ပညာရှင်တစ်ဦး ပြောတဲ့စကားအရ “အသက်ရှင်နိုင်ဖို့ တစ်နေ့မှာ ၄ ခါ ဖက်ပေးသင့်ကာ၊ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်ဖို့ တစ်နေ့မှာ ၈ ခါ ဖက်သင့်ပြီး၊ တိုးတက်ထက်မြက်လာဖို့ တစ်နေ့မှာ ၁၂ ခါ ဖက်သင့်ကြောင်း” အထိ ပြောခဲ့ပါတယ်။ တစ်စုံတစ်ဦးကို ပွေ့ဖက်လိုက်တဲ့အခါ အားအင်တွေရသွားနိုင်ကြောင်း၊ ပျော်ရွှင်သွားနိုင်ကြောင်း ပွေ့ဖက်ဖူးသူတွေ သိပါတယ်။ ဒီတစ်ခေါက်မှာတော့ ပွေ့ဖက်ပြီးနောက် ရလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ပွေ့ဖက်ခြင်းက ဖျားနာခြင်းနဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်

စိတ်လိုလက်ရ ပွေ့ဖက်ခြင်းက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပြီး ရောဂါ ဖြစ်ပွားခြင်းကို လျှော့ချပေးနိုင်ကြောင်း လေ့လာချက်တွေက ဆိုထားပါတယ်။ ဖက်ခြင်းက နာကျင်မှုကို သက်သာစေပြီး ကင်ဆာရောဂါသည်တွေအတွက်ဆိုရင် ခုခံမှု အားကောင်းနိုင်တယ်လို့ သိရပါတယ်။

၂။ ပျော်ရွှင်စေတယ်

ပွေ့ဖက်တဲ့အခါ ခန္ဓာကိုယ်ထဲက ဓာတ်တွေကို အားကောင်းစေပါတယ်။ ဓာတ်တွေ ဖြစ်တဲ့ Serotonin, Endorphins, Dopamine နဲ့ Oxytocin စတဲ့ ဓာတ်တွေက ဦးနှောက်ကို ပျော်ရွှင်စေကာ အကောင်းမြင်စိတ် တိုးစေပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တိုးစေတယ်

ပွေ့ဖက်ခြင်းက အချစ်ခံရခြင်း၊ လူတစ်ယောက်အတွက် ကိုယ်က ထူးခြားတယ်လို့ ခံစားရခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။ ပွေ့ဖက်ခံလိုက်ရတဲ့အခါ လူတွေက ကိုယ့်ကို ချစ်သေးကြောင်း နားလည်စေပြီး ကိုယ့်အကြောင်းကိုယ် ပိုသိလာသလို ကိုယ့်ကိုယ်ကိုယ် ပိုသဘောကျလာပါလိမ့်မယ်။

၄။ အမျိုးသားတွေကို ပျော်ရွှင်စေတယ်

ပွေ့ဖက်ခြင်းကြောင့် အမျိုးသားတွေက အမျိုးသမီးတွေထက် အကျိုးကျေးဇူး ပိုများနိုင်ပါတယ်။ ပုံမှန် ပွေ့ဖက်တတ်တဲ့ အမျိုးသားတွေမှာ ပိုသဘောထား ပြည့်ဝပြီး ကြင်နာတတ်တဲ့ နှလုံးသားတစ်စုံကို ပိုင်ဆိုင်လာနိုင်တယ်လို့ ဆိုထားပါတယ်။

၅။ ကြားခံ ဆက်သွယ်မှု တစ်ခု

စကားလုံးတွေနဲ့ မပြောနိုင်တဲ့အချိန်မှာ ပွေ့ဖက်လိုက်တဲ့အခါ ဘာမှမပြောရဘဲ အဓိပ္ပာယ် အလိုလို သက်ရောက်နိုင်ပါတယ်။ ပွေ့ဖက်ခြင်းက အားပေးခြင်း၊ ကိုယ်ချင်းစာခြင်း၊ ချစ်ခင်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ တခြားတခြားသော စိတ်ခံစားချက်တွေကို ဖော်ပြရာရောက်ပါတယ်။

၆။ အာရုံကြောစနစ်ကို မျှတစေတယ်

တစ်စုံတစ်ယောက် စိတ်ဆိုးဒေါသထွက်လိုက်တဲ့အချိန် ဖက်လိုက်တဲ့အခါ ငြိမ်သွားတတ်တဲ့ ကိစ္စအချို့ကို သင်မြင်ဖူးမှာပါ။ ဖက်လိုက်တဲ့အခါ အာရုံကြောစနစ်တွေကို ပြန်လည် မျှတသွားစေပြီး စိတ်ငြိမ်သွားစေနိုင်ပါတယ်။

၇။ စိတ်ကုထုံး

ပွေ့ဖက်ခြင်းကို လူတွေအပြင် သတ္တဝါတွေ၊ တိရစ္ဆာန်တွေကိုပါ ကောင်းမွန်တဲ့ ဘယ်ခြမ်းဆီ ဦးတည်စေကြောင်း လေ့လာချက်တွေအရ သိရပါတယ်။ ပွေ့ဖက်ခြင်းကို စိတ်ကုထုံးအနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။

ပွေ့ဖက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သင်သိပြီးပြီ ဆိုတော့ ဘယ်သူ့ကို ပွေ့ဖက်မလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar