လေ့ကျင့်ခန်းလုပ်တဲ့အခါ အကျိုးသက်ရောက်မှုနှစ်ခုကို တစ်ချိန်ထဲတစ်ပြိုင်ထဲရတာမျိုး လိုချင်တဲ့သူတွေအတွက် တစ်ချိန်ထဲမှာပဲ ဗိုက်ချပ်ပြီး တင်ထွက်လာစေဖို့ အထောက်အကူပြုတဲ့ Workout 7 မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဗိုက်ချပ်ချင်တဲ့အပြင် တင်လည်းထွက်ချင်တယ်ဆိုရင်တော့ ဒီ Workout တွေကိုသာ Try ကြည့်လိုက်တော့နော်။

Bird Dog With Elbow-To-Knee Touch

ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်နဲ့လက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် 20 စီ လုပ်ပေးရပါမယ်။ နောက်ပိုင်း လုပ်ရတာအဆင်ပြေလာတဲ့အခါ အကြိမ် 30 စီ လုပ်ပေးပါ။

Single-Leg Deadlift

မတ်တပ်ရပ်ပြီး ဘယ်ခြေထောက်၊ ဘယ်လက်ကို ပုံမှာလုပ်ပြထားသလို ဆန့်ထုတ်လိုက်ပါ။ ပြီးရင် မတ်တပ်ပြန်ရပ် ပြီးရင်ပြန်လုပ်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် 20 စီ လုပ်ပေးရပါမယ်။

Glute Bridge March

တင်ပါးကို ကြမ်းနဲ့မထိအောင် ပုံထဲကအတိုင်း ကြွထားပါ။ ပြီးရင် အဲ့အတိုင်းနေပြီး ဘယ်ခြေထောက်ကွေးပြီးမြှောက်လိုက်၊ ညာခြေထောက်ကွေးပြီးမြှောက်လိုက် လုပ်ရမှာပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး 15 ကြိမ်စီ လုပ်ပေးပါ။

Squat Press To Twist

အလေးတုံးကိုကိုင်ပြီး ထိုင်လိုက်ထလိုက်လုပ်ရမှာပါ။ ဒါပေမယ့် ထတဲ့အခါမှာ ခါးကိုလိမ်ပြီး ဘယ်လှည့်ထလိုက်၊ ပြန်ထိုင်လိုက်၊ ညာလှည့်ထလိုက်၊ ပြန်ထိုင်လိုက် လုပ်ပေးရမှာပါ။ ဒါမှဗိုက်အဆီကျမှာပါ။ ဒီ Workout မှာလည်း တစ်ဖက်ကို အကြိမ် 20 စီ လုပ်ပေးပါ။

Superman

ကြမ်းမှာ ခြေထောက်နဲ့လက်ကို ဆန့်ထားပြီး မှောက်နေပါ။ ပြီးရင် အဲ့လိုဆန့်ထားတဲ့အတိုင်း ခြေထောက်နဲ့လက်ကို နည်းနည်းမြှောက်ပါ။ ပြီးရင် ကြမ်းနဲ့ပြန်ထိပါ။ အဲ့အတိုင်း ဆက်တိုက် အကြိမ် 20 လုပ်ပေးရင် ရပါပြီ။

Rainbow Taps

ကြမ်းမှာ နှစ်ဖက်ထောက်ပြီး ဒူးတစ်ဖက် ထောက်ထားပါ။ နောက်ခြေထောက်တစ်ဖက်ကတော့ ပုံမှာလုပ်ပြထားသလို ဘယ်ပို့လိုက်၊ ညာပို့လိုက် ဆက်တိုက်လုပ်ရမှာပါ။ 15 ကြိမ် ဆက်တိုက်လုပ်ပြီးရင် နောက်ခြေထောက်တစ်ဖက်ကိုပြောင်းပြီး အဲ့အတိုင်း ထပ်လုပ်ရမှာ ဖြစ်ပါတယ်။

Hip Cars

လက်နှစ်ဖက်ကို ကြမ်းမှာထောက်ထားပြီး ဘယ်ခြေထောက်ကို ဘေးကားပြီး အနောက်ကိုဝိုက်သလိုမျိုး လုပ်ပေးပါ။ ပြီးရင် ခြေထောက်ပြန်ချပါ။ အဲ့အတိုင်း 15 ကြိမ်လုပ်ပါ။ အကြိမ်ရေပြည့်ရင် ညာဘက်ခြေထောက်ကိုလည်း အဲ့အတိုင်းပဲ 15 ကြိမ် လုပ်ပေးရပါမယ်။