ဝိတ်ချတဲ့နေရာမှာ အလွယ်လမ်းမရှိပါဘူး။ ဆေးသောက်မယ်ဆိုရင်တောင် လိုအပ်တဲ့ ငွေပမာဏ နဲ့ ကိုယ့်ကိုကိုယ ်ရင်းရပါသေးတယ်။ ကိုယ်စားတဲ့ ကယ်လိုရီပမာဏကို တဖြည်းဖြည်းလျှော့ချနိုင်မှ ဝိတ်ကျမှာပါ။ သင်က အလုပ်တစ်ဖက်နဲ့ မအားလပ်တဲ့လူတစ်ယောက်ဆိုရင်် ဝိတ်ကျဖို့ ဒီနည်လမ်းတွေကိုသိထားဖို့လိုပါတယ်။

၁။ ညအိပ်ရာမဝင်ခင် မစားပါနဲ့


အစာစားချိန်ကို မအိပ်ခင် အနည်းဆုံး ၂ နာရီ သုံးနာရီ အလိုကတည်းက ပြီးစီးအောင်လုပ်ထားပါ။ ညဘက်အိပ်ခါနီးမှ စားလိုက်တာက အိပ်မပျော်တာ ဖြစ်စေပါတယ်။

၂။ လှုပ်လှုပ်ရှားရှားပိုနေပါ


ဓာတ်လှေကားသုံးမယ့်အစား လှေကားကို သုံးပါ။ ကားပေါ်က ဆင်းဖို့ တစ်မှတ်တိုင်အလိုမှာ ဆင်းပြီး လမ်းလျှောက်ပါ။ တစ်နေ့မှာ အနည်းဆုံး ဆယ်မိနစ်လောက်တော့ လမ်းလျှောက်ဖြစ်အောင် ကြိုးစားပါ။

၃။ ရေကူးပါ


ရေကူးတာက လေ့ကျင့်ခန်းတစ်ခုဆိုတာမှန်ပါတယ်။ ဒါပေမဲ့ ရေကူးတာက ချွေးမထွက်ပါဘူး။ ရေကူးတာက ခန္ဓာကိုယ်လှစေပါတယ်။

၄။ အသီးအရွက်များများစားပေးပါ


အချိန်တိုင်း စားလို့ရပါတယ်။ ဒါပေမဲ့ ကိုယ်အချိန်တိုင်းစားတဲ့ အစားအသောက်တွေက ပန်းသီး၊ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ သခွားသီး၊ မုန်လာဥနီစတဲ့ အသီးအရွက်တွေဖြစ်နေရပါမယ်။

၅။ အနားပေးပါ


သင်ကတော့ဒီအချက်ကို အကြိုက်ဆုံးဖြစ်မှာပါ။ ရက်သတ္တပတ် တစ်ပတ်ရဲ့ တစ်ရက်ကို ကိုယ်စားချင်တဲ့ အစားအသောက်တွေ အကုန်လျျောက်စားပါ။ နောက်နေ့တွေမှာတော့ အသီးအရွက်တွေကိုပဲ စားပါ။ ဒီလိုလုပ်တာက အစားအသောက်အပေါ် ကျေနပ်စိတ်လည်းဖြစ်စေပါတယ်။

၆။ လှည့်စားပါ


ကိုယ့်ဦးနှောက်ကိုလှည့်စားပါ။ ပုံမှန်စားနေကျ ပန်းကန်ထက် အရွယ်အစားပိုသေးတဲ့ ပန်းကန်ကို ရွေးချယ်ပါ။ စားနေကျထဲမှာ အသီးအရွက်တွေ ပိုထည့်ပေးပါ။

၇။ ရေသောက်ပါ


တစ်ခါတလေ ကျွန်ုပ်တို့ဟာ တကယ်ဗိုက်ဆာတာ ဟုတ်မဟုတ် ဝေခွဲမရဖြစ်တတ်ပါတယ်။ ရေများများသောက်တာက အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ ဖြည်းဖြည်းလေးသောက်ပေးပါ။ ရေသောက်တာက သင့်အသားအရေကို စိုပြေစေသလို ကိုယ်ခံအားလည်း တက်စေပါတယ်။ ဇီဝဖြစ်စဉ်မြန်ဆန်စေပါတယ်။

ဒီနည်းလမ်းတွေက ဘာမှမလုပ်တာထက် စာရင်တော့ သင့်ကိုယ်အလေးချိန်ကို မသိမသာလျော့ကျစေမယ့် နည်းလမ်းတွေဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar