိုး ကျောရိုးကို ဖိချပြီး ကွေးထားရတဲ့ ဒီပုံစံက ကျောရိုးတစ်လျှောက်မှာရှိတဲ့ အာရုံကြောတွေကို နှိုးဆွပေးပြီး အာရုံကြောစနစ်တစ်ခုလုံးရဲ့လုပ်ဆောင်မှုကို အားကောင်းစေပါတယ်။ အာရုံကြောစနစ်က ဆံပင်ကျွတ်တာကိုဖြစ်စေတဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။

Headstand (Sirsasana)

ဒီပုံစံက ဦးရေပြားဆီ သွေးစီးဆင်းမှုကိုတိုးစေပြီး ဆံပင်မွေးညင်းပေါက်တွေကို အာဟာရဖြစ်စေပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဆံပင်ကြီးထွားမှုကို အဟန့်အတားဖြစ်စေတဲ့ အဆိပ်အတောက်များကို ဖယ်ရှားဖို့ ကူညီပေးပါတယ်။