သင်က Single ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ တစ်ကိုယ်တည်းဘဝက ကိုယ့်ရည်မှန်းချက်တွေအတွက် အပြည့်အဝ အချိန်ပေးနိုင်တဲ့ ကာလပါပဲ။ တစ်ယောက်တည်း ဖြစ်နေတဲ့အချိန် အထီးကျန်ခြင်း မရှိဘဲ ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ ဒီနည်းလမ်းတွေကို လိုက်နာကျင့်သုံးနိုင်ပါတယ်။
၁။ ကိုယ့်ဘဝ တိုးတက်ရေးအတွက်ပဲ အာရုံစိုက်ပါ
ကိုယ့်ကို ချေနေတဲ့သူတွေအတွက် အချိန်ပေးမနေဘဲ ကိုယ့်ဘဝတိုးတက်ရာ၊ ကိုယ်ပိုတော်လာဖို့အတွက်ပဲ အာရုံစိုက်သင့်ပါတယ်။
၂။ တခြားသူတွေရဲ့ဘဝကို မနာလိုမဖြစ်ပါနဲ့
Single ဖြစ်တာကြာလာတဲ့အခါ တခြား အချစ်ရေးကံကောင်းသူတွေကို ကြည့်ပြီး အားကျသိမ်ငယ်တတ်ပါတယ်။ ဒါပေမဲ့ သင့်လို တစ်ကိုယ်တည်းသမားတွေ ဒီကမ္ဘာပေါ်မှာအများအပြားရှိပါသေးတယ်။ ဒီတော့ ကိုယ့်ကိုကိုယ်ပဲအာရုံစိုက်သင့်ပါတယ်။
၃။ တစ်ယောက်တည်းဘဝကို ပျော်ရွှင်စွာဖြတ်သန်းပါ
သင်က Single မို့ လွတ်လပ်ခွင့်အပြည့်ရှိပါတယ်။ ကိုယ့်နေ့ရက်တွေကို ကိုယ်ကြိုက်သလို စီမံနိုင်ပါတယ်။ ဒီလိုလွတ်လပ်မှုကို ပျော်ရွှင်စွာ ဖြတ်သန်းပစ်ပါ။
၄။ ကိုယ့်အလုပ်ကိုယ်လုပ်ပါ
ကိုယ်လှဖို့၊ ကိုယ်ပျော်ဖို့၊ ကိုယ်အနားယူဖို့စတဲ့ ကိုယ်နဲ့ ပတ်သက်တဲ့အလုပ်တွေကိုပဲ အာရုံစိုက်လုပ်ဆောင်သင့်ပါတယ်။
၅။ ဝါသနာအသစ်စတင်ပါ
ဂစ်တာတီးသင်တာ၊ ကီးဘုတ်သင်တာ စသဖြင့် ကိုယ်စိတ်ဝင်စားတဲ့ဝါသနာတွေကို ရှာဖွေပြီးကြိုးစားကြည့်သင့်ပါတယ်။
၆။ အချိန်ကိုက်ဖြစ်ပေါ်လာမှုကို ယုံကြည်ပါ
ကိုယ့်ဘဝထဲကို အချိန်တန်ရင် Right Person ရောက်လာမှာပါပဲ။ ဒီတော့ အချိန်ကိုက်ဖြစ်လာခြင်းကို ယုံကြည်ပြီး ကိုယ်လုပ်စရာရှိတာပဲ ဆက်လုပ်သင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar