6-Pack Muscles ထွက်ချင်တဲ့ မိန်းကလေးတွေအတွက် 6-Pack Muscles ထွက်ဖို့အထောက်အကူပြုတဲ့ Workout 7 မျိုးကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာလုပ်လို့ရတဲ့ Workout တွေဖြစ်တဲ့အတွက် လူတိုင်းလုပ်ဖို့ အဆင်ပြေပါတယ်။ တစ်မျိုးကို အနည်းဆုံး 10 ကြိမ်စီရအောင် လုပ်ပေးရင် ရပါတယ်။ နောက်ပိုင်းမှာတော့ 10 ကြိမ်ကနေ 15 ကြိမ်စီ၊ အကြိမ် 20 စီ စသဖြင့် တိုးပြီးလုပ်သွားပေးပါ။

Circuit 1: Sprinter Situp

ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ လုပ်ရမှာ ဖြစ်ပါတယ်။ ခြေထောက်ကွေးတဲ့အခါမှတော့ 90 ဒီဂရီရအောင် ကွေးရပါမယ်။

Bicycle Crunch

ဒီ Workout လုပ်တဲ့အခါမှာ ဆန့်တဲ့ခြေထောက်ကို သေချာဆန့်ပေးပါ။ ကွေးတဲ့ခြေထောက်ကလည်း 90 ဒီဂရီရအောင် ကွေးပေးပါ။ ဘယ်ညာမှန်အောင် ပုံမှာလုပ်ပြထားတဲ့အတိုင်း သေချာလုပ်ပေးပါ။

V-Up

လှဲနေရာကနေ ပုံမှာလုပ်ပြထားသလို V ပုံစံရအောင် လုပ်ပေးပါ။ ခန္ဓာကိုယ်ထတဲ့အချိန်မှာ ခြေထောက်ကလည်း မြှောက်ရပါမယ်။ ပြီးရင် V ပုံစံနဲ့ 10 စက္ကန့်နေပြီးမှ ပြန်လှဲပါ။

Plank Knee-To-Nose

လက်ဖဝါးနှစ်ဖက်ကိုထောက်ထားပြီး ခြေထောက်တစ်ဖက်ကိုလည်း ထောက်ထားပါ။ ပြီးရင် နောက်ခြေထောက်တစ်ဖက်ကို ခန္ဓာကိုယ်နဲ့ တစ်တန်းထဲဖြစ်အောင် အနောက်ကိုဆန့်ကာ မြှောက်လိုက်ပါ။ ပြီးတာနဲ့ ရင်ဘတ်နားအထိရောက်အောင် ကွေးပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ လုပ်ပေးရမှာ ဖြစ်ပါတယ်။

Alternating Leg Lowers

လက်နဲ့ခန္ဓာကိုယ်ကို ကြမ်းမှာကပ်ထားပြီး ခြေထောက်နှစ်ဖက်ကို အပေါ်မြှောက်ထားပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို ပြန်ချလိုက်၊ ပြန်မြှောက်လိုက်လုပ်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ လုပ်ပေးပါ။

Circuit 4: Jacknike Pullover

ပုံမှာလုပ်ပြထားတဲ့ အနေအထားနှစ်မျိုးကို ဆက်တိုက်လုပ်ပေးပါ။ 3 ကြိမ်လောက် ဆက်တိုက်လုပ်ပြီး ခဏရပ် ပြီးရင် ပြန်လုပ်ပါ။

Hollow-Body Hold

ပုံမှာလုပ်ပြထားတဲ့ အနေအထားနဲ့ 10 စက္ကန့်နေပေးပါ။ ပြီးရင် ခြေထောက်နဲ့လက်ကို ပြန်ချပါ။ ပြီးရင် ပြန်လုပ်ပါ။