အာလူးက အသားအရေအတွက် အရမ်းကောင်းတဲ့အရာပါ။ သူ့မှာက antioxidants, vitamin C နဲ့ အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကိုလည်း ဖြည့်တင်းပေးပါတယ်။ ဒါ့အပြင် အသားအရေပြဿနာ ၇ မျိုးအတွက် အာလူးကိုသုံးပြီး ဖြေရှင်းနည်းတွေကို ပြောပြပေးလိုက်ပါတယ်။

မျက်ကွင်းညိုတာနဲ့မျက်အိတ်ဖောင်းတာအတွက်

မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖောင်းတာ သက်သာဖို့ အာလူးကိုလှီးပြီး မျက်လုံးမှာ ၁၅ မိနစ်လောက် ကပ်ပေးပါ။ ပြီးရင် ရေအေးနဲ့ ပြန်သန့်စင်လိုက်ပါ။

ဝက်ခြံအတွက်

အာလူးကို အချပ်လေးတွေလှီးပြီး မျက်နှာမှာကပ်ပေးပါ။ ၁ နာရီကြာမှ မျက်နှာသစ်ပါ။ နေ့တိုင်းလုပ်ပေးရင် ဝက်ခြံသက်သာစေပါတယ်။

အမဲစက်အတွက်

အမဲစက်အတွက်ဆိုရင် အာလူးကို blend လုပ်ပြီး မျက်နှာပေါ်လိမ်းကာ massage လုပ်ပေးပါ။ ၅ မိနစ်ထားပြီးမှ ရေခဲရေနဲ့ မျက်နှာသစ်ပါ။ နေ့တိုင်းလုပ်ပေးရင် အမဲစက်တွေ ပါးသွားစေပါတယ်။

Blemish အတွက်

Blemish အတွက်ဆိုရင် အာလူးကိုခြစ်ပြီး အရည်ရအောင်ညှစ်ချ၊ ပြီးရင် ရလာတဲ့အရည်ကို မျက်နှာမှာလိမ်းပြီး ခြောက်သွားရင် မျက်နှာသစ်လိုက်ရုံပါပဲ။

ပိုးကောင်းလေးတွေကိုက်တာအတွက်

ပိုးကောင်လေးတွေကိုက်သွားလို့ နီမြန်းရောင်ရမ်းတာ၊ အဖုထပြီး ယားယံတာဖြစ်ရင် အာလူးနဲ့သာ ပွတ်ပေးပါ။ ပြီးရင် ခြောက်သွားအောင် ထားလိုက်ပါ။ တစ်နေ့ထဲမှာတင် ၂ ကြိမ်၊ ၃ ကြိမ်လောက်သာ လုပ်ပေးပါ။

အရေးအကြောင်းအတွက်

အရေးအကြောင်းတွေ မြန်မြန်မဖြစ်အောင်နဲ့ အရေးအကြောင်းတွေ သက်သာဖို့အတွက် အာလူးကို အရည်ရအောင်ညှစ်ချပြီး ရလာတဲ့အရည်ကိုမှ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ မွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာမှာလိမ်းပြီး ၁၀ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေခဲရေနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။

အဆီပြန်တာသက်သာဖို့အတွက်

အဆီပြန်တာ သက်သာဖို့အတွက်ဆိုရင် အာလူးကို အရည်ရအောင်လုပ်ပြီး သံပယိုရည်နဲ့ ရောမွှေကာ မျက်နှာမှာလိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးမှ မျက်နှာသစ်လိုက်ပါ။ တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ်လောက် ပုံမှန်လုပ်ပေးရင် အဆီပြန်တာ သက်သာစေပါတယ်။